SJ WorldNews - шаблон joomla Авто

တောင်တရုတ် ပင်လယ်အတွင်း စစ်အင်အား ပြသမှုကို ရပ်တန့်ရန် အမေရိကန်ကို တောင်းဆိုလိုက်သည့် တရုတ်

Tuesday, 19 November 2019 09:27 font size decrease font size decrease font size increase font size increase font size

တောင်တရုတ်ပင်လယ်အတွင်း ပြုလုပ်နေသည့် စစ်အင်အားပြသမှုကို ရပ်တန့်ရန်နှင့်  တရုတ်တိုင်ပေအရေးနှင့် စပ်လျဉ်း၍   မရေရာမှုများ လုပ်ဆောင်နေခြင်းကို    ရှောင်ရှားရန် တရုတ်ကာကွယ်ရေးဝန်ကြီး ဝေဖန်းဟေက  အမေရိကန်စစ်ဘက်ကို  တောင်းဆိုလိုက်သည်။ အမေရိကန် အနေဖြင့်  တောင်တရုတ်ပင်လယ်တွင် တင်းမာမှုများ မြင့်တက်လာစေရန်နှင့် ရန်စမှုများ လုပ်ဆောင်နေခြင်းကို ရပ်တန့်ရန် ကာကွယ်ရေး ဝန်ကြီးဝေက  ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပသည့်  ကာကွယ်ရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးပွဲ၏ သီးခြားတွေ့ဆုံမှု အတွင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး   မာ့အက်စပါအား   ပြောကြားခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံက ၄င်းတို့၏ မဟာဗျူဟာမြောက် ရည်မှန်းချက်များ   ဖော်ဆောင်နိုင်ရေးအတွက် အနိုင်အထက်ပြုခြင်းနှင့် ရန်စခြင်းတို့ကို တိုးမြှင့် လုပ်ဆောင်လျက်ရှိသည်ဟု  အမေရိကန်ကာကွယ်ရေးဝန်ကြီး မာ့အက်စပါက  စွပ်စွဲပြောဆိုပြီး  နောက်တစ်ရက်တွင် ဝေ၏ပြောဆိုချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသည် လက်ရှိတွင် တောင် တရုတ်ပင်လယ် အတွင်းရှိ    ရေပိုင်နက် အားလုံးနီးပါးကို ၄င်းတို့ပိုင်အဖြစ် ကြေညာ ထားပြီး  ကျွန်းတုများ တည်ဆောက် လျက်ရှိသည့်အပြင် အဆိုပါ ကျွန်းများပေါ်၌ စစ်စခန်းများ တည်ဆောက် လျက်ရှိသည်။

ထို့ပြင် ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ တရုတ်တိုင်ပေနှင့်   ဗီယက်နမ်နိုင်ငံတို့နှင့်လည်း  ရေပိုင်နက်အငြင်းပွားလျက်ရှိသည်။

အဆိုပါနိုင်ငံများအနက်  အများစုမှာ  အမေရိကန်နှင့်   ခိုင်မာသောဆက်ဆံရေးကို   ထိန်းသိမ်းထားသည့် နိုင်ငံများ ဖြစ်သည်။ ထို့ကြောင့် တောင်တရုတ်ပင်လယ်အတွင်း လွတ်လပ်စွာ ရေကြောင်းသွားလာမှုကို ထိန်းသိမ်းနိုင်ရေး အတွက်ဟု အကြောင်းပြကာ  အမေရိကန် အစိုးရက ၄င်းတို့၏ စစ်ရေယာဉ်များကို တရုတ်နိုင်ငံက ၄င်းတို့ပိုင်အဖြစ် ကြေညာထားသည့် ကျွန်းများအနီးသို့   မပြတ်တမ်းစေလွှတ်လျက်ရှိသည်။ ထို့ပြင် အမေရိကန်အစိုးရ

သည် တရုတ်တစ်နိုင်ငံတည်း ဟူသော မူဝါဒကို လက်ခံထားသော်လည်း တရုတ်တိုင်ပေနှင့်  ဆက်ဆံရေး၊ အထူးသဖြင့် ကာကွယ်ရေး ဆက်ဆံမှုကို   တိုးမြှင့်လျက်ရှိသည်။

တရုတ်နိုင်ငံက တားမြစ်နေသည့်ကြားမှ တရုတ်တိုင်ပေကို စစ်လက်နက်များ ရောင်းချပေးလျက်ရှိသည်။ ယင်းလုပ် ဆောင်ချက်များသည်  တရုတ်နိုင်ငံအား အမျက်ထွက်စေခဲ့သည့်အပြင်  ပြည်တွင်းရေးကို  ဝင်ရောက် စွက်ဖက် နေသည် ဟု တရုတ်အစိုးရက ရှုမြင်ထားသည်။

ထို့ကြောင့် အမေရိကန်ပြည်ထောင်စု အနေဖြင့် တောင်တရုတ် ပင်လယ်အရေးတွင် ဝင်ရောက်စွက်ဖက်နေမှုနှင့် စစ်ရေးအရ  ရန်စနေမှုကို ရပ်တန့်ရန်   တရုတ်ကာကွယ်ရေး ဝန်ကြီးက တောင်းဆိုခဲ့ခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။ ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် တရုတ်တိုင်ပေက ပြည်မကြီးမှ ခွဲထွက်၍ လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ထူထောင်ခြင်းကို   လုံးဝလက်သင့်ခံမည် မဟုတ်ဟု ဝေက အက်စပါနှင့် တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့သည်။

အလားတူ  တရုတ်တိုင်ပေနှင့် တရားဝင် သို့မဟုတ် စစ်ရေးအရ ဆက်ဆံနေခြင်းကိုလည်း တရုတ်နိုင်ငံက ကန့်ကွက်ကြောင်း  ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

အကယ်၍  တရုတ်တိုင်ပေအနေဖြင့် လွတ်လပ်ရေး ရရှိရန် ကြိုးပမ်းမည်ဆိုပါက တရုတ်နိုင်ငံက အင်အားသုံး၍  တားမြစ် မည်ဟု ယခင်ကတည်းက သတိပေးထားပြီး ဖြစ်သည်။ ထို့ကြောင့်  အမေရိကန်အနေဖြင့် တရုတ်တိုင်ပေ အရေးတွင် မရေရာ၊ မသေချာမှုများ ဖြစ်ပေါ်စေခြင်းကို  ရှောင်ရှားပြီး  သတိထားကိုင်တွယ်ရန်   ဝေက အက်စပါကို  သတိပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။

အမေရိကန်ရေတပ်သည် ၄င်းတို့၏ ပဲ့ထိန်းဒုံးကျည်တပ် ခရုဆာ စစ်ရေယာဉ်တစ်စင်းဖြစ်သည့် Chancellorsvilleအား တရုတ်နှင့်  တရုတ်တိုင်ပေကြားရှိ ထိုင်ဝမ်ရေလက်ကြား အတွင်းသို့ ယခုနှစ်အတွင်း ()ကြိမ်မြောက်အဖြစ် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက စေလွှတ်ခဲ့သည်။ အမေရိကန်ရေတပ်အနေဖြင့် နိုင်ငံတကာဥပဒေအရ   ရေကြောင်းသွား လာခွင့် ရှိသည့် မည်သည့်နေရာကို မဆို လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်  မြှင့်တင်နိုင်ရေးအတွက်  စစ်ရေယာဉ် များ စေလွှတ်သွားမည်ဟု အမေရိကန် အမှတ်()ရေယာဉ်စုမှ ပြောရေးဆိုခွင့်ရှိသူ  ဒုတိယဗိုလ်မှူးကြီး ရင်းမွန်ဆင်က ပြောသည်။

တောင်တရုတ်ပင်လယ်နှင့်   တရုတ်တိုင်ပေအရေးနှင့်စပ်လျဉ်း၍ ဆက်ဆံရေး တင်းမာနေစဉ်  ရေလက်ကြား အတွင်း သို့ ဖြတ်သန်း မောင်းနှင်လာခဲ့သည့် တရုတ်နိုင်ငံမှလေယာဉ်တင်သင်္ဘောပါဝင်သည့် ရေယာဉ်အုပ်အား အမေရိကန်နှင့်  ဂျပန် စစ်ရေယာဉ်များက     နောက်ယောင်ခံလိုက်ခဲ့သည်ဟု  တရုတ်တိုင်ပေ  ကာကွယ် ရေးဝန်ကြီး ဌာနမှ   နိုဝင်ဘာ   ၁၇  ရက်တွင် ထုတ်ပြန်ခဲ့သည့်ကြေညာချက် တွင် ဖော်ပြထားသည်။ တရုတ်ရေယာဉ်အုပ်ကို စောင့်ကြည့်ရန်  တရုတ် တိုင်ပေက တို့၏ ရေယာဉ်များကို    စေလွှတ်ခဲ့သည်။

တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်အတွင်းရှိ ဒေါ်လာထရီလီယံ ပေါင်းများစွာ    တန်ဖိုးရှိ သည့် ရေနံနှင့်   သဘာဝဓာတ်ငွေ့သိုက်များကို လက်ဝါးကြီးအုပ်နိုင်ရေးအတွက် အဆိုပါပင်လယ်အတွင်း  စစ်ရေး ပြင်ဆင်မှုများ လုပ်ဆောင်နေသည်ဟု  အမေရိကန်က စွပ်စွဲထားသည်။ တရုတ်နိုင်ငံ၏  အဆိုပါ လုပ်ဆောင်ချက်များ ကြောင့် တောင်တရုတ် ပင်လယ်နှင့်ထိစပ်နေသည့်    အိမ်နီးချင်းနိုင်ငံများက စိုးရိမ်မကင်းဖြစ်လျက်ရှိသည်။  

ရေပိုင်နက်အငြင်းပွားမှုနှင့်   စပ်လျဉ်း၍  အထူးသဖြင့်  အထိမခံသည့်နိုင်ငံများမှာ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့ဖြစ် သည်။

သို့သော်   ဖိလစ်ပိုင်တွင်  ဒူတာတေ သမ္မတဖြစ်လာပြီးနောက်ပိုင်းတွင်  အမေရိကန်ပြည်ထောင်စုနှင့်  မဟာမိတ်ဆက် ဆံ ရေးကိုလျှော့ချခဲ့ပြီး တရုတ်နိုင်ငံနှင့် ပူးပေါင်းလုပ်ဆောင်မှု  တိုးမြှင့်လာခဲ့ရာမှ ရေပိုင်နက် အငြင်းပွားမှုနှင့် ပတ်သက် ၍ တရုတ်နှင့် ဖိလစ်ပိုင်တို့ကြား  ယခင်ကလောက် တင်းမာခဲ့ခြင်း မရှိတော့ပေ။ သို့ရာတွင်  ဗီယက်နမ်နှင့်  တခြား နိုင်ငံတချို့၊ အထူးသဖြင့် တရုတ်တိုင်ပေက အမေရိကန် ပြည်ထောင်စုနှင့်  ဆက်ဆံရေးကောင်းမွန် ခြင်းကို ဆက်လက် ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

ထို့ကြောင့် အမေရိကန် ပြည်ထောင်စု အနေဖြင့်   တရုတ်တိုင်ပေသို့    F-16 တိုက်လေယာဉ်များ ရောင်းချခြင်းမပြုရန်၊ တရုတ် တစ်နိုင်ငံတည်း မူဝါဒကို လေးစား လိုက်နာရန်နှင်တရုတ်တိုင်ပေအရေး နှင့်ပတ်သက်ပြီး အထိအခိုက် မခံသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သတိထား ကိုင်တွယ်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနက အစောပိုင်းတွင်  သတိပေး ပြောကြားခဲ့သည်။

အချုပ်အားဖြင့်ဆိုရပါမူ တရုတ်နိုင်ငံသည် တရုတ်တိုင်ပေအား ပြည်မကြီး၏အစိတ်အပိုင်းတစ်ခုအဖြစ် လက်ခံထားပြီး ခွဲထွက်ရန် ကြိုးပမ်းမှုကို တားမြစ်သွားမည် ဖြစ်သည်။ ထို့ပြင်  တရုတ်တိုင်ပေနှင့် အမေရိကန်တို့ကြား ဆက်ဆံရေး၊ အထူး သဖြင့် ကာကွယ်ရေးဆက်ဆံမှုကောင်းမွန်နေခြင်းသည် နိုင်ငံအတွက် ခြိမ်းခြောက်မှု တစ်ရပ်အဖြစ်    ရှုမြင်နေ ဖွယ်ရှိသည်။

ထို့ကြောင့် အမေရိကန်ပြည်ထောင်စုက တရုတ်တိုင်ပေအရေးတွင် ပါဝင်နေမှုနှင့် တောင်တရုတ်ပင်လယ် အတွင်းသို့ စစ်ရေယာဉ်များ မကြာခဏစေလွှတ်ခြင်းသည်  တရုတ်နိုင်ငံအတွက်   စိန်ခေါ်မှုတစ်ရပ်အဖြစ်    ဆက်လက်ရှိနေမည် ဖြစ်ကြောင်း   ရေးသားဖော်ပြလိုက်ရပါသည်။  

ဇေယျဘုန်း

Ref: Reuters, Sputnik

Read 85 times Last modified on Tuesday, 19 November 2019 09:28