SJ WorldNews - шаблон joomla Авто

အမေရိကန်က တူရကီအပေါ် အရေးယူ ပိတ်ဆို့ပြီး ဆီးရီးယားကျူးကျော်စစ်ကို ရပ်တန့်ရန်တောင်းဆို

Wednesday, 16 October 2019 09:32 font size decrease font size decrease font size increase font size increase font size

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အောက်တိုဘာ ၁၄ ရက်တွင်  တူရကီ အစိုးရအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ပြီး ဆီးရီးယားနိုင်ငံမြောက်ပိုင်း၌  လုပ်ဆောင်နေသည့်   ကျူးကျော်စစ်ကို ရပ်တန့်ရန် တောင်းဆိုလိုက်ကြောင်း သိရသည်။

တူရကီတို့၏ ဆီးရီးယားကျူးကျော်စစ်သည် လက်ရှိဖြစ်ပွားနေဆဲ ကမ္ဘာ့လူသေဆုံးမှု အများဆုံးသော   စစ်ပွဲတစ်ပွဲ အသွင်ဆောင်လာသည်။

တူရကီနိုင်ငံမှ တင်သွင်းသည့် သံမဏိများအပေါ် ထပ်ဆောင်းအခွန် ပြန်လည်ကောက်ခံမည်ဟု အမေရိကန်က စီစဉ်ထားကြောင်းနှင့် လက်ရှိတွင် ဆွေးနွေးနေဆဲဖြစ်သော အမေရိကန်ဒေါ်လာဘီလီယံ  ၁ဝဝ တန်ဖိုးရှိ ကုန်သွယ်ရေး သဘောတူညီချက်တစ်ခု ရရှိရန် ဆွေးနွေးမှုကို ချက်ချင်းရပ်တန့်ကြောင်း သိရသည်။

အမေရိကန်သည်  ဆီးရီးယားမြောက်ပိုင်းရှိ စစ်သည်များကို ဆုတ်ခွာစေခြင်းဖြင့် တူရကီ၏ ကျူးကျော်စစ်ကို တစ်ဖက်လှည့်ဖြင့် ခွင့်ပြုခြင်း ဖြစ်သည်ဟု ဝေဖန်သူများက ပြောသည်။  သို့သော်  တူရကီအနေဖြင့် ကျူးကျော်စစ်ကို ရပ်တန့်ရန် ထရမ့်က တူရကီသမ္မတ ရီဆပ်တေယစ်အာဒိုဂန်နှင့် တယ်လီဖုန်းမှတစ်ဆင့် ပြောဆိုစဉ် တောင်းဆိုထား သည်။

အလားတူ   အဆိုပါ ကျူးကျော်စစ်ကို အမေရိကန်က   လုံးဝသည်းခံမည် မဟုတ်ကြောင်း၊ စစ်ပွဲကိုချက်ချင်းရပ်တန့်ရန် တောင်းဆိုကြောင်း၊ အကြမ်းဖက်မှုကို ရပ်တန့်ပြီး ဆွေးနွေးပွဲ လုပ်ဆောင်ရမည် ဖြစ်ကြောင်း အမေရိကန်ဒုတိယသမ္မတ မိုက်ပန့်ကလည်း သတင်းထောက်များကိုပြောသည်။

သို့သော် ဒေါ်နယ်ထရမ့်၏ တူရကီအပေါ် အရေးယူပိတ်ဆို့မှုများက  လက်ရှိဖြစ်ပွားနေသည့်    လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခြေအနေများနှင့် နှိုင်းယှဉ်ပါက အလွန်တရာ နည်းပါးနေသေးကြောင်း   အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုဆီက ပြောသည်။

တူရကီသည် ဆီးရီးယားနိုင်ငံအတွင်းရှိ စစ်သွေးကြွများကို တိုက်ထုတ်ရာတွင် အမေရိကန်၏မဟာမိတ်ဖြစ်သော ကာ့တပ်ဖွဲ့ကို အမြစ်ဖြတ်ချေမှုန်းရန် ရည်ရွယ်ထားကြောင်း သိရသည်။

Ref: Reuters

Read 100 times Last modified on Wednesday, 16 October 2019 10:46