SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့ရှိ မဲဆန္ဒရှင်များ မှတ်ပုံတင် ဌာနချုပ်၌ အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား၊ ၃၁ ဦးသေဆုံး

Monday, 23 April 2018 12:31 font size decrease font size decrease font size increase font size increase font size

ကဘူး ဧပြီ ၂၂

အာဖဂန်နစ္စတန်နိုင်ငံ၏ မြို့တော် ကဘူးမြို့ရှိ မဲဆန္ဒရှင်များ မှတ်ပုံတင် ဌာနချုပ်အပြင်ဘက်၌ ဧပြီ ၂၂ ရက်တွင် အသေခံဗုံးခွဲ တိုက်ခိုက်မှုဖြစ်ပွားရာ လူ ၃၁ ဦးသေဆုံးပြီး လူဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။

အဆိုပါအသေခံ ဗုံးခွဲတိုက်ခိုက်မှုသည် အောက်တိုဘာ ၂ဝ ရက်တွင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် လုံခြုံရေးကိုတိုးမြှင့် ချထားရန် မီးမောင်းထိုးပြနေကြောင်း သိရသည်။ အသေခံဗုံးခွဲ တိုက်ခိုက်မှုသည် မဲဆန္ဒရှင်များ မှတ်ပုံတင်ဌာနချုပ်၏ ဝင်ပေါက်ဂိတ်၌ ဖြစ်ပွားခြင်းဖြစ်ကြောင်း ရဲအရာရှိ ဒါဝတ်အမင်က AFP သတင်းဌာနသို့ ပြောသည်။

အသေခံဗုံးခွဲတိုက်ခိုက်မှုအတွင်း ၃၁ ဦးသေဆုံးပြီး ၅၄ ဦး ဒဏ်ရာရရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝါဟစ်မေဂျာက ပြောသည်။ တိုးမြင့်လာသည့် သေကျေဒဏ်ရာရရှိသူ စာရင်းကို တာဝန် ရှိသူများက ချက်ချင်းအတည်ပြုထားခြင်း မရှိသော်လည်း ကနဦးတွင် လူ ၂၅ ဦးထက် မနည်းသေဆုံးပြီး လူပေါင်း ၇ဝ ကျော်ဒဏ် ရာရရှိကြောင်း အမည်မဖော်လိုသည့် ရဲအရာရှိတစ်ဦးက AFP သတင်းဌာနသို့ ပြောသည်။

အဆိုပါ အသေခံဗုံးခွဲ တိုက်ခိုက်မှုသည် ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း IS စစ်သွေးကြွများက အခိုင်အမာ ပြောဆိုထားသော်လည်း အသေးစိတ် အချက်အလက်ကို ထုတ်ပြန် ထားခြင်း မရှိကြောင်း သိရသည်။

Read 495 times Last modified on Monday, 23 April 2018 12:34