SJ WorldNews - шаблон joomla Авто

၂၀၅၀ ပြည့်နှစ်မှာ စက်ရုပ်စစ်သည်များ ထွက်ပေါ် လာဖွယ်ရှိ

Tuesday, 03 December 2019 11:35 font size decrease font size decrease font size increase font size increase font size

စစ်ရေး

တိုးတက်လာသောနည်းပညာများကို အသုံးချရာတွင် ခေတ်ရှေ့ပြေးနေသည့်နိုင်ငံမှာ အမေရိကန်နိုင်ငံပင်ဖြစ်သည်။  ထိုသို့ နည်းပညာတွင်  ခေတ်ရှေ့ပြေးနေသည့် နည်းတူ စစ်ဘက်နည်းပညာတွင်လည်း သူမတူအောင် စဉ်းစားကြံဆ လာသည်ကို တွေ့ရသည်။

သူတို့စဉ်းစားကြံဆလာသည်က တခြား မဟုတ်။ စက်ရုပ်စစ်သည်များ ပေါ်ထွက်လာရေးဖြစ်သည်။ စက်ရုပ် စစ်သည်များ ဆိုသည်မှာ  နည်းပညာအသုံးပြုပြီး စက်ရုပ်နှင့် လူသားကို    တစ်သားတည်းဖြစ်အောင် ပေါင်းစပ်ထားခြင်းဖြစ်သည်။

အမျိုးမျိုးသော နည်းပညာများကို ပေါင်းစပ်မှု၏ ရလဒ်အဖြစ်ထွက်ပေါ်လာမည့် အဆိုပါစက်ရုပ်စစ်သည်များသည် သမား ရိုးကျ စစ်သည်များကို   စက်ပစည်းများ၏ ပေါင်းကူးဆက်နွှယ်မှုဖြင့် ထင်မှတ်မထား လောက်အောင်  စွမ်းဆောင် ရည်မြင့်မားသည့် စစ်သည်များ ဖြစ်လာမည်ဖြစ်သည်။

ထိုသို့သော စက်ရုပ်စစ်သည်များသည်  ၂၀၅၀ ပြည့်နှစ်တွင် ထွက်ပေါ်လာမည်ဟုအမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာန က မျှော်မှန်း ထားသည်။

ထိုစက်ရုပ်စစ်သည်များတွင် ပါဝင်လာမည့် စွမ်းရည်များမှာ သူမတူအောင် အဆင့်မြှင့်ထားသော အမြင်အာရုံ၊  အကြား အာရုံ၊ ကြွက်သားများကို ထိန်းချုပ်နိုင်မှု၊ အတွေးဖြင့် ဆက်သွယ်နိုင်မှုတို့ဖြစ်သည်။   ထိုအရာ အားလုံး လာမည့်နှစ် ၃၀ အတွင်း အမှန် တကယ် ဖြစ်လာနိုင်ဖွယ် ရှိသည်။

အမေရိကန်ကြည်း တပ်ပိုင် ၀က်ဆိုက် တစ်ခုဖြစ်သော Mad  Scientist  Blog က ထိုစက်ရုပ် စစ်သည်များနှင့် ပတ်သက်၍ အသားပေး ဖော်ပြထားသည့် နည်းပညာလေးခု ရှိသည်။ ထိုနည်းပညာများမှာ အမြင် အာရုံဖွံ့ဖြိုး တိုးတက်မှု၊ ၀တ်စုံမှတစ်ဆင့် ကြွက်သားများကို ထိန်းချုပ်နိုင်မှု၊ ဆက်သွယ်ရေးနှင့် ကာကွယ်ရေး အတွက် အကြားအာရုံ တိုးတက်မှုနှင့် အပြန်အလှန် အချက်အလက် ဖလှယ်နိုင်ရန် အတွက် လူသား၏ ဦးနှောက်ကို အဆင့်မြှင့်တင်မှု တို့ဖြစ် သည်။

လက်ရှိတွင် အမေရိကန်စစ်သည်များ အနေဖြင့် ညစစ်ဆင်ရေး ဆင်နွှဲသည့်အချိန်တွင် အရာဝ္ထုများကို အမှောင်ထဲ တွင်မြင် ရရန်အတွက် ကြီးမားသည့် ညကြည့်မျက်မှန်များကို အသုံးပြုနေရသည်။ ထို့ကြောင့် စက်ရုပ် စစ်သည်တွင် အမြင် အာရုံ အတွက် ပါလာနိုင်သည့်အရာမှာ ညကြည့် စွမ်းဆောင်ရည်ရှိသည့် မျက်ကပ်မှန်များဖြစ်သည်။

ထို့ပြင် ရန်သူ၊ မိမိ အစရှိသည့် အရေးကြီး အချက်အလက်များကို ခွဲခြားနိုင်သော မြင်ကွင်းချဲ့ စွမ်းဆောင်ရည်လည်း ပါဝင် လာနိုင်သည်။

ကြွက်သားများကို ထိန်းချုပ်မှု နည်းပညာတွင် ပင်ပန်းနွမ်းလျနေသောကြွက်သားများကို ပြန်လည် အားပြည့်စေရန်နှင့် မောပန်း နေသော စစ်သည်ကို ချက်ချင်းလန်းဆန်း စေရန်အတွက် ထိုကဲ့သို့ စွမ်းဆောင်ရည်ရှိသော ၀တ်စုံကို  စက်ရုပ် စစ်သည်များက ၀တ်ဆင် ခွင့်ရမည်ဖြစ်သည်။ အကြားအာရုံဆိုတာ စစ်မြေပြင်တွင် အလွန်အရေးပါသည်။ လက်ရှိ စစ်သည်များ အနေဖြင့် အကြားအာရုံ ကောင်းစေရန်အတွက် အသံဆူညံမှုကို လျှော့ချပေးနိုင်သည့် နားကာများကို ၀တ်ဆင် အသုံးပြုသည်။ စက်ရုပ်စစ်သည်များတွင်မူ အလွန်သေးငယ် ကျစ်လျစ်သော နားကာများ ပါဝင်လာမည်ဖြစ် သည်။

အတွေးဖြင့်ဆက်သွယ်မှုဆိုသည့်ကိစကတော့ အနည်းငယ် ကြီးမားသည့် ကိစဖြစ်သည်။ လေ့လာမှု စာတမ်းတွင် ဖော်ပြထား ချက်အရဆိုလျှင် စစ်သည်များသည်မည်သည့် ကြားခံဆက်သွယ်ရေး ပစည်းကိုမျှ မသုံးဘဲ အပြန်အလှန် ဆက်သွယ်ကာ သတင်းအချက် အလက်များမျှဝေ နိုင်မည်ဟုဆိုသည်။

ထို့ကြောင့် အနာဂတ်တွင်မလွဲမသွေဖြစ်ပေါ်လာမည့် စက်ရုပ်စစ်သည်များသည် စစ်မြေပြင်တွင်   အနိုင်အရှုံးကိုအဓိက

ဆုံးဖြတ်ပေးနိုင်သူများ ဖြစ်ပေါ်လာစေတော့ မည်ဖြစ်ပေသည်။          

Ref: PM

Read 341 times Last modified on Tuesday, 03 December 2019 11:36