Print this page

ကနေဒါကတူရကီသို့ စစ်လက်နက်ပစ္စည်း ထောက်ပံ့မှု ဆိုင်းငံ့

Thursday, 17 October 2019 11:24 font size decrease font size decrease font size increase font size increase font size

ဆီးရီးယားနိုင်ငံ မြောက်ပိုင်း၌ဖြစ်ပွားသည့် တူရကီ၏ စစ်ဆင်ရေးကြောင့် ကနေဒါက ယင်းနိုင်ငံသို့ အကြီးစား စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးနေမှုကို ဆိုင်းငံ့လိုက်ကြောင်း ကနေဒါနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။

ပြီးခဲ့သည့် သီတင်းပတ်တွင် တူရကီစစ်ဘက်သည် ဆီးရီးယားနိုင်ငံ မြောက်ပိုင်း၌ စစ်ဆင်ရေးတစ်ခုကို လုပ်ဆောင်ပြီးနောက် ပြင်သစ်၊ ဖင်လန်နှင့် နော်ဝေနိုင်ငံတို့ကလည်း တူရကီသို့ စစ်လက်နက်များ တင်ပို့မှု သဘောတူစာချုပ်များကို ဖျက်သိမ်းလိုက်သည်။ ထို့ပြင် ဆွီဒင်နိုင်ငံကလည်း တူရကီအပေါ် အရေးယူ ပိတ်ဆို့မှုများ ချမှတ်ရန် အဆိုပြုထားသည်။

အလားတူ   ဆီးရီးယားနိုင်ငံအတွင်း တူရကီ၏ ကျူးကျော်စစ်ကို ကနေဒါအစိုးရက အပြစ်တင် ဝေဖန်ထားကြောင်း ကနေဒါနိုင်ငံခြားရေး ဝန်ကြီးဌာနက အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။

တူရကီအပေါ် စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးမှုများကို ဆိုင်းငံ့ရန် ပြင်သစ်ကာကွယ်ရေး ဝန်ကြီးဌာနနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့က ပူးတွဲအစီရင်ခံစာ တစ်စောင်ထုတ်ပြန်ပြီးနောက်   ကနေဒါအစိုးရ၏ အပြစ်တင်ဝေဖန်မှု ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။       

  Ref: Sputnik

Read 470 times Last modified on Thursday, 17 October 2019 11:25