SJ WorldNews - шаблон joomla Авто

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ချိုးဖောက်ပါက စစ်ရေးအရ ပြင်းထန်စွာ လက်တုံ့ပြန်မည်ဟု တူရကီပြော

Thursday, 12 March 2020 08:53 font size decrease font size decrease font size increase font size increase font size

အန်ကာရာ၊ စစ်ရေး

ဆီးရီးယားနိုင်ငံ၌ ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ချမှတ်ထားသည့် အပစ် အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ပါက စစ်ရေးအရ   ပြင်းထန်စွာ လက်တုံ့ပြန်မည်ဟု တူရကီဝန်ကြီးချုပ် ရီဆပ်တေယစ်အာဒိုဂန် က မတ် ၁၁ ရက်တွင် ပြောသည်။

အိုင်ဒလစ်ပြည်နယ်အတွင်း၌ တိုက်ခိုက်မှုဖြစ်ပွားပါက တူရကီအနေဖြင့် အပြင်းအထန် လက်တုံ့ပြန်သွား မည်ဖြစ်ကြောင်း၊ အဆိုပါပြည်နယ်အတွင်း၌ အပစ်အခတ် ရပ်စဲရေးသဘောတူညီချက် ချိုးဖောက်မှုများရှိနေပြီး တူရကီ၏ အဓိကဦးစားပေး လုပ်ဆောင်ချက်မှာ ဒေသတွင်းရှိ စောင့်ကြည့်ရေးစခန်း ၁၂ ခု၏ ဘေးကင်းရေးပင်ဖြစ်ကြောင်း အာဒိုဂန်က လွှတ်တော်တွင် ပြော သည်။

ဆီးရီးယားအစိုးရတပ်များသည် အိုင်ဒလစ်ပြည်နယ်ကို  တူရကီကထောက်ခံ ထားသည့် သူပုန်များလက်မှ အပြီးသတ်ပြန်လည် သိမ်းယူနိုင်ရေးအတွက် မကြာမီက ထိုးစစ်ဆင်မှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် ဆီးရီးယားတပ်များ အား လက်တုံ့ပြန်နိုင်ရေးအတွက်  တူရကီက လုပ်ဆောင်ခဲ့ရာမှ စစ်ရေးအရ တင်းမာမှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ အိုင်ဒလစ်ပြည်နယ်၌ စစ်ရေးတင်း မာမှုများကို အဆုံးသတ်ရန် တူရကီနှင့် ရုရှားတို့က ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက သဘောတူညီခဲ့ပြီး နှစ်ဖက်အဖွဲ့အစည်းများကြား ချမှတ်ခဲ့သည့် သဘောတူညီချက်နှင့် စပ်လျဉ်း၍ အသေးစိတ် ဆွေးနွေးရန် ရုရှားကိုယ်စား လှယ်အဖွဲ့တစ်ဖွဲ့ တူရကီသို့ မတ် ၁ဝ ရက်တွင် ရောက်ရှိလာသည်။

ဆီးရီးယား၌ အပစ်အခတ်ရပ်စဲရေးနှင့် စပ်လျဉ်း၍ နှစ်နိုင်ငံကြား သဘော တူညီချက်ကို လာမည့်အပတ်တွင် အပြီးသတ်ချမှတ်ရန် မျှော်လင့်လျက်ရှိ သည်။

Ref: Sputnik, AJ

Read 1263 times Last modified on Tuesday, 14 April 2020 22:09