SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ထိပ်သီးဆွေးနွေးပွဲ၌ အလျှော့ပေး ဆွေးနွေးမည် မဟုတ်ဟု အရိပ်အမြွက် ပြောဆို လိုက်သည့် ထရမ့်

Saturday, 21 April 2018 08:54 font size decrease font size decrease font size increase font size increase font size

တောင်ကိုရီးယား၌ ဖြန့်ကြက်ထားသည့် အမေရိကန် တပ်များကို ပြန်လည် ရုပ်သိမ်း ပေးရန် မြောက်ကိုရီးယား၏ တောင်းဆို လာနိုင်မှုကို အမေရိကန် အစိုးရက ငြင်းဆို လိုက်သည်။

တောင်ကိုရီးယား၌ ဖြန့်ကြက်ထားသည့် အမေရိကန် တပ်များကို ပြန်လည် ရုပ်သိမ်းခြင်းသည် အမေရိကန်ဘက်မှ အလျှော့ပေးခြင်း ဖြစ်သည်ဟု ယူဆ ထားခြင်းကြောင့် ယင်းသို့ တောင်းဆို လာနိုင် မှုကို အမေရိကန် အစိုးရက ငြင်းဆိုရခြင်း ဖြစ်သည်။ သို့ရာတွင် စီအိုင်အေ ညွှန်ကြားရေးမှူး မိုက်ပွန်ပီယို၏ မြောက်ကိုရီးယားသို့ ပြီးခဲ့သည့် ရက်သတ္တ နှစ်ပတ်ခန့်တွင် သွားရောက်သည့် ခရီးစဉ်၌ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်က ထိုကဲ့သို့ တောင်းဆိုခဲ့ခြင်း မရှိသည်ကို တွေ့ရသည်။

သို့သော် မြောက်ကိုရီးယားက ယင်းကဲ့သို့ တောင်းဆို လာပါက ကိုရီးယား နှစ်နိုင်ငံအကြား စစ်ပွဲ တရားဝင် အဆုံးသတ် စေမည့် ငြိမ်းချမ်းရေး သဘောတူ စာချုပ် ချုပ်ဆိုရေးအတွက် စေ့စပ် ဆွေးနွေး ရာတွင် အမေရိကန် အစိုးရအပေါ် ဖိအားပေးမှုများ မြင့်တက် လာစေနိုင် သည်။

နှစ်ဦးနှစ်ဖက် စေ့စပ်ဆွေးနွေးခြင်း၏ အဓိက ရည်မှန်းချက်မှာ မြောက်ကိုရီးယား၏ နျူကလီးယား အစီအစဉ်ကို အဆုံးသတ်ရေး ဖိအားပေးရန် ဖြစ်ပြီး ယင်းအစီအစဉ်များ ပြီးနောက် ငြိမ်းချမ်းရေး သဘောတူ စာချုပ်တွင် လက်မှတ် ရေးထိုးရန် ဖြစ်သည်ဟု အမေရိကန် အရာရှိများက ပြောသည်။ ထရမ့်သည် ကင်ဂျုံအွန်နှင့် တွေ့ဆုံမည့် ထိပ်သီး ဆွေးနွေးပွဲ အတွက် စိတ်လှုပ်ရှား နေသည်ဟု ပြောထား သော်လည်း တွေ့ဆုံ ဆွေးနွေးမှုမှ အပြုသဘော ဆောင်သည့် ရလဒ်များ မထွက်ပေါ်လာလျှင် ဆွေးနွေးပွဲမှ ထွက်ခွာမည်ဟု ၎င်းက ပြောကြား ထားသည်။

ထို့ကြောင့် ထိပ်သီး ဆွေးနွေးပွဲ၌ မြောက်ကိုရီးယားက တောင်ကိုရီးယား၌ ဖြန့်ကြက်ထားသည့် အမေရိကန် တပ်များကို ရုပ်သိမ်းပေးရန် တောင်းဆို လာလျှင် အလျှော့ပေး ဆွေးနွေးမည့် အလားအလာ မရှိဟု ထရမ့်က အရိပ်အမြက် သတိပေး လိုက်ခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။

ကင်ဂျုံအွန်သည် ပွန်ပီယိုနှင့် တွေ့ဆုံသည့် အချိန်တွင် အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးမှု ရှိ၊ မရှိ အတိအကျ မသိရသော်လည်း၂ဝ၁၆ ခုနှစ်တွင် ထုတ်ပြန်သည့် ကြေညာချက် တစ်စောင် ၌ အမေရိကန် အနေဖြင့် တောင်ကိုရီးယား နှင့် ယင်းနိုင်ငံ အနီးတစ်ဝိုက်၌ တာဝေးဗုံးကြဲ လေယာဉ်များ၊ ရေငုပ် သင်္ဘောများနှင့် အခြားနျူကလီးယား လက်နက်များ ဖြန့်ကြက်ခြင်း မပြုရန် မြောက်ကိုရီးယား အစိုးရက တောင်းဆို ဖူးသည်။

မကြာမီ ကျင်းပရန် စီစဉ်ထားသည့် ထိပ်သီး ဆွေးနွေးပွဲနှင့် စပ်လျဉ်း၍ အသေးစိတ် အကြောင်းအရာ များကို မသိရ သေးသော်လည်း မြောက်ကိုရီးယား အစိုးရ အနေဖြင့် နျူကလီးယား ဖျက်သိမ်းရန် သဘောတူ နိုင်ဖွယ် ရှိသည်။ အပြန်အလှန် အားဖြင့် အမေရိကန် ပြည်ထောင်စု နှင့် သံတမန် ဆက်ဆံရေး ပြန်လည် ထူထောင်ခြင်း၊ နိုင်ငံ၏ စီးပွားရေး ပြန်လည် နာလန်ထူ လာရေးအတွက် အမေရိကန် အစိုးရထံမှ အကူအညီများ ရယူခြင်း၊ ကိုရီးယား စစ်ပွဲ တရားဝင် အဆုံးသတ်ရေး အတွက် ကိုရီးယား နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေး သဘောတူ ညီချက်တွင် လက်မှတ် ရေးထိုးခြင်းတို့ လုပ်ဆောင် နိုင်ဖွယ် ရှိသည်ဟု သီးခြား ကျင်းပသည့် တောင်ကိုရီးယား-အမေရိကန် ထိပ်သီး ဆွေးနွေး ပွဲများ၌ တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်က ပြောဆို ထားသည်။

သို့သော် ယင်းငြိမ်းချမ်းရေး သဘောတူညီချက် အပြီးသတ် ချမှတ်နိုင်ရေး အတွက် လက်ရှိ ကြုံတွေ့ နေရသည့် စိန်ခေါ်မှုသည် သက်ဆိုင်ရာ နိုင်ငံအားလုံးက လက်ခံနိုင်သည့် လမ်းပြ မြေပုံတစ်ခု ရေးဆွဲခြင်းပင် ဖြစ်သည်။

Ref: The Straits Times

Read 506 times Last modified on Saturday, 21 April 2018 09:14