SJ WorldNews - шаблон joomla Авто

အမေရိကန်က နျူကလီးယား ခြိမ်းခြောက်မှုကို မဖယ်ရှားလျှင် မြောက်ကိုရီးယားက နျူကလီးယား လက်နက်များ စွန့် လွှတ်မည် မဟုတ်

Friday, 21 December 2018 10:05 font size decrease font size decrease font size increase font size increase font size

ဆိုး  ဒီဇင်ဘာ  ၂ဝ

အမေရိကန် အနေဖြင့်   နျူကလီးယား ခြိမ်းခြောက်မှုများကို  ပထမဦးစွာမဖယ်ရှားပါက နျူကလီးယား လက်နက်များကို တစ်ဖက်သတ် စွန့်လွှတ်မည် မဟုတ်ကြောင်း မြောက်ကိုရီးယား အစိုးရက ဒီဇင်ဘာ ၂ဝ ရက်တွင်ပြောသည်။

ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယား ကင်းစင်ရေးနှင့်ပတ်သက်၍ အမေရိကန်နှင့် မြောက်ကိုရီးယားတို့အကြား  ဆွေးနွေးမှု ရှေ့သို့ မရောက်သည့်အခြေအနေတွင်  မြောက်ကို ရီးယားက ယခုကဲ့သို့ထုတ်ပြန်လာခြင်းဖြစ်သည်။ ကိုရီးယားကျွန်းဆွယ်၌  နျူကလီးယား ကင်းစင် ရေး၏ အနက်အဓိပ္ပာယ်အတိအကျကို အမေရိကန်က နားလည်သဘော ပေါက်ရန် လိုအပ်နေပြီး  ကိုရီးယားကျွန်းဆွယ်၏ပထဝီဝင်အနေအထားကို လေ့လာရမည်ဖြစ်ကြောင်း မြောက်ကိုရီးယား

အစိုးရ၏ထုတ်ပြန်ချက်ကိုကိုးကား၍ နိုင်ငံပိုင်  KCNA   သတင်းဌာနကဖော်ပြသည်။ ကိုရီးယား ကျွန်းဆွယ်၌  နျူက လီးယား ကင်းစင်ရေးဆိုသည်မှာ မြောက်ကိုရီးယားနှင့်တောင်ကိုရီးယားအပြင် ကိုရီးယား ကျွန်းဆွယ်၌  အမေရိကန်က တပ်ဖြန့်ချ ထားသည့် နျူကလီးယား လက်နက်သိုလှောင်ရာ နေရာများနှင့် တပ်ဖွဲ့ဝင်များ ဖြန့်ကြက်ထားရာ နေရာများ အားလုံးပါဝင်သည်ဟု KCNA သတင်း ဌာနကဖော်ပြသည်။ ထို့ပြင် ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယား ကင်းစင်ရေး လုပ်ဆောင်ရာတွင်  နျူကလီးယားခြိမ်းခြောက်မှုအသွင်ဆောင်သည့်  အရင်း အမြစ် အားလုံးကို ဖယ်ရှားရန် ဆိုလိုခြင်းဖြစ်

ကြောင်း၊ ထိုသို့ဖယ်ရှားရာတွင်လည်း မြောက်ကိုရီးယား၊ တောင်ကိုရီးယားနှင့် ကိုရီးယား ကျွန်းဆွယ် ပတ်ဝန်းကျင် ဒေသများရှိ ခြိမ်းခြောက်မှု များကိုပါ ဖယ်ရှားရမည်ဖြစ်ကြောင်း KCNA သတင်းဌာနက ဆက်လက်ဖော်ပြထားသည်။

Read 224 times Last modified on Friday, 21 December 2018 10:06