SJ WorldNews - шаблон joomla Авто

တရုတ်(တိုင်ပေ) သို့ အမေရိကန်က တိုက်လေယာဉ်ရောင်းမှုကို တရုတ်က ထိုင်ကြည့်နေမည် မဟုတ်

Saturday, 24 August 2019 13:25 font size decrease font size decrease font size increase font size increase font size

စစ်ရေး မှတ်စု

အမေရိကန်အစိုးရက တရုတ်(တိုင်ပေ)သို့ အဆင့်မြှင့် တင်ထားသည့်  F-16V  တိုက်လေယာဉ်များကို ရောင်းချပေးရေး အတွက် ခွင့်ပြုလိုက်ပြီဖြစ်သည်။ အမေရိကန်အစိုးရ ၏လုပ်ရပ်သည် တရုတ်အစိုးရကိုစိတ်ဆိုး ဒေါသထွက် စေသည်သာမက ရန်စသည့် ပုံစံဖြစ်နေသည်။ အကြောင်းရင်းမှာ တရုတ်အစိုးရကတရုတ်(တိုင်ပေ)ကို ၎င်းင်းတို့၏ပိုင် နက်နယ်မြေတစ်ခု အဖြစ် သတ်မှတ်ထားခြင်း ကြောင့်ဖြစ်သည်။

ယခုကဲ့သို့  အမေရိကန်၏ လုပ်ရပ်ကို  တရုတ်စစ်ဘက်မှ ဗိုလ်ချုပ်တစ်ဦးက သတိပေးလိုက်ပြီဖြစ်သည်။ စစ်သိပ်္ပံ အကယ်ဒမီ ကျောင်း၏ စစ်ပွဲဆိုင်ရာ လေ့လာရေးဌာန မှအကြီးအကဲ   ဗိုလ်ချုပ် ချန်ရောင်ဒီက အမေရိကန်၏ လုပ်ရပ်ကို တရုတ် နိုင်ငံက ထိုင်ကြည့်နေမည်မဟုတ်ကြောင်း၊ ထိုလုပ်ရပ်သည် ယခင်ကပေးခဲ့သည့်ကတိက၀တ်ကို  ချိုးဖောက်ခြင်း ဖြစ်ကြောင်းနှင့် လိုအပ်သော တုံ့ပြန်မှုများ   ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးလိုက်သည်။

လက်ရှိတွင် အမေရိကန်ဒေါ်လာ ၈ဘီလီယံတန်ဖိုးရှိ   တိုက်လေယာဉ်များ ရောင်းချမည့် အစီအစဉ်တွင်  ပါဝင်သော  အမေရိကန် ကုမဏီများကို အရေးယူပိတ် ဆို့မှုများချမှတ်မည်ဟု တရုတ်အစိုးရက အကြိမ်ကြိမ် သတိပေးထားသည်။ ထို့ပြင် အမေရိကန်အနေဖြင့် တိုက်လေယာဉ်များ ရောင်းချမည့်အစီအစဉ်ကို ချက်ချင်းရုပ်သိမ်းပေးရန်လည်း တရုတ်အစိုးရက တောင်းဆိုထားသည်။

အမေရိကန်၏လုပ်ရပ်သည် စစ်လက်နက် ပစည်း ကုမဏီများအတွက် အမြတ်အစွန်း နည်းပါးသော်လည်း တရုတ်နှင့် အမေရိကန် ဆက်ဆံရေးအပြင် တရုတ်နှင့်တရုတ်(တိုင်ပေ) တို့၏ဆက်ဆံရေးကို အများဆုံးထိခိုက်စေ နိုင်သည်။ တရုတ် အစိုးရသည် အမေရိကန်က တရုတ်(တိုင်ပေ)သို့ စစ်လက်နက်ပစ်္စည်းများရောင်းချမှုကို အစဉ်အဆက်ကန့်ကွက်

ခဲ့ခြင်းဖြစ်သည်။

ယခုတစ်ကြိမ်တွင်မူ သာမန်ကန့်ကွက်မှုထက် ပို၍  ကန့်ကွက် နေခြင်းဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ယခုအမေရိ ကန်က တရုတ်(တိုင်ပေ)သို့ရောင်းချပေးမည့်တိုက်လေယာဉ်တွင် AESA  ရေဒါ တပ်ဆင်ထားသော ကြောင့်ဖြစ်သည်။ ထိုရေဒါသည် အမေရိကန် လေတပ်၊ ရေတပ်နှင့်မရိန်းတပ်ဖွဲ့တို့က အသုံးပြုနေသည့် F-35 တိုက်လေယာဉ် များနှင့် တွဲဖက်အသုံးပြုနိုင်စွမ်းရှိသည်။ လက်ရှိတရုတ်(တိုင်ပေ)ကအသုံးပြုနေသည့် လက်ဟောင်း F-16 တိုက်လေယာဉ် ၁၄၄

စင်းကိုလည်း အမေရိကန်က တချို့သော နည်းပညာမြင့် ပစည်းများ တပ်ဆင်ပေးနေသည်။ ထိုပစည်းများတွင် AESA ရေဒါလည်း အပါအ၀င်ဖြစ်သည်။

အမေရိကန်သမ်္မတ ဒေါ်နယ်ထရမ့်က တရုတ်(တိုင်ပေ)သို့ F-16V  တိုက်လေယာဉ် ၆၆ စင်းရောင်းချပေးနိုင်ရေး ခွင့်ပြု ရန်ပြီး ခဲ့သည့် သီတင်းပတ်တွင် အထက်လွှတ်တော် သို့တင်ပြထားသည်။ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာနကမူ  ထိုရောင်း ချမှုကို ယခုသီတင်းပတ်တွင်  ခွင့်ပြုလိုက်သည်။ အမေရိကန်၏ ပြိုင်ဘက်အဖြစ် သတ်မှတ်ထားသည့် တရုတ်နိုင်ငံကို အတိုက်အခံပြု နေသော တရုတ်(တိုင်ပေ) အပေါ် အစဉ်အဆက် ထောက်ခံခဲ့သည့် အထက်လွှတ်တော် ကလည်း တိုက်လေယာဉ်များ ရောင်းချမှုကို ခွင့်ပြုနိုင်ဖွယ်ရှိသည်။

ယခင်ကခွင့်ပြုမှုများသည် နှစ်နိုင်ငံ ဆက်ဆံရေးကို ဆိုးဆိုးဝါးဝါး  မထိခိုက်စေသော်လည်း  ယခုတစ်ကြိမ်ကတော့ နှစ်နိုင်ငံ ဆက်ဆံရေးကိုစမ်းသပ်မည့် အခြေအနေ ဖြစ်နေပြီဖြစ်သည်။        

Ref: The Straits Times

 

Read 76 times Last modified on Saturday, 24 August 2019 13:26