SJ WorldNews - шаблон joomla Авто

ချုံခိုတိုက်ခိုက်မှုမှာ ရဟတ်ယာဉ်များကိုပင် ပစ်ချနိုင်မယ့် AVSK  စနိုက်ပါများ

Tuesday, 26 May 2020 10:16 font size decrease font size decrease font size increase font size increase font size

 

 

ရုရှားကြည်းတပ်မှ လက်ဖြောင့်သေနတ်သမားတွေ အနေနဲ့ ချုံခိုတိုက်ခိုက်ရာမှာ ရဟတ်ယာဉ်များကိုပင် ပစ်ခတ်နိုင်တဲ့ AVSK စနိုက်ပါတွေကိုပိုင်ဆိုင်ရတော့ မယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ အမည် မဖော်လိုသူ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

မကြာသေးမီကလုပ်တဲ့ စနိုက်ပါပစ်ခတ်စဉ် လေ့ကျင့်မှုမှာ AVSK စနိုက်ပါတပ်ဆင်ထားတဲ့ လက်ဖြောင့် သေနတ်သမားများဟာ ဝေဟင်ကနေ တိုက်ခိုက်နေတဲ့ ရဟတ်ယာဉ်တစ်စင်းကို တိုက်ခိုက်ဖို့ အတွက် နည်းဗျူဟာတွေနဲ့ လေ့ကျင့်ကြတယ်လို့ အဆိုပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

ဒီစနိုက်ပါကိုကိုင်ဆောင်သူ လက်ဖြောင့်သေနတ် သမားတွေအနေနဲ့ အကွာအဝေး ၂  ကီလိုမီတာမှာရှိတဲ့ ပစ်မှတ်ကို တိကျစွာပစ်ခတ်နိုင်တယ်လို့ ရုရှား လေထီးစစ်သည်များသမဂ္ဂမှ ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးကြီး ဗလာရီယာယက် ကပြောပါတယ်။

AVSK စနိုက်ပါဟာ ၁၂ ဒသမ ၇ မီလီမီတာရှိတဲ့ ကျည်ဆန်ကိုအသုံးပြုထားတာကြောင့် သံချပ်ကာ လူသယ်ယာဉ်များ၊ မြေပြင်တိုက်ခိုက်ရေးယာဉ်များနဲ့ ဝေဟင်တိုက်ခိုက်ရေးယာဉ်များကို ဖောက်ထွင်း တိုက်ခိုက် နိုင်ပါတယ်။

ဒါ့အပြင် စနိုက်ပါမှာသုံးထားတဲ့ ကျည်ဆန်ဟာ ရဟတ်ယာဉ်ရဲ့သံချပ်ကာကိုသာမက လေယာဉ်မှူး တွေကို ကာကွယ်ပေးထားတဲ့ ကျည်ကာမှန်တွေကို လည်း ဖောက်ထွင်းနိုင်စွမ်းရှိပါတယ်။

ဒါပေမဲ့ လျင်မြန်စွာရွေ့လျားနေတဲ့ ပစ်မှတ်တွေကို ကြုံသလိုပစ်ခတ်တာဟာ အကျိုးရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် လက်ဖြောင့်သေနတ်သမားတစ်ဦးအနေနဲ့ ကိုယ်ပစ်ခတ်ရမယ့်ပစ်မှတ်ကို သေချာချိန်တွယ်နိုင်ဖို့ ကြိုတင် နေရာယူပြီးမှသာ တိကျတဲ့ပစ်ချက်ကိုပစ်ရမှာ ဖြစ်ပါတယ်လို့ ဗလာရီယာယက်ကပြောပါတယ်။

AVSK စနိုက်ပါမှာ အပစ်ခလုတ်က ကျည်အိမ် ရှေ့မှာရှိတာကြောင့် သေနတ်ရဲ့အလျားကို သိသိသာသာ လျှော့ချနိုင်ပြီး ပြောင်းအလျားကို မူလအတိုင်း ထားရှိနိုင်စေတာကြောင့် ပိုမိုကျစ်လျစ်သိပ်သည်းမှု ရှိလာပါတယ်။

နွေဦး

 

Read 82 times