SJ WorldNews - шаблон joomla Авто

တရုတ်ရေတပ်က ပင်လယ်ဝါအတွင်း စစ်ရေးလေ့ကျင့်

Sunday, 12 August 2018 12:28 font size decrease font size decrease font size increase font size increase font size

တရုတ်(တိုင်ပေ)သမ္မတ ဆိုင်ယင်းဝမ်၏ လက်တင်အမေရိကဒေသ ခရီးစဉ်မစတင်မီ တရုတ်ရေတပ်က ပင်လယ်ဝါအတွင်း စစ်ရေးလေ့ကျင့်မှု လုပ်ဆောင်ကြောင်း တရုတ်ကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တရုတ်ရေတပ်သည် အဆိုပါ စစ်ရေးလေ့ကျင့်မှုကို ရှန်တုံပြည်နယ် ကမ်းလွန်၌ သြဂုတ် ၁ဝ ရက်မှစတင်ကာ ၁၂ ရက်အထိ လုပ်ဆောင်မည်ဖြစ်သည်။ ရေတပ်စစ်ရေး လေ့ကျင့်နေစဉ် ရိကျောင်မြို့ ကမ်းလွန်မှ   နိုင်ငံအရှေ့တောင်ပိုင်းရှိ ချင်းတောင်မြို့ကမ်းလွန်အထိကို ကန့်သတ်ဧရိယာအဖြစ် သတ်မှတ်ထားပြီး သင်္ဘောများ ဝင်ခွင့်ပိတ်ပင်ထားသည်။ တရုတ်(တိုင်ပေ)သမ္မတ ဆိုင်ယင်းဝမ်သည် ပါရာဂွေးနိုင်ငံနှင့် ဘလိနိုင်ငံသို့ ကိုးရက်ကြာ အလည်အပတ် သွားမည်ဖြစ်ပြီး  သံတမန်ဆက်ဆံရေးကို တိုးမြှင့်မည်ဖြစ်သည်။ ပါရာဂွေးနိုင်ငံနှင့်ဘလိ နိုင်ငံတို့သည် တရုတ်(တိုင်ပေ)နှင့် သံတမန် ဆက်ဆံရေး ထူထောင်ထားသော နိုင်ငံ ၁၈ နိုင်ငံအနက် နှစ်နိုင်ငံဖြစ်သည်။ ဆိုင်ယင်းဝမ်သည် အဆိုပါခရီးစဉ်အတွင်း အမေရိကန် ပြည်ထောင်စုရှိ   လော့အိန်ဂျလိမြို့နှင့် ဟျူစတန်မြို့တို့၌ ခရီးတစ်ထောက်နားမည် ဖြစ်သည်။ ထိုသို့ ခရီးတစ်ထောက်နားခွင့် ပေးသည့်  အမေရိကန်ကို  တရုတ်နိုင်ငံက ကန့်ကွက်ထားသည်။

တရုတ်နိုင်ငံအနေဖြင့် ၎င်းတို့၏ ပိုင်နက်အဖြစ် သတ်မှတ်ထားသည့် တရုတ်(တိုင်ပေ)နှင့် ပြန်လည်ပေါင်းစည်းနိုင်ရေး အတွက် လိုအပ်ပါက အင်အားအသုံးပြုမည်ဟု တရုတ်အစိုးရကသတိပေးထားသည်။ ထို့ပြင် ယခု လုပ်ဆောင်သည့် ရေတပ်စစ်ရေး လေ့ကျင့်မှုသည် အကယ်၍ တရုတ်(တိုင်ပေ)အနေဖြင့်  ခွဲထွက်ရန် ကြိုးပမ်းလာပါက ရင်ဆိုင်ရမည့် အခြေအနေများအတွက် တိုက်ပွဲဝင် အသင့်ဖြစ်မှုကို တိုးမြှင့်ခြင်းဖြစ်သည်ဟု Global Times သတင်းစာက ဖော်ပြထားသည်။  အလားတူ တရုတ်(တိုင်ပေ) အရေးနှင့် ပတ်သက်၍   ဂျပန်၊အမေရိကန်ပြည်ထောင်စုတို့၏ ဝင်ရောက်စွက်ဖက်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ရမည့် အခြေအနေအတွက် တရုတ်စစ်ဘက်၏ တိုက်ခိုက်ရေး စွမ်းရည်ကို မြှင့်တင်သည့် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ စစ်ရေးလေ့ကျင့်ခြင်းဖြစ်သည်ဟု တရုတ်စစ်ရေး အထူးကျွမ်းကျင်သူ ဆုန်ကျုံပင်းကပြောသည်။

တရုတ်နှင့်တရုတ်(တိုင်ပေ)တို့၏ တင်းမာမှုများကြောင့် အမေရိကန်ရေတပ်က ၎င်းတို့၏ စစ်သင်္ဘောနှစ်စင်းကို ယခုလအစောပိုင်းတွင်  ထိုင်ဝမ်ရေလက်ကြား တစ်လျှောက်၌ ဖြန့်ကြက်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုသည် တရုတ်(တိုင်ပေ)နှင့် တရားဝင်သံတမန်ဆက်ဆံရေးတည်ထောင်ထားခြင်း မရှိသော်လည်း ၎င်းတို့ထံမှ  လက်နက်များ အဓိကဝယ်ယူနေသည့် ဖောက်သည်အဖြစ် သဘောထားခြင်းဖြစ်သည်။

ထို့ကြောင့်   အမေရိကန်ရေတပ်၏ ဝင်ရောက်စွက်ဖက်မှု၊ ဆိုင်ယင်းဝမ်ကို ခရီးတစ်ထောက် နားခွင့်ပြုသည့်  အမေရိကန်အစိုးရ၏ သဘောထားတို့အပေါ်   တုံ့ပြန်သည့်အနေဖြင့် လည်းကောင်း၊တရုတ်(တိုင်ပေ)ကို သတိပေးသည့် အနေဖြင့်လည်းကောင်း တရုတ်ရေတပ်က ယခုကဲ့သို့စစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခြင်းပင်ဖြစ်သည်။

Read 537 times Last modified on Sunday, 12 August 2018 12:29