SJ WorldNews - шаблон joomla Авто

တူရကီက ဆီးရီးယားအနောက်မြောက်ပိုင်း၌ စစ်လက်နက်ပစ္စည်းများနှင့် တပ်ဖွဲ့ဝင်များ ဖြန့်ကြက်

Monday, 24 December 2018 10:39 font size decrease font size decrease font size increase font size increase font size

အန်ကာရာ    ဒီဇင်ဘာ    ၂၃

တူရကီစစ်ဘက်သည် ရာပေါင်းများစွာသောစစ်လက် နက်ပစ္စည်းများနှင့်တပ်ဖွဲ့ဝင်များကို ဆီးရီးယားနိုင်ငံ အနောက် မြောက်ပိုင်း    မန်ဂျပ်မြို့အနီးရှိ  ဒေသများ၌  ဒီဇင်ဘာ ၂၃ ရက်တွင် ဖြန့်ကြက်ခဲ့ကြောင်း နိုင်ငံပိုင်  TRT သတင်းဌာနက ထုတ်ပြန်သည်။

ဖြန့်ကြက်ခဲ့သည့် စစ်လက်နက် ပစ္စည်းများတွင် ဟောင်ဝစ်ဇာအမြောက်များ၊ သံချပ်ကာ လူသယ်ယာဉ်များအပါ အဝင်  စစ်သုံး မော်တော်ယာဉ် အစီး၂ဝဝ ခန့်အပြင် မန်ဂျပ်ဒေသအနီးရှိ ဒေသများအား   စစ်ကူပေးရန်  အမြောက်များလည်း ပါဝင်ကြောင်း သိရသည်။ တူရကီ အစိုးရသည် မန်ဂျပ်မြို့ရှိ ကာ့စစ်သွေးကြွများကို ရှင်းလင်းပေးရန် အမေရိကန် စစ်ဘက်ကို  လပေါင်း များစွာကြာ တိုက်တွန်းခဲ့သည်။ အဆိုပါမြို့သည် တူရကီနှင့် အမေရိကန်တို့ အကြား တင်းမာမှုဖြစ် ပွား ရာ အရင်းအမြစ်တစ်ခု ဖြစ်ပြီး အမေရိကန်စစ်ဘက်သည် ကာ့တပ်များကို အဆိုပါဒေသမှ ရှင်းလင်းရန်  ဇွန်လတွင် ချမှတ်ခဲ့သည့်သဘော တူညီချက်ကို အချိန်ဆွဲနေသည်ဟု တူရကီအစိုးရက စွပ်စွဲထားသည်။

အမေရိကန်တပ်များကို ဆီးရီးယားမှပြန်လည်ရုပ်သိမ်း မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကကြေညာပြီး နောက် တူရကီက  ယခုကဲ့သို့ဖြန့်ကြက်မှုများကိုလုပ် ဆောင်ခြင်းဖြစ်သည်။ ထရမ့်သည် အဆိုပါကြေညာချက် ကိုမထုတ်ပြန်မီ တူရကီသမ္မတရီဆပ်တေယစ် အာဒိုဂန် နှင့်တယ်လီဖုန်းမှ တစ်ဆင့် ဆက်သွယ်ပြောဆိုခဲ့ကြောင်း သိရသည်။

အမေရိကန်စစ်ဘက်သည် ၎င်းတို့၏တပ်ဖွဲ့ဝင် ၃ဝဝ  မှ ၄ဝဝ ခန့်ကို မန်ဂျပ်မြို့မှ ပြန်လည်ရုပ်သိမ်းသွားပြီဖြစ် ကြောင်း TRT သတင်းဌာနက ဖော်ပြထားသည်။ သို့ရာတွင် ကာ့တပ်များမှာ ၎င်းတို့ တပ်စွဲထားရာ နေရာများ၌ ဆက်လက် တည်ရှိနေ သေးကြောင်း သိရသည်။

 

Read 190 times Last modified on Monday, 24 December 2018 10:39