SJ WorldNews - шаблон joomla Авто

အမေရိကန်အထူးတပ်ဖွဲ့များ လက်ခံရရှိတော့မယ့် NGSW သေနတ်များ

Monday, 18 May 2020 11:02 font size decrease font size decrease font size increase font size increase font size

NGSW သေနတ်ဆိုတာကတော့ မျိုးဆက်သစ် တပ်ဖွဲ့အဆင့်သုံး လက်နက်များကို ဆိုလိုတာဖြစ်ပါတယ်။ ဒီလက်နက်စနစ်တွေကို မကြာခင်မှာ ကြည်းတပ်အထူးတပ်ဖွဲ့နဲ့ ရိန်းဂျားတပ်ဖွဲ့တွေလိုမျိုး မြေပြင်အထူး စစ်ဆင်ရေးတပ်ဖွဲ့တွေက လက်ခံရရှိတော့မှာဖြစ်ပါတယ်။

လက်ရှိမှာတော့     ဒီလက်နက်စနစ်အတွက်   လက်နက်ကုမ္ပဏီလေးခုက  ရှေ့ပြေးပုံစံတွေကို ထုတ်လုပ်ပေးထားပြီး အမေရိကန်တပ်မတော်က လေ့လာဆန်းစစ် အကဲဖြတ်မှုတွေလုပ်နေပါတယ်။ ပြီးမှသာ ကုမ္ပဏီတစ်ခုကိုရွေးပြီး    လက်နက်စနစ် တစ်ခုလုံးကိုထုတ်လုပ်ခိုင်းမှာပါ။

အဲဒီလက်နက်စနစ်တွေထဲမှာ အဓိက ပါဝင်မှာကတော့  NGSW စနစ်သုံးရိုင်ဖယ်တွေဖြစ်ပြီး လက်ရှိကြည်းတပ်က အသုံးပြုနေတဲ့  M4A1 ကာဘိုင်တွေနေရာမှာ အစားထိုးသွားမှာပါ။ ဒါ့အပြင် NGSW စက်ကလေးကိုလည်း လက်ရှိသုံးနေတဲ့  M249 စက်ကလေးနေရာမှာ အစားထိုးသွားမှာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်ဝန်းကျင်မှာ ကြည်းတပ်ရဲ့ လက်နက်တိုက်ထဲကို ရောက်လာတော့မယ့် NGSW လက်နက်တွေမှာ တိုးတက်တီထွင် ပြောင်းလဲထားမှု အများအပြားရှိပါတယ်။  ပထမဆုံး ပြောင်းလဲမှုကတော့ အသုံးပြုမယ့် ကျည်ဆန် ကွာသွားပါတယ်။

NGSW လက်နက်တွေမှာ အသုံးပြုမယ့် ကျည်ဆန်က  ၆ ဒသမ ၈ မီလီမီတာ ကျည်ဆန်များဖြစ်တဲ့အတွက်    လက်ရှိ အသုံးပြုနေတဲ့ ၅ ဒသမ ၅၆ မီလီမီတာ ကျည်ဆန်တွေနဲ့နှိုင်းယှဉ်ပါက ထိရောက်မှု အကွာအဝေးမှာသာမက ထိမှန်နိုင်မှုမှာလည်း သာလွန်စေပါတယ်။

လက်နက်တွေကလည်း အပေါ့စားများ ဖြစ်တဲ့အတွက်   စစ်သည်တွေအနေနဲ့ တိုက်ပွဲဝင်ဖို့ထွက်ခွာချိန်မှာ ကျည်ဆန်နဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို ပိုသယ်နိုင်မှာ ဖြစ်တဲ့အပြင် အသံလုံခြုံမှုနဲ့ မီးပွင့်ထွက်မှု ပမာဏကိုလည်း လျှော့ချထားတဲ့အတွက် ရန်သူ့ရဲ့ထောက်လှမ်းမှုကနေ လွတ်မြောက်စေနိုင်ပါတယ်။

နောက်ဆုံးတစ်ချက်ကတော့ လိုသလို အဆင့်မြှင့်နိုင်ခြင်းဖြစ်ပြီး    ကျည်သွားလမ်းကြောင်းတွေကို တွက်ချက်ဖို့၊  အလို အလျောက် ပစ်မှတ်သတ်မှတ်နိုင်ဖို့အပြင်  စစ်မြေပြင်မှာ  ရန်သူကိုမျက်ခြည်မပြတ် ခြေရာခံဖို့အတွက် ဆက်စပ်ပစ္စည်း တွေကိုလည်း NGSW လက်နက်တွေမှာ တပ်ဆင်နိုင်မှာဖြစ်ပါတယ်။

နွေဦး

 

Read 58 times Last modified on Monday, 18 May 2020 11:03