SJ WorldNews - шаблон joomla Авто

ရုရှားလေကြောင်း အာကာသ တပ်ဖွဲ့က လာမည့်နှစ်တွင် Su-57 တိုက်လေယာဉ် အများအပြား လက်ခံရရှိမည်

Friday, 27 December 2019 10:13 font size decrease font size decrease font size increase font size increase font size

မော်စကို၊ စစ်ရေး

ရုရှားလေကြောင်း အာကာသ တပ်ဖွဲ့အနေဖြင့်  လာမည့်နှစ်စမှစ၍ Su-57 ကိုယ်ပျောက်တိုက် လေယာဉ်အစင်းရေ အများ အပြားကို လက်ခံရရှိမည်ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဆာဂျီချီမီဇော့က ဒီဇင်ဘာ ၂၆ ရက်တွင် ပြောသည်။

ဆူခွိုင်းကုမ္ပဏီထုတ်    Su-57 တိုက် လေယာဉ်သည် ပဉ္စမမျိုးဆက် ကိုယ်ပျောက် တိုက်လေယာဉ်ဖြစ်ပြီး  ရုရှားလေ တပ်နှင့် ရေတပ်တို့ရှိ MiG-29 နှင့် Su-27 တိုက်လေယာဉ်တို့ထက် များစွာသာ လွန်သည်။

ထို့ပြင်   အဆိုပါတိုက်လေယာဉ်ပထမ အသုတ်ကို စစ်ဘက်သို့ ယခုနှစ်တွင် လွှဲပြောင်း ပေးထားပြီးဖြစ်ကာ လာမည့်နှစ်တွင် အများ အပြားလွှဲပြောင်းပေးရန်   လုပ်ဆောင်နေကြောင်း ဆာဂျီချီမီဇော့က ပြောသည်။

သတင်းအရင်းအမြစ် အမျိုးမျိုး၏ ထုတ်ပြန်ချက်များအရ Su-57 တိုက်လေယာဉ်သည် အမေရိကန်ထုတ် F-35 သို့မဟုတ် F-22 တိုက်လေယာဉ်တို့ထက် သာလွန် သောစွမ်းဆောင်ရည်ရှိပြီး လေယာဉ်တစ်စင်းလျှင် အမေရိကန် ဒေါ်လာ သန်း ၄ဝ မှ ၄၅ သန်းကြား တန်ဖိုးရှိသည်။

ထိုတိုက်လေယာဉ်ကို တရုတ်၊ အိန္ဒိယ၊ အယ်ဂျီးရီးယားနှင့်တူရကီတို့အပါအဝင် အာရှနိုင်ငံအချို့ကလည်း ဝယ်ယူရန် စိတ် ဝင်စားနေကြောင်း သိရသည်။

Ref: Sputnik

Read 473 times Last modified on Friday, 27 December 2019 10:14