SJ WorldNews - шаблон joomla Авто

အမေရိကန်၏ MQ-9 ဒရုန်းကို ဟူသီသူပုန်အဖွဲ့ပစ်ချ

Thursday, 22 August 2019 09:44 font size decrease font size decrease font size increase font size increase font size

ယီမင်နိုင်ငံရှိ ဟူသီသူပုန်အဖွဲ့သည် နိုင်ငံအလယ်ပိုင်း ဒါမာပြည်နယ်၏ကောင်းကင်၌ ပျံသန်းနေသော အမေရိကန်စစ်ဘက်၏ဘက်စုံသုံး Reuters ဒရုန်းတစ်စင်းကိုပစ်ချလိုက်နိုင်ကြောင်း  အဆိုပါသူပုန်အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ယင်းကဲ့သို့ဒရုန်းပစ်ချခံရသည်မှာ မှန်ကန်ကြောင်း   အမည်မဖော်လိုသူ အမေရိကန်တာဝန်ရှိသူနှစ်ဦး၏ ပြောဆိုချက်ကိုကိုးကား၍  Al Masirah  သတင်းဌာနက ဖော်ပြထားသည်။ အဆိုပါ ဖြစ်စဉ်သည် ယီမင်နိုင်ငံအလယ်ပိုင်းရှိ ဟူသီသူပုန်များထိန်းချုပ်ထားသည့် ဆာနားပြည်နယ်၌ သြဂုတ် ၂ဝ ရက်သန်းခေါင်ယံအချိန်တွင် ဖြစ်ပွားခြင်းဖြစ်သည်ဟု ထိုတာဝန်ရှိသူနှစ်ဦးက အတည်ပြုထားသည်။

ထိုသို့အမေရိကန်၏ဒရုန်းကိုပစ်ချနိုင်မှုနှင့်ပတ်သက်၍ ဆော်ဒီအာရေဗျဦးဆောင်သောညွန့်ပေါင်းအဖွဲ့အနေဖြင့် ယီမင်နိုင်ငံ၏ ဝေဟင်ပိုင်နက်ကိုကျူးကျော်မည်ဆိုပါက အကြိမ်တစ်ထောင်ခန့်စဉ်းစားရမည်ဟု ဟူသီသူပုန်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကAl Masirah သတင်းဌာနမှတစ်ဆင့် သတိပေးထားသည်။

ဆော်ဒီအာရေဗျဦးဆောင်သော ညွန့်ပေါင်းအဖွဲ့သည် ၂ဝ၁၅ ခုနှစ်မှစ၍ ယီမင်နိုင်ငံအတွင်းလေကြောင်းမှ တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းဖြစ်ပြီး အမေရိကန်၏ ဒရုန်းများသည်လည်း   သံသယဖြစ်ဖွယ်ပစ်မှတ်များ ကို ချေမှုန်းတိုက်ခိုက်ရာတွင် ရံဖန်ရံခါပါဝင်လေ့ရှိကြောင်း သိရသည်။

Ref: Sputnik

Read 240 times Last modified on Friday, 23 August 2019 10:54