SJ WorldNews - шаблон joomla Авто

F-35 တိုက်လေယာဉ်များ ၀ယ်သည့် တောင်ကိုရီးယားကို မြောက်ကိုရီးယား သတိပေး

Friday, 12 July 2019 13:35 font size decrease font size decrease font size increase font size increase font size

ဆိုး၊ စစ်ရေး

တောင်ကိုရီးယားအစိုးရအနေဖြင့် အမေ ရိကန်နိုင်ငံထုတ်  F-35 တိုက်လေယာဉ်များ ၀ယ်ယူမှုကို မြောက်ကိုရီးယားက သတိပေး လိုက်ကြောင်း သိရသည်။

တောင်ကိုရီးယားက F-35  တိုက် လေယာဉ်များကို ၀ယ်ယူပါက   မြောက်ကိုရီးယားကလည်း ထိုတိုက်လေယာဉ်များ ကိုပစ်ချနိုင်မည့် အထူးလက်နက်များကို ထုတ်လုပ်စမ်းသပ် သွားရမည်ဖြစ်ကြောင်း  မြောက်ကိုရီးယား နိုင်ငံပိုင် သတင်း ဌာန တစ်ခု က ဇူလိုင် ၁၁ ရက်တွင်ပြောသည်။

တောင်ကိုရီးယားတာဝန်ရှိသူများသည် နှစ်နိုင်ငံသင့်မြတ်ရေးနှင့် ပူးပေါင်းဆောင်ရွက် ရေးကိုသာ တတွတ်တွတ်ပြော နေသော်လည်း အမေရိကန်မှ စစ်လက်နက်ပစ်္စည်းများကို ၀ယ်ယူနေကြောင်း မြောက်ကိုရီးယားနိုင်ငံခြား ရေးဝန်ကြီး ဌာနရှိ အမေရိကန် နိုင်ငံရေးရာ လေ့လာသူတစ်ဦးကပြောကြောင်း KCNA သတင်းဌာနက ဖော်ပြထားသည်။

ထိုတိုက်လေယာဉ်များဝယ်ယူမှုသည်  ကိုရီးယားကျွန်းဆွယ်ရှိ   အိမ်နီးချင်းနိုင်ငံ အပေါ် စစ်ရေးအရ သာလွန်သည် ကိုပြသ လိုခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် အရေးပေါ် အခြေအနေတွင်  မြောက်ကိုရီးယားသို့  ထိုးဖောက်တိုက်ခိုက်နိုင် ရန်ဖြစ်ကြောင်း၊  ထို့ကြောင့်    မြောက်ကိုရီးယား ဘက်က  စစ်လက်နက်ပစည်း အဆင့်မြှင့်တင်မှုမှလွဲ၍  တခြားရွေး ချယ်စရာ မရှိတော့ကြောင်း ၎င်း၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားချက်အရ သိရသည်။

တောင်ကိုရီးယားအစိုးရသည် အဆိုပါ တိုက်လေယာဉ်အစင်း ၄၀ ၀ယ်ရန် သဘော တူထားပြီး ပထမဆုံးနှစ်စင်းမှာ မေလတွင် ရောက်ရှိကာ ယခုနှစ်အတွင်း နောက်ထပ် တိုက်လေယာဉ်များရောက်လာရန်ရှိသည်။  

နောက်ဆုံးအသုတ်ကိုမူ    ၂၀၂၁  ခုနှစ် နောက်ဆုံးထား၍လက်ခံရမည်ဖြစ်ကြောင်းသိရသည်။                

Ref: Reuters

Read 127 times Last modified on Friday, 12 July 2019 13:36