SJ WorldNews - шаблон joomla Авто

ရုရှား၏ မျိုးဆက်သစ်စစ် ရေယာဉ်များမှာ ပါဝင်လာမယ့် ဇာကွန်ပဲ့ထိန်း ဒုံးကျည် ဆိုတာ

Monday, 16 December 2019 09:01 font size decrease font size decrease font size increase font size increase font size

ရုရှား၏ မျိုးဆက်သစ်စစ် ရေယာဉ်များမှာ ပါဝင်လာမယ့် ဇာကွန်ပဲ့ထိန်း ဒုံးကျည် ဆိုတာ

စစ်လက်နက်

ရုရှားရေတပ်တွင် မကြာမီ တပ်တော် ဝင်တော့မည့် စစ်ရေယာဉ် အသစ်များနှင့် ထုတ်လုပ် ဆဲဖြစ်သည့် စစ်ရေ ယာဉ်များတွင် တစ်နာရီလျှင် မိုင် ၇ဝဝဝ နီးပါးရှိသည့် နှုန်းဖြင့် ပျံသန်းနိုင်သော အသံထက် အလွန်မြန် ဒုံးကျည်များ ပါဝင် လာတော့မည်ဖြစ်သည်။

ထိုဒုံးကျည်မှာ ဇာကွန် ဒုံးကျည်ဖြစ်ပြီး  ရုရှားရေတပ် အတွက် တည်ဆောက်နေသော စစ်ရေယာဉ်များတွင် တပ်ဆင် သွားမည်ဖြစ်ကြောင်း ယူနိုက်တက် သင်္ဘော တည်ဆောက်ရေး ကော်ပိုရေးရှင်းမှ ဥက္ကဋ္ဌ အလက်ဆီ ရက်နေက ပြောသည်။

တစ်ချိန်က စွမ်းဆောင်ရည်မြင့် ရေငုပ်သင်္ဘောဖြစ်သော ၁၉၈၈ ခုနှစ်ထုတ် Irkutsk ရေငုပ်သင်္ဘော ဆိုလျှင် သင်္ဘော ဖျက်ဒုံးကျည်  ၂၄ စင်း တင်ဆောင်နိုင်စေရန် ဒီဇိုင်း ရေးဆွဲထားသည့်  ခရု(စ်) ဒုံးကျည်တင် ရေငုပ် သင်္ဘောဖြစ်သည်။

လက်ရှိတွင် ထိုသင်္ဘောကို အဆင့်မြှင့် တင်မှုများ လုပ်နေပြီဖြစ်ပြီး ဇာကွန် ဒုံးကျည်များကို တင်ဆောင်နိုင်တော့ မည်ဖြစ်သည်။  

ထို့ကြောင့် စစ်ဖြစ်ချိန်တွင် Irkutsk ရေငုပ်သင်္ဘောနှင့် မိတ်ဖက် သင်္ဘောများသည် အမေရိကန်၏ လေယာဉ်တင် သင်္ဘောများကို သူမတူသော ရှာဖွေ ထောက်လှမ်း ချေမှုန်း နိုင်စွမ်း ရရှိလာမည်ဖြစ်သည်။

ဇာကွန်ဒုံးကျည်ကိုတီထွင်ရန်  ၂ဝ၁ဝ ပြည့်နှစ် အလယ်ပိုင်းတွင် စတင်ထုတ်ဖော် ပြောဆိုခဲ့ခြင်းဖြစ်ပြီး အသံထက် အလွန်မြန် ဒုံးကျည်တစ်စင်း ဖြစ်လာစေရန် ရည်ရွယ်ထားသည်။ အသံ၏ အမြန်နှုန်းထက် ၅ ဆ နှင့်အထက်မြန်သည့် နှုန်းဖြင့် ပျံသန်းနိုင်သော ဒုံးကျည်ကို အသံထက် အလွန်မြန် ဒုံးကျည်ဟု ခေါ်ခြင်းဖြစ်သည်။

မြေပြင်၊ ရေပြင်အခြေစိုက်မှ နေ၍ စမ်းသပ် ပျံသန်းမှု အကြိမ်ကြိမ် လုပ်ဆောင်ပြီးဖြစ်သည့် ဇာကွန်ဒုံးကျည်၏ အမြန်နှုန်းသည်  အသံထက်  ၉ ဆအထိမြန်ကာ တစ်နာရီလျှင် ၆၉ဝ၅ မိုင်နှုန်းဖြင့် ပျံသန်း နိုင်သည်။ ရေငုပ် သင်္ဘော မှ နေ၍ စမ်းသပ် ပစ်ခတ်မှုကိုမူ   ၂ဝ၂ဝ ပြည့်နှစ်အတွင်း လုပ်ဆောင်သွားရန် စီစဉ်ထားသည်။

ထို့ကြောင့် ဇာကွန်ဒုံးကျည်သည် ကမ္ဘာပေါ်ရှိ မည်သည့်ရေတပ်တွင်မှ မရှိသေးသော ပထမဆုံးပင်လယ်ပြင် အခြေပြု

အသံထက်အလွန်မြန် ဒုံးကျည်ဖြစ်လာမည် ဖြစ်သည်။ ပင်လယ်ပြင်အခြေပြု ပစ်ခတ်နိုင်သော ဒုံးကျည်ဖြစ်သည့် အလျောက်  ကုန်းတွင်းပစ်မှတ်များနှင့် ရေပေါ်ပစ်မှတ် များကို   ထိရောက်စွာ ချေမှုန်းနိုင်မည်ဖြစ်သည်။

ထိရောက်မှု အကွာအဝေးမှာ ကီလိုမီတာ  ၁ဝဝဝကျော် သို့မဟုတ် ၆၂၁ မိုင်နီးပါးရှိသည့် ဇာကွန်ဒုံးကျည်က တစ်ပိုင်း ပဲ့ထိန်း စနစ် သို့မဟုတ် အနိမ့်ပျံသန်းမှုကိုလည်း လုပ်ဆောင်နိုင်မည်ဖြစ်ကာ ပစ်မှတ်သို့နီးကပ် လာချိန်တွင် ရန်သူ့ ရေဒါကို ရှောင်ကွင်းနိုင် မည်ဖြစ်သည်။ ယင်းအတွက်ကြောင့် ဇာကွန်ဒုံးကျည်က အဆင့်မြင့် လေကြောင်းရန် ကာကွယ်ရေး စနစ်များကို စိန်ခေါ်နိုင်မည် ဖြစ်သည်။

သမားရိုးကျနည်းဖြင့်ကြည့်လျှင် ကမ္ဘာ့ လေထုအပြင်ရောက်သည်အထိ ထိုးတက်သွားပြီးမှ ပစ်မှတ်ဆီသို့ တစ်ဟုန်ထိုး ဝင်လာ သည့်ဒုံးကျည်များကို အမေရိကန်ရေတပ် ရှိ ပဲ့ထိန်းဒုံးကျည်တင်စစ်သင်္ဘောကြီးများရှိ  SPY-1 ရေဒါက စက္ကန့် ၁၃ဝ အတွင်း တွေ့ရှိ၊  ထောက်လှမ်း၊  ပုံသေပစ်မှတ် သတ်မှတ်ကာ ကြားဖြတ် ဒုံးကျည်များကို ပစ်လွှတ်ခြင်းဖြင့် တားမြစ် နိုင်သည်။

သို့သော် အနိမ့်ပျံသန်းမှုဖြင့်ဝင်လာသည့် ဇာကွန်ဒုံးကျည်ကို ထိုရေဒါက ထောက်လှမ်းနိုင်ချိန်မှာ အလွန် နည်းပါး မည်ဖြစ်သောကြောင့်  ထိုဒုံးကျည်က  အမေရိကန်စစ် သင်္ဘောကြီးများ၏ အိပ်မက်ဆိုးဖြစ်လာမည် ဖြစ်သည်။ အသံထက် အလွန်မြန် ပဲ့ထိန်းဒုံး ကျည်များကိုပစ်ချနိုင်စွမ်းရှိသော ဒုံးကျည်တစ်စင်းရှိသည်။ မှာ SM-6 ဒုံးကျည်ဖြစ် သည်။ ထိုဒုံးကျည်က အသံထက် ၉ ဆမြန် သောနှုန်းဖြင့်  ဝင်လာသော ဒုံးကျည်ကိုပင် ကြားဖြတ်ပစ်ချနိုင်စွမ်းရှိ သည်။  သို့သော် SM-6   စွမ်းဆောင်ရည်များတွင် အနိမ့်ပျံ ဒုံးကျည်များကို ကြားဖြတ် ပစ်ချနိုင်ခြင်းရှိ၊  မရှိကို အတိ အကျ မသိရပေ။

ရုရှားအစိုးရ အနေဖြင့် ဘတ်ဂျက်အခြေ အနေအရ စစ်ဘက်ကို ကြီးမားသည့်အဆင့် မြှင့်တင်မှုများ မလုပ်ဆောင် နိုင်သည် ကိုတွေ့ရ သည်။ ရုရှားရေတပ် ဆိုလျှင် စစ်အေးခေတ် ပြီးနောက်ပိုင်းတွင် ဖျက်သင်္ဘောအရွယ် အစားရှိ သင်္ဘော တစ်စင်းကိုသာ တပ်တော် သွင်းနိုင်ခဲ့သည်။ ထို့ကြောင့်  ယခုဇာကွန် ဒုံးကျည်သည် ရုရှားရေတပ် အတွက် ကြီးမားသော ရင်းနှီး မြှုပ်နှံမှုဖြစ်သည်ဟု ဆိုရမည် ဖြစ်ပေသည်။                   

Ref: PM

Read 312 times Last modified on Monday, 16 December 2019 09:03