Print this page

ဟောင်ကောင်ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်သူကိုဖမ်းဆီးနိုင်

Sunday, 22 December 2019 11:41 font size decrease font size decrease font size increase font size increase font size

ဟောင်ကောင်၊ အကြမ်းဖက်မှု

ဟောင်ကောင်ရဲတပ်ဖွဲ့ဝင်များသည် သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်သူ အမျိုးသားတစ်ဦးကို ဖမ်းဆီး လိုက်နိုင်ကြောင်း သိရသည်။ အဖမ်းခံရသူမှာ အသက် ၁၈ နှစ်ရှိပြီး တိုင်ပိုခရိုင်ရှိ ရဲတပ်ဖွဲ့ဝင်များကို ဒီဇင်ဘာ ၂၀ ရက်နှောင်းပိုင်းတွင် ပစ်္စတိုဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်။ ထိုအမျိုးသားသည် လက်ရှိဖြစ်ပွားနေသည့် အစိုးရဆန့်ကျင်ရေး ဆန်္ဒပြမှုများနှင့် ဆက်နွှယ်နေသည်ဟု ယူဆရကြောင်း ရဲအရာရှိကြီးတစ်ဦးဖြစ်သည့် စတိလီကပြောသည်။ ထိုပစ်ခတ်မှုအတွင်း ဒဏ်ရာရရှိသူမရှိကြောင်း သိရသည်။ ထို့ပြင် ယင်းအမျိုးသား၏ တိုက်ခန်းအနီးမှ ရိုင်ဖယ်သေနတ်နှင့် ကျည်ဆန်များအပါအ၀င် လက်နက်ခဲယမ်းများကို ရဲတပ်ဖွဲ့ကရှာဖွေတွေ့ရှိသည်။ ထို့ကြောင့် ဖမ်းဆီးခံရသူသည် အဆိုပါ လက်နက်များကို ဆန်္ဒပြမှုများတွင် အသုံးပြု၍ အဓိကရုဏ်းများဖြစ်ပေါ်စေရန် ရည်ရွယ်ပုံရကြောင်း စတိလီက သတင်းထောက်များကို ပြောသည်။ ယခုသီတင်းပတ်အကုန်တွင် ပြည်သူများက ဆန်္ဒပြ မှုလုပ်ရန်စီစဉ်နေစဉ် ရဲတပ်ဖွဲ့က ယခုကဲ့သို့ ဖမ်းဆီးနိုင်ခြင်းဖြစ်သည်။

Read 197 times Last modified on Monday, 23 December 2019 07:58