SJ WorldNews - шаблон joomla Авто

ဆော်ဒီကမ်းလွန်၌ အီရန်ရေနံတင် သင်္ဘော တိုက်ခိုက်ခံရ

Saturday, 12 October 2019 17:56 font size decrease font size decrease font size increase font size increase font size

အီရန်နိုင်ငံပိုင် ရေနံတင် သင်္ဘောတစ်စင်းသည် အောက်တိုဘာ ၁၁ ရက်တွင် ဆော်ဒီနိုင်ငံ ဂျက်ဒါဆိပ်ကမ်း အလွန်၌ ဒုံးကျည်နှစ်စင်းဖြင့် တိုက်ခိုက်ခံရကြောင်း  အီရန်အမျိုးသား ရေနံကုမ္ပဏီ၏ ပြောဆိုချက်ကို ကိုးကား၍  အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြား သတင်းဌာနကပြောသည်။

အဆိုပါ ဆာသီတီရေနံတင် သင်္ဘောကို အီရန်အမျိုးသား ရေနံကုမ္ပဏီက ပိုင်ဆိုင်ကြောင်းနှင့် ဂျက်ဒါဆိပ်ကမ်းမှ  ၉၅ ကီလိုမီတာ အကွာခန့်တွင် တိုက်ခိုက်ခံရမှုကြောင့် ဓာတ်ငွေ့များ ယိုစိမ့်ပြီး မီးလောင်ကျွမ်းကာ များစွာပျက်စီးဆုံးရှုံးသွားကြောင်း    သိရသည်။

ရေနံတင်သင်္ဘော တိုက်ခိုက်ခံရမှုသည် ပင်လယ်နီနှင့် ပင်လယ်ကွေ့ဒေသတို့၌ ရေနံတင်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းနှင့် အီရန်နှင့် ဆော်ဒီကြားဖြစ်ပေါ်နေသော  တင်းမာမှုများကို မြင့်တက်စေကြောင်း သိရသည်။

အီရန်ရေနံတင်သင်္ဘော တိုက်ခိုက်ခံရမှုကို သတင်းဌာနများက သတိပြုမိသော်လည်း နောက်ထပ်မည်သည့် သတင်းအချက်အလက်မျှ ထုတ်ပြန်ထားခြင်း မရှိကြောင်း အဆိုပါဒေသ၌ စစ်ဆင်ရေး လုပ်ဆောင်နေသော  အမေရိကန်ရေတပ်၏  အမှတ်(၅)စစ်ရေယာဉ်စုက ပြောသည်။

ဆော်ဒီအာရေဗျ အစိုးရသည် အီရန်ရေနံတင်သင်္ဘော တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပြု ပြောဆိုထားခြင်း မရှိကြောင်း သိရသည်။ 

Read 23 times Last modified on Saturday, 12 October 2019 17:57