SJ WorldNews - шаблон joomla Авто

မြောက်ကိုရီးယား၏ ပြီးခဲ့သည့် စမ်းသပ်မှုက ဒုံးအင်ဂျင်ဖြစ်ဟု တောင်ကိုရီးယားပြော

Wednesday, 11 December 2019 10:15 font size decrease font size decrease font size increase font size increase font size

ဆိုးလ် နိုင်ငံရေး

မြောက်ကိုရီးယားသည် တားမြစ်ထားသော တာဝေးပစ်ဒုံး ပစ်လွှတ်ရန် ကြိုတင်ဆောင်ရွက်မှုများ လုပ်ဆောင်နေသည်ဟု နိုင်ငံတကာက ခန့်မှန်းနေစဉ် မကြာသေးမီက စမ်းသပ်မှု လုပ်ဆောင်နိုင်ပြီး   အမည်ထုတ်ဖော် ပြောဆိုထားခြင်း မရှိသည့်အရာမှာ ဒုံးအင်ဂျင်ဖြစ်သည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက ဒီဇင်ဘာ ၁ဝ ရက်တွင် ပြောသည်။

တောင်ကိုရီးယားအနေဖြင့် မြောက်ကိုရီးယား၏ မကြာသေးမီက လုပ်ဆောင်သော ပင်လယ်အတွင်းသို့ ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်ခြင်းနှင့် ဒုံးအင်ဂျင် စမ်းသပ်နိုင်မှုအပေါ် အလွန်စိုးရိမ်ကြောင်း ကာကွယ်ရေးဝန်ကြီး ချောင်ကျွမ်းဒိုက ဆစ်ဒနီသို့ အလည်အပတ်သွားစဉ် ဒီဇင်ဘာ ၁ဝ ရက်တွင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

မြောက်ကိုရီးယားက တောင်ချမ်းရီဒုံး လွှတ်တင်ရေးစခန်း၌ အလွန်အရေးကြီးသည့် စမ်းသပ်မှု လုပ်ဆောင်နိုင်သည်ဟု ပြောဆိုခြင်းသည် ပထမဆုံးအကြိမ် တရားဝင် ပြောဆိုခြင်း ဖြစ်သည်။

မြောက်ကိုရီးယား အနေဖြင့် ဒီဇင်ဘာ၈ ရက်တွင် လုပ်ဆောင်လိုက်သော စမ်းသပ်နိုင်မှုသည် နိုင်ငံ၏မဟာဗျူဟာ အနေအထားပြောင်းလဲမှုတွင် အရေးကြီးသော အကျိုးသက်ရောက်မှုဖြစ်ကြောင်း မြောက်ကိုရီးယား အမျိုးသား ကာကွယ်ရေး သိပ္ပံအကယ်ဒမီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီဇင်ဘာ ၁ဝ ရက်တွင်ပြောသည်။ ချောင်ကျွမ်းဒို အနေဖြင့် မည်သည့်အမျိုးအစား ဒုံးအင်ဂျင်ဖြစ်သည်ကို အသေးစိတ်ပြောဆိုထားခြင်း မရှိသော်လည်စစ်ရေး၌ တင်းမာမှုများ မြင့်တက်စေမည့် လုပ်ဆောင်မှုများကို ရပ်တန့်ရန် မြောက်ကိုရီးယားကို တိုက်တွန်းထားသည်။   

Ref: The Straits Times

Read 261 times Last modified on Wednesday, 11 December 2019 10:17