SJ WorldNews - шаблон joomla Авто

လေယာဉ်မှူးမလိုတဲ့ပုံစံနဲ့ ပျံသန်းနိုင်တဲ့ SU-57 တိုက်လေယာဉ်

Monday, 18 May 2020 10:57 font size decrease font size decrease font size increase font size increase font size

ဆူးခွိုင်(Sukhoi)ဆိုတာ နာမည်ကျော် ရုရှားလေကြောင်း အာကာသအင်ဂျင်နီယာတစ်ဦးရဲ့ မျိုးရိုးအမည်ဖြစ်ပါတယ်။ အခုဆိုရင် ရုရှားရဲ့တိုက်လေယာဉ်တွေက ပဉ္စမ မျိုးဆက်ကိုရောက်လာပါပြီ။ ဆူးခွိုင်ဒီဇိုင်း ဗျူရိုက ကံကောင်းစေတယ် လို့ယူဆထားတဲ့ နံပါတ်ကတော့ ခုနစ်ပါ။ ဒီအရာတွေ အားလုံးပေါင်းပြီး ဖြစ်ပေါ်လာတာက  SU-57 တိုက်လေယာဉ် ပဲဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်မှာကျင်းပတဲ့ အပြည်ပြည် ဆိုင်ရာ စစ်ဘက်နှင့်နည်းပညာဖိုရမ်မှာ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက  SU-57 တိုက်လေယာဉ် ၇၆ စင်းကို မှာယူခဲ့ပါတယ်။ အဲဒါတွေအားလုံးကို ၂၀၂၈ ခုနှစ်မှာ အပြီးပေးအပ်ရမှာပါ။ လက်ရှိမှာတော့ လေယာဉ်  ၁၃ စင်းကိုတည်ဆောက်ပြီးပါပြီ။

ဒီအချိန်မှာ SU-57 တိုက်လေယာဉ် ထုတ်လုပ်ရေးကုမ္ပဏီက စမ်းသပ်မှုတစ်ခုကို လုပ်လိုက်ပါတယ်။ အဲဒီစမ်းသပ်မှု ကတော့ လေယာဉ်မှူးမလိုတဲ့ပုံစံနဲ့ ပျံသန်းနိုင်ခြင်းရှိ၊ မရှိဆိုတာပါပဲ။ ဒီစမ်းသပ်မှုကို လုပ်စဉ်အတွင်း လေယာဉ် မောင်းခန်းထဲမှာ လေယာဉ်မှူးတစ်ဦး လိုက်ပါပေမယ့် လေယာဉ်ရဲ့စနစ်တွေ အားလုံးကို လေယာဉ်မှူးရဲ့ လုပ်ဆောင်ချက်မပါဘဲ လေယာဉ်ကသာ အလိုအလျောက် ထိန်းချုပ်သွားတာဖြစ်ပါတယ်။

T-50 လို့လည်းခေါ်တဲ့ SU-57 တိုက် လေယာဉ်ဟာ နောက်ဆုံးပေါ်နည်းပညာမြင့် တိုက်လေယာဉ် အမျိုးအစားဖြစ်ပြီး ချေမှုန်း ရေးလေယာဉ်ကဲ့သို့လည်းကောင်း၊ တိုက်ခိုက် ရေးလေယာဉ်ကဲ့သို့လည်းကောင်း တာဝန်တွေထမ်းဆောင်နိုင်ပြီး ရေပြင်၊ မြေပြင်၊ ဝေဟင်ရှိ ဘယ်လိုပစ်မှတ်မျိုးကိုမဆို  ထိရောက်စွာဖျက်ဆီးနိုင်စွမ်းရှိပါတယ်။

အခုလိုမျိုးစမ်းသပ်ခြင်းဟာ အကယ်၍ တိုက်ပွဲဝင် လေယာဉ်မှူးတစ်ဦးက အကြောင်းအမျိုးမျိုးကြောင့် လေယာဉ်ကို မထိန်းချုပ် နိုင်တော့ဘူးဆိုရင် လေယာဉ်ကသူ့အလုပ်ကို အလိုအလျောက် လုပ်ပေးသွားနိုင်စေဖို့ အပြင်  နောင်တစ်ချိန်မှာ   အပြည့်အဝ မောင်းသူမဲ့လေယာဉ်အဖြစ် ပုံစံပြောင်းလဲလိုက်ဖို့အတွက် အရေးပါတဲ့စမ်းသပ်မှုပဲဖြစ် ပါတယ်။

နွေဦး

 

Read 63 times Last modified on Monday, 18 May 2020 10:57