SJ WorldNews - шаблон joomla Авто

အမေရိကန်အခြေစိုက် စခန်းများနှင့်လေယာဉ်တင် သင်္ဘောများက ဒုံးတစ်ကမ်းစာတွင်သာ ရှိဟု အီရန် ထပ်သတိပေး

Monday, 16 September 2019 11:53 font size decrease font size decrease font size increase font size increase font size

တီဟီရန်၊ စစ်ရေး

အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ အမေ ရိကန်စစ် အခြေစိုက်စခန်းများနှင့် လေယာဉ် တင်သင်္ဘောများက အီရန်နိုင်ငံ၏ ဒုံးတစ်ကမ်း စာတွင်သာရှိကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့မှ တပ်မှူးတစ်ဦးက စက်တင် ဘာ ၁၅ ရက်တွင်  ထပ်မံ သတိပေးလိုက်သည်။

ဆော်ဒီအာရေဗျ နိုင်ငံအတွင်းရှိ ရေနချက်စက်ရုံများ ဒရုန်းဖြင့် တိုက်ခိုက် ခံရမှုများသည် အီရန်၏ ဦးဆောင်မှုပါဝင် နေကြောင်း အမေရိကန် အစိုးရက   စွပ်စွဲပြီးနောက် အီရန်က ယခုကဲ့သို့သတိပေးလိုက်ခြင်းဖြစ်သည်။

ဆော်ဒီရေနံချက်စက်ရုံနှစ်ရုံသည် စက်တင်ဘာ ၁၄ ရက်တွင်တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ထိုသို့တိုက်ခိုက်ခံရမှုကြောင့်   ဆော်ဒီ အာရေဗျနိုင်ငံ၏ နေ့စဉ်ရေနံထုတ်လုပ်မှုကို ထက်ဝက်လျော့ကျသွားစေကြောင်း သိရ သည်။ ဟူသီသူပုန်များက  အဆိုပါတိုက် ခိုက်မှုကို ၎င်းင်းတို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောထားသော်လည်း   နောက်ကွယ်တွင်  အီရန်က ကြိုးကိုင် ထားခြင်းဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မိုက်ပွန်ပီယိုက စွပ်စွဲခြင်းဖြစ်သည်။

ထို့နောက်   အီရန်နိုင်ငံမှကီလိုမီတာ  ၂၀၀၀ အတွင်းရှိ အမေရိကန် စစ်စခန်းများနှင့် လေယာဉ်တင် သင်္ဘောများသည်  အီရန် ဒုံးကျည်များ၏  ထိရောက်မှုအကွာ အဝေးအတွင်းသာ ရှိသည်ကို လူတိုင်းနားလည် သဘောပေါက်သင့်ကြောင်း အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ လေကြောင်းအာကာသ တပ်ဖွဲ့မှတပ်မှူး အမီရာလီ ဟာဂျီဇာဒက်က သတိပေး ပြောဆိုခြင်းဖြစ်သည်။

ထို့ပြင် အီရန်နိုင်ငံသည် အလုံးစုံစစ်ပွဲ ကိုဆင်နွှဲရန် အတွက်  အမြဲတမ်း အသင့်ရှိနေကြောင်း   အဆိုပါ တပ်မှူး၏ ပြောဆို မှုကို ကိုးကား၍ Tasnim သတင်းဌာနက ဖော်ပြ ထားသည်။

အမေရိကန်သမတ ဒေါ်နယ်ထရမ့်ကမူ ဆော်ဒီ၏ လုံခြုံရေးကို   အာမခံနိုင်စေရန်အတွက်   အတူလက်တွဲ ဆောင်ရွက် ရန် အသင့်ရှိကြောင်း ဆော်ဒီအိမ်ရှေ့မင်းသား ကိုပြောထားသည်ဟု သိရသည်။

Ref: Reuters

Read 91 times Last modified on Monday, 16 September 2019 11:54