SJ WorldNews - шаблон joomla Авто

အိန်္ဒိယက အမေရိကန်မှ ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံတန်ဖိုးရှိ ရဟတ်ယာဉ်များဝယ်ရန် မကြာမီ အတည်ပြုမည်

Wednesday, 12 February 2020 13:40 font size decrease font size decrease font size increase font size increase font size

နယူးဒေလီ၊ စစ်လက်နက်ပစ်္စည်း

အိန်္ဒိယအစိုးရက အမေရိကန်နိုင်ငံမှ ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံတန်ဖိုးရှိ ရဟတ်ယာဉ်များဝယ်ရန် မကြာမီအတည် ပြုမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန် နိုင်ငံမှ  လော့ဟိမာတင် ကုမ်္ပဏီထုတ်  MH-60R Seahawk ရဟတ် ယာဉ် ၂၄စင်းကို ရေတပ်အတွက် ၀ယ်ယူ မည်ဖြစ်ပြီး   မိုဒီအစိုးရ အဖွဲ့၏ လုံခြုံရေး ကော်မတီက  လာမည့် သီတင်းပတ်တွင် အတည်ပြုနိုင်ဖွယ်ရှိသည်။

အိန်္ဒိယအစိုးရသည် အမေရိကန် သမတ ဒေါ်နယ်ထရမ့်၏ အိန်္ဒိယနိုင်ငံ ခရီးစဉ်မတိုင်မီ အဆိုပါအတည်ပြုဆုံးဖြတ်ချက်ကို ချမှတ် မည်ဖြစ်သည်။

ဒေါ်နယ်ထရမ့်၏ ပထမဆုံး အိန်္ဒိယ နိုင်ငံခရီးစဉ်မှာ ဖေဖော်ဝါရီ ၂၄၊ ၂၅ ရက် တွင်ဖြစ်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်သည်။

အိန်္ဒိယနှင့် အမေရိကန်နိုင်ငံတို့ကြား ဆက်ဆံရေးသည်  ကာကွယ်ရေးကဏ္ဍတွင် တစ်စထက်တစ်စ တိုးတက်လာနေပြီး ၂၀၀၇ ခုနှစ်မှစ၍ ယခုအချိန်အထိ အမေရိကန် နိုင်ငံမှ အိန်္ဒိယက၀ယ်ယူသည့်စစ်လက်နက် ပစ်္စည်းတန်ဖိုးစုစုပေါင်းမှာ ဒေါ်လာ ၁၇ ဘီလီယံ အထိရှိသည်။

အမေရိကန်အစိုးရသည် အိန်္ဒိယအစိုးရက ၀ယ်ယူရန်တောင်းဆိုထားသည့် ဒေါ်လာ ၁ ဒသမ ၈၇ ဘီလီယံတန်ဖိုးရှိ ပေါင်းစပ် လေကြောင်းရန် ကာကွယ်ရေး လက်နက်စနစ်ကိုရောင်းချပေးရန် ဖေဖော်ဝါရီ ၁၀ ရက်တွင် အတည်ပြုလိုက်ပြီဖြစ်ကြောင်း သိရ

သည်။

Ref: The Straits Times 

Read 1360 times Last modified on Wednesday, 12 February 2020 13:41