SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

မာရာဝီမြို့ တိုက်ပွဲအတွင်း အစိုးရ တပ်ဖွဲ့ဝင်များက အမျိုးသမီးများနှင့် ကလေးငယ်များ၏ တိုက်ခိုက်မှုကို ခံနေရ

Tuesday, 05 September 2017 09:39 font size decrease font size decrease font size increase font size increase font size

မာရာဝီ စက်တင်ဘာ ၎

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းရှိ မော့စစ်သွေးကြွများ သိမ်းပိုက်ထားသော မာရာဝီမြို့တွင် ဖြစ်ပွားသည့် တိုက်ပွဲများ၌ အစိုးရ တပ်ဖွဲ့ဝင်များသည် အမျိုးသမီးများနှင့် ကလေးငယ်များ၏ တိုက်ခိုက်မှုများကို ခံနေရကြောင်း ဖိလစ်ပိုင် စစ်ဘက်က စက်တင်ဘာ ၄ ရက်တွင် ထုတ်ဖော်ပြောသည်။

မင်ဒါနာအို ကျွန်းပေါ်ရှိ မာရာဝီမြို့တွင် အစိုးရ တပ်ဖွဲ့နှင့် စစ်သွေးကြွ အဖွဲ့အကြား ဖြစ်ပွားသော တိုက်ပွဲများ၌ အစိုးရ တပ်ဖွဲ့သည် လက်ဖြောင့် သေနတ်သမားများနှင့် ထောင်ချောက်ဆင် တိုက်ခိုက်မှုများကြောင့် အသေအပျောက် များလျက် ရှိသည်။ မာရာဝီမြို့ကို ပြန်လည်ရယူနိုင်ရေး အဆုံးသတ် စစ်ဆင်ရေးကို ပြင်းပြင်းထန်ထန် ပြုလုပ်လျက် ရှိကြောင်းနှင့် တိုက်ပွဲသည် ပိုမိုပြင်းထန် လာနိုင်ကြောင်း ရန်သူမှ ထင်ရာစိုင်း တိုက်ခိုက်မှုများကြောင့် အသေအပျောက် များနိုင်ကြောင်း စစ်ဘက်မှ ဒုတိယ ဗိုလ်ချုပ်ကြီး ကာလီတိုဂဲဗက်က သတင်းထောက်များအား ပြောသည်။ စစ်သွေးကြွ အဖွဲ့ဘက်မှ တိုက်ခိုက်ရေး အင်အားမှာ လျော့နည်းလာကြောင်း၊ သို့သော် ၎င်းတို့ဘက်မှ  မိသားစုဝင်များ ဖြစ်သော ကလေးငယ်များနှင့် အမျိုးသမီး အချို့မှာ တိုက်ပွဲအတွင်း ပါဝင်တိုက်ခိုက် လာသည်ကို တွေ့ရကြောင်း ၎င်းက ဆက်လက်ပြောသည်။ စစ်သွေးကြွ အဖွဲ့သည် မေ ၂၃ ရက်တွင် မူဆလင် လူမျိုးအများစု နေထိုင်ရာ မာရာဝီမြို့ကို သိမ်းပိုက်ခဲ့သည်။ ထိုအချိန်မှ စတင်၍ အစိုးရ တပ်ဖွဲ့နှင့် စစ်သွေးကြွ အဖွဲ့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ လူပေါင်း ၈ဝဝ ကျော်သေဆုံးပြီး သေဆုံးသူ အများစုမှာ သောင်းကျန်းသူများ ဖြစ်သည်။ အဆိုပါ တိုက်ပွဲသည် ကက်သလစ် ဘာသာဝင် အများစု နေထိုင်သော ဖိလစ်ပိုင် နိုင်ငံအတွက် အကြီးမားဆုံး စိန်ခေါ်မှုကြီး ဖြစ်သည်။ လူဦးရေ ၂၂ သန်းရှိသော မင်ဒါနာအိုကျွန်းတွင် ၂ဝ၁၇ ခုနှစ် နှစ်ကုန်ပိုင်းအထိ စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန်ထားသည်။ အီရတ်နှင့် ဆီးရီးယားရှိ IS စစ်သွေးကြွ အဖွဲ့အား သစ္စာခံကာ မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံတို့မှ စစ်သွေးကြွ အဖွဲ့များနှင့် ဆက်နွှယ်နေသော မော့စစ်သွေးကြွအဖွဲ့သည် အဆိုပါ အဖွဲ့အစည်းများ ထံမှ လက်နက်နှင့် ထောက်ပံ့မှုများ ရယူကာ ဖိလစ်ပိုင် နိုင်ငံအတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

Read 827 times Last modified on Thursday, 07 September 2017 11:01