SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

တရုတ်နှင့် အိန္ဒိယတို့ အကြား ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေသည့် ဒိုကလမ် ဒေသမှ အိန္ဒိယ တပ်များဆုတ်ခွာ

Tuesday, 29 August 2017 09:15 font size decrease font size decrease font size increase font size increase font size

ပေကျင်း သြဂုတ် ၂၈

တရုတ်နှင့် အိန္ဒိယတို့ အကြား ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေသည့် ဒိုကလမ် ဒေသမှ အိန္ဒိယတပ်များ ပြန်လည် ဆုတ်ခွာသွားပြီ ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက သြဂုတ် ၂၈ ရက်တွင် ထုတ်ပြန်သည်။

နှစ်နိုင်ငံစလုံးမှ တပ်များသည် အဆိုပါ နယ်စပ်ဒေသတွင် နှစ်လကျော်ကြာ ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေနှင့် ရင်ဆိုင်ပြီးနောက် တင်းမာမှုများ မြင့်တက်လာရာမှ အိန္ဒိယ တပ်များက ယင်းဒေသမှ ပြန်လည်ဆုတ်ခွာခြင်း ဖြစ်သည်။ တရုတ်တပ်များ အနေဖြင့် အဆိုပါ ဒေသတွင် ကင်းလှည့်မှုများကို ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်ယင်းက သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်တွင်ပြောသည်။ တရုတ်နှင့် အိန္ဒိယတို့အကြား ဖြစ်ပွားနေသည့် နယ်စပ် အငြင်းပွားမှု  ရှေ့မတိုးနောက် မဆုတ်သာ အခြေအနေကို အဆုံးသတ်ရန် နှစ်ဦးနှစ်ဖက် သဘောတူညီချက် ချမှတ်နိုင်ပြီ ဖြစ်ကြောင်း အိန္ဒိယ အစိုးရက သြဂုတ် ၂၈ ရက် အစောပိုင်းတွင် ထုတ်ပြန်သည်။ သို့ရာတွင် လက်ရှိအချိန်၌ အဆိုပါနယ်စပ် ဒေသမှ အိန္ဒိယ တပ်များသာ ပြန်လည်ဆုတ်ခွာ သွားဖွယ်ရှိပြီး တရုတ် တပ်များကမူ ၎င်းတို့ တပ်စွဲထားသည့် နေရာတွင် ဆက်လက်တည် ရှိနေကာ ကင်းလှည့်မှုများကို ဆက်လက် လုပ်ဆောင် သွားဖွယ်ရှိကြောင်း ထုတ်ပြန်ချက်များ အရ သိရသည်။

Read 811 times Last modified on Tuesday, 29 August 2017 09:43