SJ WorldNews - шаблон joomla Авто

အမေရိကန်ရဲ့တိုက်ခိုက်ရေးရေငုပ်သင်္ဘောများအတွက် အသေးစားတော်ပီဒိုအသစ်

Tuesday, 26 May 2020 10:26 font size decrease font size decrease font size increase font size increase font size

 

 

နော့ရော့ဂရမ်မန်းကုမ္ပဏီက အမေရိကန်ရေငုပ်သင်္ဘောတွေအတွက် တော်ပီဒို အမျိုးအစားအသစ်ကို တီထွင်ထုတ်လုပ် နေတယ်လို့ အဲဒီကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။

အဲဒီရှေ့ပြေးပုံစံ လက်နက်အသစ်ကို အလွန်အပေါ့စားတော်ပီဒို (VLWT) လို့ ခေါ်ပြီး ကာကွယ်ရေး စက်မှု လုပ်ငန်းမှာ ပထမဆုံးသော လက်နက်အသစ်ဖြစ်ပါတယ်။

အမေရိကန်ရေတပ်သုတေသနရုံးက တော်ပီဒိုလက်နက်အမျိုးအစားအသစ် အတွက် ၂၀၁၆ ခုနှစ်မှာ ကန်ထရိုက်ခေါ်ယူခဲ့ပါတယ်။ ဗာဂျီးနီးယားပြည်နယ် အခြေစိုက် နော့ရော့ဂရမ်မန်းကုမ္ပဏီက ဒီလက်နက်အသစ်အတွက် သုတေသနပြု တီထွင်မှုကို ကိုယ်ပိုင်ငွေကြေးအကုန်အကျခံ ပြီးလုပ်ဆောင် ခဲ့တာပါ။ အဲဒီနောက်မှာတော့ ပထမဆုံးဒီဇိုင်းပိုင်းမှာတင် ကုန်ကျစရိတ်များလွန်းတဲ့ ပါဝင်ပစ္စည်းတွေကို ဖယ်ရှား နိုင်ခဲ့ပါတယ်။

အခုဆိုရင် တော်ပီဒိုထိပ်ဖူးကို ပထမဆုံး စမ်းသပ်မှုမှာပဲ အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ တယ်လို့ ကုမ္ပဏီရဲ့ တော်ပီဒိုစီမံကိန်း ခေါင်းဆောင် ဒေးဗစ်ပေါ့နာကပြောပါတယ်။

လက်ရှိစမ်းသပ်နေတဲ့ တော်ပီဒိုဟာ အလေးချိန် ၉၉ ဒသမ ၈ ကီလိုဂရမ်နဲ့ အလျား ၂ ဒသမ ၁၅ မီတာအပေါ် အခြေခံပြီး ဒီဇိုင်းရေးဆွဲထားတာပါ။

ဒါကြောင့် အမေရိကန်ရေတပ်အတွက် နော့ရော့ဂရမ်မန်းကုမ္ပဏီက လက်ရှိ ထုတ်လုပ်ပေးနေတဲ့ အကြီးစား MK-48 တော်ပီဒိုနဲ့ အပေါ့စား MK-54 တော်ပီဒို တို့ထက် ပိုမိုသေးငယ်ပါတယ်။

MK-48 တော်ပီဒိုက အလေးချိန် ၁၆၇၈ ကီလိုဂရမ်နဲ့ အလျား ၅ ဒသမ ၈ မီတာရှိပါတယ်။ MK-54 တော်ပီဒိုကတော့ အလေးချိန် ၂၇၅ ကီလိုဂရမ်နဲ့ အလျား ၂ ဒသမ ၇၂ မီတာရှိပါတယ်။ MK-48 တော်ပီဒို တွေက အမေရိကန်ရေတပ်ရဲ့ တိုက်ခိုက်ရေးရေငုပ်သင်္ဘောတွေအတွက် ပင်မနည်းဗျူဟာမြောက် လက်နက်တွေဖြစ် ပါတယ်။

အမေရိကန်ရေတပ်အနေနဲ့ လာမယ့် ဘဏ္ဍာနှစ်မှာ တော်ပီဒိုအသစ်ထုတ်လုပ်ရေး အစီအစဉ်အတွက် ဒေါ်လာ ၄၉ ဒသမ ၁ သန်း တောင်းခံထားပါတယ်။ ဒါ့အပြင်ကျစ်လျစ်မှုရှိသော အမြန်တိုက်ခိုက်ရေး လက်နက်များကို ဗာဂျီးနီးယားအမျိုးအစား တိုက်ခိုက်ရေးရေငုပ်သင်္ဘောတွေမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာ လထဲမှာ တပ်ဆင် သွားဖို့ရည်ရွယ်ထားပါတယ်။

 

Read 88 times Last modified on Tuesday, 26 May 2020 10:28