SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

နျူကလီးယား စစ်ပွဲဖြစ်နိုင်ခြေ အမြင့်ဆုံးအဆင့်သို့ ရောက်နေ

Thursday, 23 May 2019 10:14 font size decrease font size decrease font size increase font size increase font size

နျူကလီးယား လက်နက်များ အသုံးပြုစစ်ပွဲ ဖြစ်နိုင်ခြေသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း မှစ၍ အမြင့်ဆုံး အဆင့်အထိ ရောက်ရှိနေကြောင်း ကုလသမဂ္ဂမှ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးက မေ ၂၁ ရက်တွင် ပြောသည်။ ထို့ပြင် အဆိုပါ ကိစ္စဖြစ်ပြီး ကမ္ဘာ့နိုင်ငံများ အနေဖြင့် ထိထိရောက်ရောက် ကိုင်တွယ်သင့်ကြောင်း ၎င်းက တောင်းဆိုထားသည်။

ယနေ့ အချိန်တွင် နျူကလီးယားလက်နက် ပိုင်ဆိုင်သော နိုင်ငံများသည် ၎င်းတို့၏ နျူကလီးယား လက်နက်များကို အဆင့်မြှင့်တင်မှုများ လုပ်ဆောင်လာပြီး လက်နက်ထိန်းချုပ်မှု အခြေအနေသည်လည်း ပြောင်းလဲသွားပြီ ဖြစ်ကြောင်းနှင့် အဓိကအားဖြင့် အမေရိကန်နှင့် တရုတ်နိုင်ငံတို့၏ အင်အားပြိုင်ဆိုင်မှုကြောင့် ဖြစ်ကြောင်း ကုလသမဂ္ဂလက်နက်ဖျက်သိမ်းရေး သုတေသနအဖွဲ့ ညွှန်ကြားရေးမှူး ရီနာတာဒွမ်းက ပြောသည်။

စစ်ပွဲပုံစံအသစ်များ ထွက်ပေါ်လာခြင်းကြောင့် သမားရိုးကျ စစ်လက်နက်ပစ္စည်း ထိန်းချုပ်ရေး သဘောတူညီချက် များသည်လည်း ပျက်ပြယ်လာပြီ ဖြစ်ကြောင်း၊ နျူကလီးယား လက်နက်ပိုင် နိုင်ငံကြီးများ၏ သြဇာလွှမ်းမိုးမှု မြင့်တက်လာခြင်းနှင့် နည်းပညာအသစ်များ ထွက်ပေါ်လာခြင်းကြောင့် ခံစစ်နှင့်တိုက်စစ်အကြား သတ်မှတ်ချက်မှာ မှေးမှိန်လာပြီဖြစ်ကြောင်း ၎င်းက ဂျီနီဗာမြို့၌ သတင်းထောက်များကို ပြောသည်။

လက်နက်ဖျက်သိမ်းရေး ဆွေးနွေးမှုများ ရပ်ဆိုင်းနေသည်မှာ နှစ် ၂ဝ ခန့်ရှိနေပြီ ဖြစ်သည်။ နျူကလီးယား လက်နက်တားမြစ်ရေး သဘောတူစာချုပ်ကို နိုင်ငံပေါင်း ၁၂၂ နိုင်ငံက ပါဝင်လက်မှတ် ထိုးထားသော်လည်း အချို့မှာ ထိုစာချုပ်ကို အားမလိုအားမရ ဖြစ်နေပြီး အချို့မှာ ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို ထည့်သွင်း မစဉ်းစားတော့ကြောင်း ရီနာတာဒွမ်း၏ ပြောဆိုချက်အရ သိရသည်။ Ref: Reuters

Read 153 times Last modified on Thursday, 23 May 2019 13:00