SJ WorldNews - шаблон joomla Авто

ရုရှား၏ နျူကလီးယား ဒုံးကျည်တင် ခရူဆာ စစ်သင်္ဘော ဘားရန့် ပင်လယ်၌ စစ်ရေးလေ့ကျင့်

Monday, 05 November 2018 09:56 font size decrease font size decrease font size increase font size increase font size

မော်စကို   နိုဝင်ဘာ  

ရုရှားမြောက်ပိုင်း ရေယာဉ်စုမှ  နျူကလီး ယားဒုံး ကျည်သယ်ဆောင်နိုင်သည့် အကြီး စားခရူဆာ စစ်သင်္ဘောဖြစ်သည့် ပီတာသယ် ဂရိတ်သည် နိုဝင်ဘာ ၃ ရက်တွင် ဘားရန့် ပင်လယ်အတွင်းသို့ဝင်ရောက်လာကြောင်း သိရသည်။ အဆိုပါ သင်္ဘောဝင်ရောက်လာ ရခြင်း၏ရည်ရွယ်ချက်မှာ တိုက်ပွဲဝင်လေ့ကျင့် ခန်းစစ်ဆင်ရေးများကို ဆောင်ရွက် သွားရန် ဖြစ်ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာန ကပြောသည်။

အဆိုပါစစ်သင်္ဘောတွင် ပါဝင်သည့် စစ်သည်များ အနေဖြင့် ရေငုပ်သင်္ဘော တိုက်ဖျက်ရေးနှင့် လေကြောင်းရန် ကာကွယ်ရေး စစ်ရေး လေ့ကျင့်ခန်းများကို ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် လက်နက်များကို လက်တွေ့အသုံး ပြုသည့် တိုက်ပွဲဝင် လေ့ကျင့်ခန်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရုရှား၏ွှ Tu-142 ရေငုပ်သင်္ဘော တိုက်ဖျက်ရေး လေယာဉ်နှစ်စင်းသည်   နော်ဝေပင်လယ် အတွင်းရှိ   နိုင်ငံတကာ ရေပိုင်နက် အတွင်း ၁၂ နာရီကျော်ကြာအောင် ကင်းလှည့်ပျံသန်းခဲ့ပြီး  ထိုလေယာဉ်များသည်  နိုင်ငံတကာ ဥပဒေကို      အတိအကျ လိုက်နာခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏  နိုဝင်ဘာ ၃ ရက် ထုတ်ပြန်ချက်တွင်   ဖော်ပြထားသည်။

ပြီးခဲ့သည့်သီတင်းပတ် အစောပိုင်းတွင် လည်း ရုရှား၏ Tu-160 မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် နှစ်စင်းက ဘားရန့် ပင်လယ် အတွင်းနှင့်နော်ဝေ ပင်လယ်အတွင်းရှိ နိုင်ငံတကာ ရေပိုင်နက်၌ ၁ဝ နာရီကြာ ကင်းလှည့်မှု လုပ် ဆောင်ခဲ့ကြောင်း သိရသည်။

NATO တပ်ဖွဲ့က ဒုတိယ ကမ္ဘာ စစ်နောက်ပိုင်း အကြီးမားဆုံး စစ်ရေး လေ့ကျင့်ခန်းဖြစ်သည့် Trident Juncture 2018 ကို နော်ဝေ နိုင်ငံ၌   ပြုလုပ်လျက်ရှိသည်။   ထိုစစ်ရေးလေ့ကျင့်ခန်းကို အောက်တိုဘာ ၂၅ ရက်မှ နိုဝင်ဘာ ၇ ရက်အထိလုပ်ဆောင်နေခြင်း ဖြစ်သည်။

စစ်ရေးလေ့ကျင့်ခန်းတွင် NATO တပ်ဖွဲ့ ဝင်နိုင်ငံပေါင်း  ၂၉  နိုင်ငံအပြင် ဆွီဒင်နှင့် ဖင်လန်တို့မှ စစ်သည်  ၅ဝဝဝဝ  ခန့်ပါဝင်သည်။

ထို့ပြင် လေယာဉ်အစင်း ၂၅ဝ၊ စစ်ရေ ယာဉ်  ၆၅  စင်းနှင့်  အခြားယာဉ်စုစုပေါင်း ၁ဝဝဝဝ အထိပါဝင်သည်။ NATO တပ်ဖွဲ့၏အဆိုပါစစ်ရေးလေ့ကျင့် ခန်းကိုတုံ့ပြန်သည့်အနေဖြင့် ရုရှားကယခုကဲ့ သို့စစ်ရေးလေ့ကျင့်မှုများကို မကြာ ခဏလုပ် ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

...............

Read 277 times Last modified on Monday, 05 November 2018 09:57