SJ WorldNews - шаблон joomla Авто

အမေရိကန် ကင်းထောက်လေယာဉ် လေးစင်း ကိုရီးယား ကျွန်းဆွယ်၌ တစ်ပြိုင်နက်တည်း စစ်ဆင်ရေး ဆောင်ရွက်

Thursday, 26 December 2019 10:07 font size decrease font size decrease font size increase font size increase font size

အမေရိကန်စစ်ဘက်မှ   ကင်းထောက်လေယာဉ် လေးစင်းသည် ကိုရီးယား ကျွန်းဆွယ်အပေါ်၌ တစ်ပြိုင်နက်တည်း စစ်ဆင်ရေး ဆောင်ရွက်ကြောင်း သိရသည်။
ကင်းထောက်လေယာဉ်လေးစင်းဖြစ်သည့် RC-135W Rivet Joint ၊ E-8C ၊ RQ-4 Global Hawk နှင့်   RC-135S Cobra Ball တို့သည် ဒီဇင်ဘာ ၂၄ ရက်နှင့် ၂၅ ရက်ကြားတွင် ကိုရီးယားကျွန်းဆွယ် အပေါ်နှင့် ၀န်းကျင်၌ တစ်ပြိုင်နက်တည်း စစ်ဆင်ရေး ဆောင်ရွက်ခြင်းဖြစ်သည်။
မြောက်ကိုရီးယားက အမေရိကန်သို့ ပေးမည့် ခရစ္စမတ်လက်ဆောင်သည် အမေရိကန်၏ လုပ်ရပ်အပေါ် မူတည်နေသည်ဟူသော မြောက်ကိုရီးယား အစိုးရ၏ သတိပေးမှုအပေါ် စိုးရိမ်နေစဉ် ကင်းထောက် လေယာဉ်လေးစင်း က တစ်ပြိုင်နက်တည်း စစ်ဆင်ရေး ဆောင်ရွက်ခြင်းလည်းဖြစ်သည်။
ထို့ပြင် ပုံမှန်မဟုတ်ဘဲ ထူးခြားနေသည့် ထိုစစ်ဆင်ရေးကို ကြည့်ခြင်းအားဖြင့် အမေရိကန်သည် မြောက်ကိုရီးယားအပေါ် မည်မျှအထိ အာရုံစိုက်နေသည်ကို မြင်တွေ့နိုင်သည်။ မြောက်ကိုရီးယား၏ သတိပေးမှုသည် ၎င်းတို့အနေဖြင့်  နျူကလီးယား လက်နက်များနှင့် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်များ စမ်းသပ်မှုကို ပြန်လည်ဆောင်ရွက်နိုင်သည် ဟူသော    အမေရိကန်တို့၏ စိုးရိမ်ပူပန်မှုကို မြင့်တက်စေကြောင်း သိရသည်။
Ref: Yonhap
Read 704 times Last modified on Thursday, 26 December 2019 10:08