တောင်ကိုရီးယားမှ အမေရိကန်တပ်ဖွဲ့ဝင်များ ရုပ်သိမ်းမည်ဟူသောသတင်းကို ပင်တဂွန်ပယ်ချ
ဝါရှင်တန်၊ စစ်ရေး
အမေရိကန်အစိုးရအနေဖြင့် တောင်ကိုရီးယားမှ ၎င်း၏ တပ်ဖွဲ့ဝင်များကို ရုပ်သိမ်းရန် စဉ်းစားနေသည် ဟူသော တောင် ကိုရီးယားမှ The Chosun Ilbo သတင်းစာ၏ ဖော်ပြချက်ကို ပင်တဂွန် စစ်ဌာနချုပ်က ပြတ်သားစွာ ငြင်းဆို ပယ်ချ လိုက်ကြောင်း သိရသည်။
ထို့ပြင် အဆိုပါဖော်ပြချက်ကို ပြန်ရုပ် သိမ်းရန် ယင်းသတင်းစာကို ပင်တဂွန် စစ်ဌာနချုပ်က တောင်းဆိုထားသည်။
ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်၍ အမေရိကန်နှင့် တောင်ကိုရီးယားတို့ကြား ဆွေးနွေးပွဲများမှာ မရေရာသော အကြောင်းရင်းများကြောင့် အဆုံးသတ် ပြီးနောက် ရက်အနည်းငယ်အကြာတွင် ယင်းဖော်ပြချက် ထွက်ပေါ် လာခြင်းဖြစ်သည်။
သို့သော် ထိုဖော်ပြချက်မှာ လုံးဝမှန်ကန် မှုမရှိကြောင်း ပင်တဂွန်စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဂျိုနသန် ဟော့မန်းကပြောသည်။
တောင်ကိုရီးယား အနေဖြင့် အမေရိကန် တပ်ဖွဲ့များအတွက် အသုံးစရိတ်ကို ငါးဆမတိုးမြှင့်ပါက အမေရိကန်အနေဖြင့် ၎င်း၏တပ်ဖွဲ့ဝင်များကို ရုပ်သိမ်းရေးစဉ်းစားနေ သည်ဟု The Chosun Ilbo သတင်းစာ က ဖော်ပြခြင်းဖြစ်သည်။
အဆိုပါ နှစ်နိုင်ငံကြား ဆွေးနွေးပွဲများမှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ မျှော်မှန်းချက်အတိုင်း မဖြစ်ပါက အမေရိ ကန် အနေဖြင့် တပ်ဖွဲ့ဝင် ၄၀၀၀ အထိကို ရုပ်သိမ်းရန်ပြင်ဆင်နေသည်ဟု အမေရိကန် ရှိ သံတမန်အရင်းအမြစ်တစ်ခုက တောင်ကိုရီးယားသတင်းစာသို့ပြောခြင်းဖြစ်ကြောင်း သိရသည်။
Ref: Sputnik