SJ WorldNews - шаблон joomla Авто

အမေရိကန်ရဲ့သံချပ်ကာယာဉ်များအတွက် ဖြစ်လာမယ့် ဆုံလည်စိန်ပြောင်းပုံစံအသစ်

Tuesday, 26 May 2020 10:08 font size decrease font size decrease font size increase font size increase font size

အမေရိကန်တပ်မတော်ဟာ သံချပ်ကာယာဉ်များအတွက် သက်တမ်းကုန်နေပြီဖြစ်တဲ့ ဆုံလည် စိန်ပြောင်းစနစ် နေရာမှာ သူ့ထက်သာလွန်ကောင်းမွန်တဲ့စနစ်ကို အစားထိုးဖို့ ၂၀၁၈ ခုနှစ်ကတည်းက ရှာဖွေနေခဲ့ပါတယ်။

အခုတော့ ဖင်လန်နိုင်ငံရဲ့ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုကုမ္ပဏီ ပတ်ထရီယာက အမေရိကန်ကြည်းတပ်နဲ့ သဘောတူညီချက်တစ်ခုကို လက်မှတ်ထိုးလိုက်ပါပြီ။

အဲဒီသဘောတူညီချက်က ပတ်ထရီယာကုမ္ပဏီထုတ် ၁၂၀ မီလီမီတာ ဆုံလည်စိန်ပြောင်း အသစ်က အမေရိကန်ရဲ့သံချပ်ကာယာဉ်တွေမှာ တပ်ဆင်နိုင်ခြင်းရှိ၊မရှိနဲ့ အမေရိကန်ရဲ့ ပစ်ခတ်မှုထိန်းချုပ်စနစ်တွေနဲ့ အံဝင်ခွင်ကျခြင်း ရှိ၊ မရှိ လေ့လာစမ်းသပ်ဖို့ဖြစ်ပါတယ်။

အခုဆိုရင် အမေရိကန်ကြည်းတပ်က ဂျော်ဂျီယာပြည်နယ် ဘန်းနင်းခံတပ်မှာ အဲဒီဆုံလည် စိန်ပြောင်းစနစ် အသစ်ကို စမ်းသပ်ပြီးပြီလို့ ပတ်ထရီယာကုမ္ပဏီရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အမေရိကန်ကြည်းတပ်က ရှာဖွေနေတဲ့ စိန်ပြောင်းစနစ်အသစ်က ရန်သူ့အမြောက်တိုက်ခိုက်မှုကနေ ကာကွယ်ပေးနိုင်ရမယ်။ စိန်ပြောင်းဗုံးသီးရဲ့ပေါက်ကွဲမှုနဲ့အသံဆူညံမှုကို စစ်သည်တွေအနေနဲ့ အနည်းဆုံး ကြားနိုင်အောင် တားဆီးပေးနိုင်ရမယ်။

ဒါ့အပြင် ဆုံလည်စနစ်ဟာ လက်ရှိအသုံးပြုနေတဲ့တပ်ရင်းအဆင့်စိန်ပြောင်းစနစ် သို့မဟုတ် နောက်ကန် စိန်ပြောင်းစနစ် အပေါ့စားတွေထက် အကွာအဝေးပိုမိုရောက်ရှိနိုင်တဲ့ အကြီးစားဗုံးသီးတွေကို ပစ်လွှတ်နိုင်စွမ်း ရှိရမယ်လို့ အမေရိကန်ကြည်းတပ်ရဲ့ လိုလားချက်တွေထဲမှာဖော်ပြထားပါတယ်။

ပတ်ထရီယာကုမ္ပဏီဟာ သူတို့ရဲ့ဆုံလည်စိန်ပြောင်းပုံစံအသစ်ကို ဖင်လန်ကြည်းတပ်အပြင်ဆော်ဒီအာရေဗျ၊ ဆလိုဗေးနီးယား၊ ဆွီဒင်နဲ့ အာရပ်စော်ဘွားများပြည်ထောင်စုတို့ဆီကို ရောင်းချထားပြီးပါပြီ။ အာရပ်စော်ဘွားများ ပြည်ထောင်စုဆိုရင်အဲဒီစိန်ပြောင်းပုံစံအသစ်ကို သူတို့ရဲ့စစ်ရေယာဉ်တွေမှာ တပ်ဆင်ထား ပါတယ်။

နွေဦ

Read 70 times