SJ WorldNews - шаблон joomla Авто

နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်စည်းရုံးမှု လုပ်မည်ဟု အီရန်ရေတပ် ဗိုလ်ချုပ်ကြီးပြော

Saturday, 28 September 2019 11:49 font size decrease font size decrease font size increase font size increase font size

နိုင်ငံတော်ကို ကာကွယ်ရေးအတွက် စစ်စည်းရုံးမှုလုပ်မည်ဟု အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့မှ ရေတပ်ဗိုလ်ချုပ်ကြီး အလီရီဇာတန်ဆီရီက ပြောသည်။       

ရေတပ်စစ်စည်းရုံးမှုတွင်   ရေယာဉ်စု ၅၁ စု ပါဝင်မည်ဖြစ်ပြီး ရေယာဉ်စုစုပေါင်း ၁၇ဝဝဝ ကျော်ကို   စစ်စည်းရုံးမှု အတွက်ပြင်ဆင် သွားမည်ဖြစ်ကြောင်း  အလီရီဇာတန်ဆီရီ၏ ပြောဆိုချက်ကို ကိုးကား၍ Mehr သတင်းဌာနက ဖော်ပြသည်။

အီရန်နိုင်ငံသည်  ပါရှန်းပင်လယ်ကွေ့ တစ်လျှောက်၌ လှိုင်းကာနံရံ  ၃၂  ခုကို တည်ဆောက်ထားပြီး အခု ၂ဝဝ အထိတည်ဆောက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

အရှေ့အလယ်ပိုင်းဒေသ၌ မကြာသေးမီက ဖြစ်ပွားသည့်ဖြစ်ရပ်များကြောင့် ထိခိုက်နစ်နာရသော နိုင်ငံများအနေဖြင့် စွမ်းအင်ဖူလုံရေး၊ လွတ်လပ်စွာ ရေကြောင်းသွားလာရေး၊ ရေနံနှင့်အခြား သယံဇာတများကို လွတ်လပ်စွာ တင်ပို့ရေး စသည့်ကိစ္စရပ်များတွင် အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်မည့် ညွန့်ပေါင်းအဖွဲ့တစ်ရပ် ဖွဲ့စည်းရန် အီရန်သမ္မတ ဟက်ဆန်ရူဟာနီက ကုလသမဂ္ဂ အထွေထွေညီလာခံ၌   အဆိုပြုပြီးနောက် ယခုကဲ့သို့   စစ်စည်းရုံးမည့် အစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့်လများတွင် ပါရှန်းပင်လယ်ကွေ့ အတွင်း ရေနံတင်သင်္ဘောများ တိုက်ခိုက်ခံရပြီး နောက်ပိုင်း အခြေအနေများမှာ တင်းမာနေပြီး အဆိုပါ တိုက်ခိုက်မှုများတွင် အီရန်ပါဝင်နေသည်ဟု အမေရိကန် အစိုးရက စွပ်စွဲ ထားသည်။          

 Ref: Sputnik

Read 94 times Last modified on Saturday, 28 September 2019 11:51