SJ WorldNews - шаблон joomla Авто

ဂျပန် အိန္ဒိယတို့နှင့် ပူးပေါင်းကာ တရုတ်ကိုပိုမို ဖိအားပေးရန် ကြိုးစားလာသည့် အမေရိကန်

Thursday, 03 October 2019 11:51 font size decrease font size decrease font size increase font size increase font size

အမေရိကန်က ၏မဟာမိတ်နိုင်ငံများ အား Huawei   5G  ကွန်ရက် အသုံးပြုမည်ဆိုလျှင် ဒဏ်ရိုက်မည်ဟု စက်တင်ဘာ ၃ဝ ရက်က  ကြေညာလိုက်ပြီးနောက် အမေရိကန်နှင့် တရုတ်တို့ ကုန်သွယ်ရေးစစ်ပွဲ ထပ်မံအရှိန် မြင့်တက် လာပြီး  နိုဝင်ဘာလတွင် ပြန်စမည့် နှစ်နိုင်ငံဆွေးနွေးပွဲများအတွက် အတားအဆီးများက ယခုကတည်းက ပိုများလာသည်။

ပြီးခဲ့သည့် (၁၂)ကြိမ်မြောက် ဆွေးနွေးပွဲအထိ   မည်သည့် သဘောတူညီချက်မှ မရဘဲ  ပြီးဆုံးခဲ့သည့် ကုန်သွယ်ရေး စစ်ပွဲ အဆုံးသတ်ရေးဆွေးနွေးပွဲများက (၁၃) ကြိမ်မြောက်တွင်လည်း    မျှော်လင့်ချက် ဝိုးတဝါးသာ ရှိခဲ့ပြန်ကာ ထရမ့် က အိန္ဒိယ၊ ဂျပန်တို့နှင့် ကုန်သွယ်ရေး သဘောတူညီချက်များ    လက်မှတ်ရေးထိုးနေပြန်သည်။

ပထမက   ထရမ့်သည်   ဂျပန်၌ရှိသည့် ၄င်း၏ စစ်အခြေစိုက် စခန်းများအတွက်  အသုံးစရိတ်  ထပ်မံရလိုမှုနှင့်  နှစ်နိုင်ငံ ကုန်သွယ်ရေးတွင် ဂျပန်၏အမြတ်ထုတ်မှုကို ထုတ်ဖော်ပြောဆိုသကဲ့သို့ အိန္ဒိယက အမေရိကန် ထုတ်ကုန်များ အပေါ် အခွန်စည်းကြပ်မှု မြင့်မားနေခြင်းကို မကျေမနပ်သံများ ထွက်ခဲ့သည်။

ထို့ကြောင့် ထရမ့်က အာရှတွင် နောက်ထပ်ကုန်သွယ်ရေးစစ်ပွဲ  စစ်မျက်နှာများ ထပ်ဖွင့်လာဦးမလားဟူ၍ စိုးရိမ် ခဲ့ကြကာ ယခုတော့ ထရမ့်က တရုတ်ကို အပြည့်အဝဆန့်ကျင်သည့်  ၄င်း၏ပြိုင်ဘက်နိုင်ငံများနှင့်  ခိုင်မာသည့် ဆက်ဆံရေးကို   တည်ဆောက်လာသည်။  အိန္ဒိယသည် အမေရိကန်၏ ဟာလေဒေးဗစ်ဆင် မော်တော် ဆိုင်ကယ် တစ်စီး၏ အခွန်ကိုပင် ၅ဝ ရာခိုင်နှုန်း ကောက်ခံခဲ့သဖြင့်  ထရမ့်က အမြင်မကြည် သည်မှာလည်း   အဆန်းတော့ မဟုတ်ပေ။

ထိုအချိန်တွင်   ဖွံ့ဖြိုးဆဲ နိုင်ငံများသို့ အခွန်ကင်းလွတ်ခွင့် ပေးသည့် အမေရိကန်၏ GSP  အစီအစဉ်ဖြင့်  အိန္ဒိယတို့က အမေရိကန်ဒေါ်လာ ဒသမ ရာခိုင်နှုန်း အသားတင်အခွန် ကင်းလွတ်ခွင့်ရနေကာ အမေရိကန် ကုန်စည်များကို  အိန္ဒိယ တို့က မြင့်မားသည့် နှုန်းထားများဖြင့်  စည်းကြပ်နေဆဲဖြစ်သည်။ နောက်ဆုံး ရီပတ်ပလီကန် အများစုရှိသည့် အထက်လွှတ်တော်ကပင် သြဂုတ်လက  အမေရိကန်ကုန်စည်များအပေါ်   အိန္ဒိယ၏မြင့်မားသည့် အခွန်ကောက်ခံမှုကို  အမြင်မကြည်သည့်အသံများထွက်ပေါ်လာကာ  GSP ရပ်တန့်ရေးဆိုသည့် အသံများပင် ထွက်ပေါ်လာသည်။

ယခုတော့ ထိုအသံအားလုံးတိတ်သွားကာ  အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နှင့်   အိန္ဒိယဝန်ကြီးချုပ်မိုဒီတို့  ဂျပန် နိုင်ငံ၌ G20 အစည်းအဝေးနှင့် ပြင်သစ် နိုင်ငံ၌ G7 ထိပ်သီးအစည်းအဝေးတွင် တွေ့ဆုံပြီး  မကြာသေးမီကပင်  နယူး ယောက်ရှိ  ကုလသမဂ္ဂ ညီလာခံ  တက်ရောက်ရန်  လာရင်းလည်း  မိုဒီနှင့်ထရမ့်တို့   အလွတ်သဘော တွေ့ဆုံခဲ့ကြသေးသည်။

မိုဒီကလည်း   ၄င်းကိုကြိုဆိုနေသည့် အမေရိကန်ရောက် အိန္ဒိယနိုင်ငံသားတို့နှင့် တွေ့ဆုံကာ ထရမ့်ကို မိတ်ဆွေရင်း ချာသဖွယ် မိတ်ဆက်ပေးခဲ့သည်။ နောက်ဆုံးတွင်   နှစ်နိုင်ငံကုန်သွယ်ရေးကို  အခွန်အနည်းဆုံးပုံစံဖြင့် သဘောတူညီချက်များ ချမှတ်ကာ လက်မှတ်ရေးထိုးခဲ့ပြီး ဖွံ့ဖြိုးလာသည့် အိန္ဒိယ E-Commerce ဈေးကွက်သို့   Amazon   နှင့် Wall  Mark ကဲ့သို့ ကုမ္ပဏီများ  ဝင်ရောက်ရေးအထိပင် ပြောခဲ့ကြသည်။ ထို့ပြင် ယခု တရုတ်၌ရှိနေ

သည့် အမေရိကန် ကုမ္ပဏီများက အိန္ဒိယကို   မျက်စိကျလာကာ  ၂ဝ  ရာခိုင်နှုန်းတက်လာသည့် အမေရိကန်၏ တရုတ် သို့ ပစ်မှတ်ထားသည့်  အခွန် တိုးမြှင့်မှုများကို ရှောင်လွှဲနိုင်ရန်ဖြစ်သည်။

၂ဝ၁၈ ခုနှစ်တွင် Apple Supplier  ဖြစ်သည့် Foxconn  က အိန္ဒိယ၌ iPhone များ တိုးမြှင့်ထုတ်လုပ်ခဲ့ပြီး တရုတ်၌  ထုတ်လုပ်နေမှုများကို လျှော့ချခဲ့သည်။ ထိုအချက်မှာ ကုန်သွယ်ရေးစစ်ပွဲမှ ထွက်ပေါ်လာသည့် တရုတ်တို့၏ အရှုံးများဖြစ်ပြီး လက်ရှိတွင်  Huawei က အမေရိကန်နည်းပညာ သုံး  ၄င်း၏ထုတ်ကုန်များ  နိုင်ငံတကာဈေးကွက်သို့   ထိုးဖောက်ရေးအတွက် ရုန်းကန်နေရသည်။ နောက်ဆုံး Android OS စနစ်ကိုပင် တရုတ်က ကိုယ်ပိုင်ဒီဇိုင်းဖြင့်  ပထမဆုံး ထုတ်လုပ်လာပြီဖြစ်ကာ MateBook တွင်အသုံးပြုသည့် Window ကိုလည်း  ကိုယ်ပိုင်ပုံစံ ပြောင်းလဲခဲ့သည်။

ကနဦးအဆင့်တွင်  တရုတ်တို့ အရုန်းကန်ရဆုံးအချိန်ဟု ဆိုသော်လည်း နည်းပညာဆင့်ကဲ ပြောင်းလဲမှုမှတစ်ဆင့် နောက်ဆုံးတွင် အမေရိကန်နည်းပညာများကို တရုတ်တို့ လိုက်မီလာနိုင်သည်။ ထိုအချိန် အမေရိကန်နှင့် တရုတ်တို့ ရင်ပေါင်တန်း လာနိုင်မည်ဖြစ်ကာ   ကမ္ဘာ့နံပါတ်တစ် အဆင့်ကို နေရာယူရန် တရုတ်တို့ အဆင်သင့် ဖြစ်ချိန်ဟု ဆိုရမည် ဖြစ်သည်။

ပထမဆုံး တရုတ်တို့ စီးပွားရေးပြုပြင် ပြောင်းလဲမှုများကို နှစ်ပေါင်း၂ဝ အတွင်း အကြီးမားဆုံး အောင်မြင်မှုအဖြစ်  ဆောင်ရွက်နိုင်ခဲ့ပြီး  နည်းပညာပြုပြင်ပြောင်းလဲရေးကိုလည်း   အချိန်မည်မျှအထိယူမလဲဆိုသည်က တရုတ်တို့ ကြိုးစား ရုန်းကန်မှုအပေါ် မူတည်သည်ဟု ဆိုရမည် ဖြစ်သည်။ ယခုတော့ Huawei  က ၄င်း၏ဈေးကွက်ကို အကောင်းဆုံးအသုံးချပြီး ကိုယ်ပိုင် Operation System များကို အသက်သွင်းရန်ကြိုးစားနေကာ တရုတ်တို့ မကြာ သေးမီက ဖွင့်လှစ်ခဲ့သည့် ကမ္ဘာ့အကြီးမား ဆုံးလေဆိပ်၌ Huawei 5G ကွန်ရက်ကိုလည်း လွှမ်းခြုံထားပြန်သည်။ ထိုအချက်က တရုတ်အစိုးရ၏ Huawei  ကို  အကြီးမားဆုံး ထောက်ပံ့ပေးမှု ဖြစ်ပြီး  အမေရိကန်က Huawei  ကို  တရုတ် အစိုးရ၏  သူလျှိုအဖြစ်စွပ်စွဲကာ Huawei ထုတ်ကုန်များကို အသုံးမပြုရန် ၏မဟာမိတ်နိုင်ငံများအား ဖိအားပေး ထားသည်။ သို့သော်လည်း Huawei   က   5G ကွန်ရက် အသုံးပြုသည့်နိုင်ငံများသို့  Spy လုပ်မ ရသည့် လုပ်ပိုင်ခွင့် အားလုံးပေးမည်ဟု  ဆိုလိုက်သော အခါ အမေရိကန်၏    ကိုယ်ကျိုးကြည့်သည့် အချက်က  ထင်ရှားစွာ ပေါ်လာသည်။

Spy  လုပ်သည်ဆိုသည်မှာလည်း  အမေရိကန်တို့၏     ကြားကောင်းစေရန် အသုံးပြုသည့်စကားလုံးဖြစ်ကာ ထင်ရှား

သည့်အချက်က  တရုတ်က  နေရာ ယူမည်ကိုစိုးရိမ်သောကြောင့် ကန့်ကွက်နေမှုများဖြစ်သည်။    အမေရိကန်တို့  

နည်းပညာ အားကောင်းသည်ဆိုသော်လည်း  လက်ရှိ  ဥရောပ၌ အသုံးပြုနေသည့်   ဆက်သွယ်ရေး ကွန်ရက်များတွင် Huawei   ကွန်ရက်အများဆုံးဖြစ်သည်။

နောက်ဆုံး ဗြိတိန်၏  4G ကွန်ရက်က Huawei ကို  အသုံးပြုထားကာ အမေ ရိကန် ကုမ္ပဏီများ၏ 4G နှင့် 5G ကွန်ရက် ဝန်ဆောင်မှုများမှာ   တရုတ်ထက်ပင် နောက်ကျနေသေးသည်ဟု  ဆိုရမည်ဖြစ်သည်။ ထို့ကြောင့် ဥရောပ နည်းပညာကဏ္ဍ တစ်စိတ်တစ်ပိုင်းတွင်  တရုတ်က  အမေရိကန်ကိုကျော်တက်သွားသည်ဟု   သတ် မှတ်နိုင်ကာ   ထိုအ ချက်ကို   လက်မခံနိုင် သောကြောင့် Huawei က ထရမ့်၏ ပစ်မှတ်ဖြစ်လာရခြင်းဖြစ်သည်။

ယခု ထရမ့်က ၏မူဝါဒများ ပိုမိုအားကောင်းလာရန် အာရှအင်အားကြီး ဂျပန်၊ အိန္ဒိယတို့နှင့် ခိုင်မာသောဆက်ဆံ ရေးကိုတည်ဆောက်ကာ တရုတ်ကို  ပိုမို ဖိအားပေးလာပြီး တရုတ်တို့၏ နည်းပညာ တော်လှန်ရေး အောင်မြင်ခဲ့လျှင်   အမေရိကန်တို့   နန်းကျဘုရင် အစစ်အမှန်ဖြစ် လာမည်ဖြစ်ပါကြောင်း  ရေးသားတင်ပြ လိုက်ရပါသည်။   

ရှိန်းထက်

 Ref;BBC

Read 26 times Last modified on Thursday, 03 October 2019 11:52