SJ WorldNews - шаблон joomla Авто

တရုတ်၏ပထမဆုံးပြည်တွင်းဖြစ်လေယာဉ်တင်သင်္ဘော ယခုနှစ်နှစ်ကုန်ပိုင်းတွင် စစ်ဆင်ရေး တာဝန်ထမ်းဆောင်မည်

Friday, 23 August 2019 10:00 font size decrease font size decrease font size increase font size increase font size

တရုတ်နိုင်ငံ၏ ပထမဆုံးပြည်တွင်းဖြစ်လေယာဉ်တင်သင်္ဘောဖြစ်သော  Type - 001A သည် ယခုနှစ်နှစ်ကုန်ပိုင်းတွင် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်နိုင်ဖွယ်ရှိ ကြောင်း သတင်းဌာနများက ဖော်ပြထားသည်။

တန်ချိန် ၆၅ဝဝဝ ရှိ အဆိုပါလေယာဉ်တင်သင်္ဘောကို ၂ဝ၁၇ ခုနှစ် ဧပြီလတွင် ရေချခဲ့ခြင်းဖြစ်ပြီး ထိုအချိန်မှစ၍ ပင်လယ်ဝါအတွင်း၌ ပင်လယ်ပြင်စမ်းသပ်ခုတ်မောင်းမှု အနည်းဆုံးခုနစ်ကြိမ်လုပ်ဆောင်ထားပြီး ဖြစ်သည်။

ယခုကဲ့သို့   ပင်လယ်ပြင်စမ်းသပ်ခုတ်မောင်းမှုအများအပြားလုပ်ဆောင်ထားခြင်းသည် မကြာမီအချိန်အတွင်း စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်တော့မည့် သဘောဖြစ်ကြောင်းနှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (ရေတပ်)သို့လွှဲပြောင်းပေးရန်အတွက်     နောက်ဆုံးပြင်ဆင်မှုဖြစ်ကြောင်း ရေတပ်ကျွမ်းကျင်ပညာရှင်  လီကျီးကပြောသည်။

အဆိုပါလေယာဉ်တင်သင်္ဘောသည် ၂ဝ၁၂ ခုနှစ်တွင် တပ်တော်ဝင်ထားသည့် တရုတ်နိုင်ငံ၏  ပထမဆုံးလေယာဉ်တင်သင်္ဘောဖြစ်သော လျောင်နင်သင်္ဘောထက် တိုက်လေယာဉ်တစ်ဒါဇင်ကျော်   ပိုမိုတင်ဆောင်နိုင်ကြောင်း နိုင်ငံပိုင် CCTV သတင်းဌာနကဖော်ပြထားသည်။

ထို့ပြင် Type - 001A ၌ စွမ်းဆောင်ရည်မြင့်ရေနွေးငွေ့တာဘိုင်များနှင့်  အဆင့်မြှင့် တင်ထားသည့် လေယာဉ်ရုံတို့အပါအဝင် လျောင်နင်သင်္ဘောထက်    ပိုမိုသာလွန် ကောင်းမွန်သည့်နည်းပညာများ ပါဝင်လာဖွယ်ရှိကြောင်းနှင့် ရဟတ်ယာဉ် ၁၄ စင်းကို တင်ဆောင်နိုင်သည့်အပြင် အမှုထမ်း ၂ဝဝဝ အနေဖြင့် ဆိတ်ငြိမ်ကျယ်ဝန်းသော အခန်းများနှင့် လိုက်ပါတာဝန်ထမ်းဆောင်နိုင်မည် ဖြစ်ကြောင်း နိုင်ငံပိုင်သင်္ဘောကျင်းဥက္ကဋ္ဌ ဟူဝန်မင်းကပြောသည်။  Ref: Sputnik

Read 82 times Last modified on Friday, 23 August 2019 11:42