SJ WorldNews - шаблон joomla Авто

ဂျာမနီ၌ NATO တပ်ဖွဲ့၏ လျှို့ဝှက်စစ်ရေး လေ့ကျင့်မှုက နျူကလီးယား စစ်ပွဲကို မျှော်မှန်း လုပ်ဆောင်ခြင်းဖြစ်

Sunday, 20 October 2019 10:55 font size decrease font size decrease font size increase font size increase font size

NATO  တပ်ဖွဲ့ဝင်နိုင်ငံများမှ စစ်သည်များသည် ဂျာမနီနိုင်ငံ၌  လျှို့ဝှက်စစ်ရေး လေ့ကျင့်မှုကို လုပ်ဆောင်လျက် ရှိကြောင်းနှင့် ထိုစစ်ရေးလေ့ကျင့်မှုသည် နျူကလီးယား စစ်ပွဲကိုမျှော်မှန်း လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဂျာမနီသတင်းစာ တစ်စောင်ဖြစ်သည့် Kronen Zeitungက ဖော်ပြထားသည်။

တည်မြဲသော မွန်းတည့်အမည်ရှိ အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင်    အသုံးပြုသည့် လေယာဉ်များမှာ နျူကလီးယား စစ်ဖြစ်ချိန်တွင် နျူကလီးယား လက်နက်များ သယ်ဆောင်နိုင်သော စစ်လေယာဉ်များဖြစ်သည်ဟု သိရသည်။   ထိုစစ်ရေး လေ့ကျင့်ခန်းများတွင် ဂျာမနီစစ်ဘက်က အမှတ်(၃၃)နည်းဗျူဟာ လေယာဉ်အုပ်မှ ornado အမျိုးအစား တိုက်လေယာဉ်များကို   အသုံးပြုသည်။

အဆိုပါလေယာဉ်အုပ်သည် အမေရိကန် နိုင်ငံထုတ် B61 နျူကလီးယား ဗုံးများကို သိုလှောင်ထားသည့် ဘူချယ်လေတပ်စခန်း ဌာနချုပ်မှဖြစ်သည်။

လက်ရှိအချိန်တွင် နျူကလီးယားစစ်ပွဲ ဖြစ်ပွားလာနိုင်မှု အန္တရာယ်သည်  လွန်ခဲ့သော ဆယ်စုနှစ်သုံးခုထက် ပိုမိုမြင့်တက်လာကြောင်း၊အဘယ်ကြောင့်ဆိုသော် တာလတ်ပစ် နျူကလီးယားတပ်ဖွဲ့ သဘောတူစာချုပ် ပျက်ပြယ်ခြင်းကြောင့်ဖြစ်ကြောင်း အဆိုပါ သတင်းစာက ဖော်ပြထားသည်။

ယခုစစ်ရေးလေ့ကျင့်မှုသည်လည်း အဆိုပါသဘောတူစာချုပ် ပျက်ပြယ်ပြီးနောက်  လုပ်ဆောင်ခြင်း ဖြစ်သည်။  ထိုသဘောတူစာချုပ်မှာ အမေရိကန်နှင့် ရုရှားနိုင်ငံတို့ကြား ချုပ်ဆိုထားသည့်စာချုပ်ဖြစ်ပြီး သြဂုတ် ၂ ရက်တွင် အမေရိကန်က ထိုစာချုပ်မှ   တစ်ဖက်သတ် နုတ်ထွက်သွားခြင်း ဖြစ်ကြောင်း သိရသည်။    

Read 100 times Last modified on Sunday, 20 October 2019 10:56