SJ WorldNews - шаблон joomla Авто

လစ်ဗျားနိုင်ငံ အလယ်ပိုင်းရှိ မြို့တစ်မြို့ကို IS အဖွဲ့ဝင် ရောက်တိုက်ခိုက်

Tuesday, 30 October 2018 09:33 font size decrease font size decrease font size increase font size increase font size

ဘင်ဂါဇီ အောက်တိုဘာ ၂၉

IS စစ်သွေးကြွအဖွဲ့မှဟု ယူဆရသည့် အကြမ်းဖက်သမားက လစ်ဗျားနိုင်ငံ အလယ်ပိုင်းရှိ မြို့တစ်မြို့ကိုတိုက်ခိုက်ရာ အနည်းဆုံး လူလေးဦးသေဆုံးပြီး   ခုနစ်ဦးဒဏ်ရာရရှိ သွားကြောင်း  စစ်ဘက်မှအရာရှိတစ်ဦးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုသည် ကန္တရအိုအေစစ် မြို့တစ်မြို့ဖြစ်သည့် အယ်ဖိုကာ၌ အောက်တိုဘာ ၂၈ ရက်နှောင်းပိုင်းတွင် ဖြစ်ပွားခြင်း ဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်စစ်သွေးကြွများအကြား အပြန်အလှန်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ  နာရီ အနည်းငယ်ကြာ မြင့်ခဲ့ကြောင်း၊ ယင်းနောက်တွင်  စစ်သွေးကြွများက   မြို့အတွင်းရှိ အစိုးရ အဆောက်အအုံနှင့် လုံခြုံ ရေးတပ်ဖွဲ့များ၏ အဆောက်အအုံများကို မီးရှို့ဖျက်ဆီး ပစ်ခဲ့ကြကြောင်း စစ်ဘက်မှ အမည် မဖော်လိုသူအရာရှိ တစ်ဦးက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုသည် လစ်ဗျားအစိုးရက ယခုလတွင် ဒေသတွင်းရှိ IS စစ်သွေးကြွ ခေါင်းဆောင်တစ်ဦးကို ဖမ်းဆီးရာတွင် မြို့အတွင်းရှိ လူငယ်များက အကူအညီပေးခဲ့မှု အပေါ်လက်တုံ့ပြန်သည့်အနေဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ် နိုင်ဖွယ်ရှိကြောင်း လစ်ဗျား အောက်လွှတ်တော် အမတ်တစ်ဦးဖြစ်သူ အစ္စမေးအယ်ရှာရစ်က ဆိုသည်။

အယ်ဖိုကာမြို့သည် သဲကန္တရအတွင်းရှိ လုံခြုံရေးတင်းကျပ်မှုမရှိသည့် ဒေသအတွင်းတည်ရှိနေပြီး ယခုအခါ လုံခြုံရေး တပ်ဖွဲ့များက   ယင်းဒေသအတွင်း   လုံခြုံရေးအခြေအနေကို တိုးမြှင့်ထားကြောင်း သိရသည်။

 

 

 

Read 298 times Last modified on Monday, 12 November 2018 13:27