SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

မာရာဒင်းမြို့အနီး၌ IS စစ်သွေးကြွများက အငိုက်ဖမ်း တိုက်ခိုက်၊ ဆီးရီးယား အစိုးရ တပ်ဖွဲ့ဝင် ၂၅ ဦးသေဆုံး

Friday, 20 April 2018 11:18 font size decrease font size decrease font size increase font size increase font size

ဘေရွတ် ဧပြီ ၁၉

ဆီးရီးယားနိုင်ငံအရှေ့ပိုင်းရှိ မာရာဒင်းမြို့အနီး IS စစ်သွေးကြွများက အငိုက်ဖမ်း တိုက်ခိုက်ရာ အစိုးရတပ်ဖွဲ့ ဝင် ၂၅ ဦးသေဆုံးကြောင်း ဆီးရီးယား လူ့အခွင့်အရေးဆိုင်ရာ လေ့လာစောင့်ကြည့်ရေး အဖွဲ့က ဧပြီ ၁၉ ရက်တွင်ထုတ်ပြန်သည်။ အစိုးရတပ်ဖွဲ့ဝင်များသည် လွန်ခဲ့သောခြောက်လခန့်က မာရာဒင်းမြို့ကို IS စစ် သွေးကြွများ၏ လက်မှ ပြန်လည်သိမ်းပိုက်ထားနိုင်ခြင်းဖြစ်သည်။

မာရာဒင်းမြို့သည် ယူဖရေးတီးမြစ် အနောက်ဘက်ကမ်းပါးရှိ ဒီယာအက်ဇော ပြည်နယ်၌ တည်ရှိပြီး စစ်သွေးကြွများက ဧပြီ ၁၈ ရက်မွန်းလွဲပိုင်းတွင် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ယင်းလေ့ လာစောင့်ကြည့်ရေး အဖွဲ့က ဆက်ပြောသည်။ ယူဖရေးတီးမြစ် အနောက်ဘက်တစ်လျှောက်ရှိ ဆီးရီးယား စစ်စခန်းများအပေါ် တိုက်ခိုက်မှု နှင့်ပတ်သက်၍ ဆီးရီးယား စစ်ဘက် သတင်းအရင်း အမြစ်တစ်ခုက ဧပြီ ၁၉ ရက်တွင် ငြင်းဆိုထားသော် လည်း ယင်းမြစ်အရှေ့ဘက်ကမ်းပါးမှ စစ်စခန်းများအပေါ် ဗုံးကြဲတိုက်ခိုက်မှုကို လက်တုံ့ပြန်ခဲ့ကြောင်း ထုတ် ပြန်ထားသည်။

IS စစ်သွေးကြွများက မာရာဒင်းမြို့ကို ပြန်လည်သိမ်းပိုက်ရန် ဆက်လက်ကြိုးပမ်းနေပြီး ယင်းတိုက်ခိုက်မှုသည် ၂ဝ၁၇ ခုနှစ်အောက်တိုဘာလတွင် အစိုးရတပ်ဖွဲ့ဝင်များက စစ်သွေးကြွများကို ထိုမြို့မှ တိုက်ထုတ်ချိန်မှ စ၍ အကြီးဆုံး တိုက်ခိုက်မှု ဖြစ်ကြောင်း လေ့လာစောင့်ကြည့်ရေး အဖွဲ့မှ ညွှန်ကြားရေးမှူးရာ မီအတ်ဒယ်က ပြောသည်။

Read 412 times Last modified on Friday, 20 April 2018 11:20