Print this page

ဘယ်သူမှ မမျှော်မှန်းထားတဲ့ အီရန်ရဲ့ လက်နက်ပုန်း လုပ်ကြံရေး လင်းပိုင်များ

Wednesday, 15 January 2020 12:33 font size decrease font size decrease font size increase font size increase font size

စစ်ရေး

ယခုလအစောပိုင်းမှာ  အမေရိကန်က အီရန်ဗိုလ်ချုပ်တစ်ဦးဖြစ်တဲ့  ကာဆန်ဆို လေမာနီကို လုပ်ကြံချေမှုန်း လိုက်ပါတယ်။ အဲဒီအချိန်က နေစပြီး ဖြစ်ပေါ်လာတဲ့အခြေအနေ အရပ်ရပ်ကို ကိုင်တွယ်ထိန်းချုပ်နိုင်ဖို့ အမေရိကန် တွေက ကြိုးပမ်း နေရပါတယ်။

ဖြစ်လာနိုင်တဲ့ အခြေအနေတွေကိုလည်း ထည့်သွင်းတွက်ချက်ပြီး ကြိုတင်ကာကွယ်မှုတွေ၊  ပြင်ဆင်မှုတွေ လုပ်နေရ ပါတယ်။

ကြိုတင်မျှော်မှန်းထားတဲ့အခြေအနေတွေမှာ ဘာတွေပါလဲဆိုရင် သမားရိုးကျဒုံးကျည် တိုက်ခိုက်မှုတွေကနေ အမေရိကန်ရဲ့ ရေနံ နဲ့ဓာတ်ငွေ့စက်ရုံတွေ၊ ဘဏ်တွေ၊ လျှပ်စစ်ဓာတ်အားလိုင်းတွေကို ဆိုက်ဘာတိုက်ခိုက် မှုတွေ အထိပါဝင်ပါတယ်။

ဒါပေမဲ့   အမေရိကန်တွေ  ဒါမှမဟုတ်  ကမ္ဘာ့နိုင်ငံတွေမေ့လျော့နေနိုင်တဲ့လက်နက် ပုန်းတစ်ခုက အီရန်မှာရှိကောင်း ရှိနေနိုင် ပါတယ်။ အဲဒီလက်နက်ပုန်းကတော့ လင်းပိုင်တွေပဲဖြစ်ပါတယ်။

လင်းပိုင်ဆိုပေမယ့် သာမန်လင်းပိုင်တွေ တော့မဟုတ်ပါဘူး။  တိုက်ခိုက်ဖို့အတွက်သီးသန့်လေ့ကျင့်ပေးထားတဲ့  လုပ်ကြံရေး လင်းပိုင်တွေဖြစ်ပါတယ်။  အီရန်က  အဲဒီ လင်းပိုင်တွေကိုဘယ်ကရလဲဆိုတာသိရဖို့  လွန်ခဲ့တဲ့နှစ်၂ဝ ကို နောက်ကြောင်းပြန်သွား ကြည့်ရအောင်။

အဲဒီအချိန်တုန်းက   ရုရှားနိုင်ငံသား ဘောရစ်ဇူရစ်ဆိုတာ  ရေငုပ်သင်္ဘောသားတစ်ဦးဖြစ်ပါတယ်။ သူက လင်းပိုင်တွေ အပါ အဝင် ရေနေသတ္တဝါတွေကို စစ်ဆင်ရေးမှာ အသုံးပြုနိုင်တဲ့အထိ လေ့ကျင့်သင်ကြားပေး သူတစ်ဦးပါ။  သူ့မှာ  အာတိတ် ဒေသနေ၊ ပစိဖိတ်သမုဒ္ဒရာနေ  ပင်လယ်ဖျံကြီးများ၊ သာမန်ပင်လယ်ဖျံများ၊ ဘယ်လူဂါ ဝေလငါး တစ်ကောင်နဲ့ လင်းပိုင်တွေ စုစုပေါင်း ၂၇ ကောင်ရှိပါတယ်။

၂ဝဝဝ ပြည့်နှစ်အစောပိုင်းရောက်တဲ့ အချိန်မှာ ဘောရစ်ဇူရစ်ဟာ သူမွေးထားတဲ့သတ္တဝါတွေကို အစာကျွေးမွေးဖို့ မတတ်နိုင် တော့တဲ့အတွက် သူ့ရဲ့လုပ်ကြံရေးလင်းပိုင် တွေအပါအဝင် သေချာလေ့ကျင့်ပေးထားတဲ့သတ္တဝါတွေကို အီရန်ထံ ရောင်းချလိုက် ရပါတော့တယ်။

ဘောရစ်ဇူရစ် လေ့ကျင့်ပေးထားတဲ့ လင်းပိုင်တွေအပါအဝင် ရေနေသတ္တဝါတွေဟာ စစ်သင်္ဘောများ၊ ရန်သူ ရေငုပ်သမား များကို တိုက်ခိုက်နိုင်စွမ်းရှိပါတယ်။ ရန်သူ ရေငုပ်သမားတွေကိုတော့ သူတို့ကျောပေါ်မှာ တပ်ထားတဲ့   မှိန်းတွေနဲ့ တိုက်ခိုက်တာပါ။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ရေငုပ်သမားတွေကို ပင်လယ်ကြမ်းပြင်အထိဆွဲခေါ်သွားပြီး တိုက်ခိုက် တာဖြစ်ပါတယ်။

စစ်သင်္ဘောတွေကိုတော့ အသေခံတိုက်ခိုက်တာပါ။ သူတို့ကိုယ်ပေါ်မှာ ဖောက်ခွဲ ရေးပစ္စည်းတွေ   တပ်ဆင်ပေး လိုက်တယ် ဆိုရင်  အဲဒီသတ္တဝါတွေက  စစ်သင်္ဘောဝမ်းဗိုက်ကိုထိတဲ့အထိ   ချဉ်းကပ်သွားပြီး သင်္ဘောဝမ်းဗိုက်နဲ့  ဖောက်ခွဲရေးပစ္စည်း တွေထိတဲ့အချိန်မှာ ပေါက်ကွဲတာပါ။

ဘောရစ်ဇူရစ်က  သူ့ချစ်ရတဲ့သတ္တဝါ တွေကို  အီရန်ကိုရောင်းချလိုက်ရတယ်ဆိုပေမယ့်လည်း သူကိုယ်တိုင် အီရန်ကိုလိုက် သွားခွင့်ရပြီး သူ့ရဲ့သုတေသနလုပ်ငန်းတွေ ကို ဆက်လက်လုပ်ကိုင်ခွင့်ရရှိခဲ့ပါတယ်။

ဒါပေမဲ့ ဘယ်လိုအရာတွေကိုလုပ်ဆောင် နေရတယ်ဆိုတာတော့ ထုတ်ဖော်ပြောခြင်း မရှိပါဘူး။ သူထုတ်ဖော်ပြောတဲ့ တစ်ခုတည်း သောစကားကတော့ သူ့ချစ်ရတဲ့သတ္တဝါလေးတွေ အဆင်ပြေနေသမျှ ကာလပတ်လုံး ဘာကိုမဆိုလုပ်ဖို့ အတွက်အသင့်ပြင်ထား တယ်ဆိုတာပါပဲ။

ဒါကြောင့် ၂ဝဝဝ ပြည့်နှစ်နောက်ပိုင်း ကစပြီး ယနေ့အချိန်အထိ ပါရှန်းပင်လယ်ကွေ့ထဲမှာရှိတဲ့လင်းပိုင်တွေ ဘာတွေဖြစ် နေတယ်။   ဘာတွေလေ့ကျင့်နေတယ်။ ဘာတွေလုပ်နေတယ်ဆိုတာကို ဘယ်သူမှ မသိရပါဘူး။

လင်းပိုင်တွေရဲ့သက်တမ်းက နှစ် ၅ဝ  နဲ့အထက်ရှိတဲ့အတွက် ကနဦးလုပ်ကြံရေးလင်းပိုင်တွေဟာ အသက်ရှင်နေ ဆဲဖြစ်မယ် လို့ယုံကြည်ရပါတယ်။ ဒါ့အပြင် နောက်ထပ် လုပ်ကြံရေးလင်းပိုင်တွေလည်း ပွားများလာ ဖွယ်ရှိပါတယ်။

ဒါတင်မကသေးပါဘူး။ အီရန်နိုင်ငံဟာ လင်းပိုင်တွေရဲ့အကူအညီနဲ့  ပင်လယ်ရေအောက်ထောက်လှမ်းမှုကို လုပ်နေ တယ်လို့ လည်းယုံကြည်ရပါတယ်။ ဒီလိုထောက်လှမ်း မှုတွေကိုလုပ်တဲ့နိုင်ငံတွေထဲမှာ   ရုရှားနဲ့ အမေရိကန်နိုင်ငံ တို့လည်း ပါဝင်ပါတယ်။

အမေရိကန်ဆိုရင်  ၁၉၆ဝ  ပြည့်နှစ် ကတည်းက လင်းပိုင်တွေ၊ ဘယ်လူဂါဝေလငါးတွေရဲ့ ရေအောက်အာရုံခံ စနစ်ဘယ်လို မျိုးအလုပ်လုပ်တယ်ဆိုတာသိနိုင်ဖို့ သုတေသနလုပ်ပါတယ်။

ဒါ့အပြင် ဗီယက်နမ်စစ်ပွဲနဲ့ ပင်လယ်ကွေ့ စစ်ပွဲကာလမှာ လင်းပိုင်တွေ၊ ပင်လယ်ဖျံကြီးတွေနဲ့ ဘယ်လူဂါဝေလ ငါးတွေကို စစ်ဘက် မှာအသုံးပြုခဲ့ပါတယ်။

ယနေ့အချိန်အခါမှာ    အမေရိကန် ရေတပ်က   လင်းပိုင်နဲ့  ပင်လယ်ဖျံကြီးအကောင် ၃ဝ စီကို ရေမြှုပ်မိုင်းရှာဖွေရေးနဲ့ ဖောက်ခွဲ ဖျက်ဆီးရေးအတွက် အမှတ်အသား လုပ်ပေးရေးလေ့ကျင့်မှုတွေ ပေးနေပါတယ်။

အီရန်လိုမျိုးတော့   လုပ်ကြံရေးအတွက် လေ့ကျင့်မှုတွေ မပါဝင်ပါဘူး။

ဒါကြောင့် ဒီနေ့လိုဘာမဆိုဖြစ်သွားနိုင် တဲ့အချိန်အခါမှာ  အီရန်ရဲ့လက်နက်ပုန်းလိုဖြစ်နေတဲ့  လုပ်ကြံရေးလင်းပိုင် တွေ က အရှေ့အလယ်ပိုင်းမှာရှိတဲ့   အမေရိကန် ရေတပ်စစ်သင်္ဘောတွေအတွက် ကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ခု   ဖြစ်လာနေပြီဖြစ်ပါတယ်။              

Ref: PM, BBC

။။။။။။။။။။။။။။

Read 413 times Last modified on Wednesday, 15 January 2020 12:35