SJ WorldNews - шаблон joomla Авто

စပိန်၌ နစ်ဆန်းကားစက်ရုံပိတ်မည့်ကိစ္စနှင့်ပတ်သက်၍ အလုပ်သမားများဆန္ဒပြ

Friday, 29 May 2020 10:37 font size decrease font size decrease font size increase font size increase font size

 

 

 

ဘာစီလိုနာ၊ ပြည်တွင်းရေး

 

စပိန်နိုင်ငံရှိ ဘာစီလိုနာမြို့၌ ဂျပန်မော်တော်ကားထုတ်လုပ်မှု ကုမ္ပဏီမှပိုင်ဆိုင်သည့်   နစ်ဆန်းကား ထုတ်လုပ်ရေးစက်ရုံကိုပိတ်မည့်အစီအစဉ်နှင့်ပတ်သက် ၍ အလုပ်သမားထောင်ပေါင်းများစွာက ဆန္ဒပြ ကြောင်း သိရသည်။

 

အဆိုပါစက်ရုံကို ပိတ်လိုက်ပါက  လူ ၃၀၀၀ နီးပါး အလုပ်လက်မဲ့ဖြစ်လာနိုင်သည့်အတွက် ဆန္ဒပြခြင်း ဖြစ်သည်။

 

ဘာစီလိုနာမြို့ရှိ နစ်ဆန်းကားစက်ရုံပတ်ဝန်းကျင် တွင် ဆန္ဒပြရန်စီစဉ်ထားကြောင်း တက်ကြွလှုပ်ရှားသူ များက မေ ၂၈ ရက်တွင်ပြောပြီးနောက်   ဆန္ဒပြသူများက ဆန္ဒပြပွဲအတွင်း ဖယောင်းတိုင်များမီးညှိကာ ကားတာယာများကို မီးရှို့ကြောင်းသတင်းဌာနများက ဖော်ပြထားသည်။

 

နစ်ဆန်းကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် မာကိုတိုယူချီဒါက ကမ္ဘာတစ်ဝန်းရှိ ကားထုတ်လုပ်ရေးစက်ရုံ  များ ပြန်လည်ဖွဲ့စည်းရေးအစီအစဉ်၏   တစ်စိတ်တစ်ဒေသအနေဖြင့် ထိုစက်ရုံကိုပိတ်ရန် ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း မေ ၂၈ ရက်တွင် ကြေညာသည်။

 

နစ်ဆန်းစက်ရုံကိုဆက်လက်လည်ပတ်ရန် ဒေသတွင်း အာဏာပိုင်များက အဆိုပြုခဲ့သော်လည်း ကုမ္ပဏီက လက်ခံခြင်းမရှိဘဲ  စက်ရုံလည်ပတ်မှုကို  ရပ်တန့်ရန်ဆုံးဖြတ်ခြင်းဖြစ်ကြောင်း  စပိန်အစိုးရ ကပြောသည်။

 

ပစ်ကပ်နှင့် ဗင်ကားများကို အဓိကထုတ်လုပ်သည့် အဆိုပါစက်ရုံကိုပိတ်ခြင်းက  အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံကုန်ကျမည်ဖြစ်ကြောင်း   သိရသည်။

 

နစ်ဆန်းကုမ္ပဏီ၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍အလွန်စိတ်မကောင်းကြောင်း၊ စပိန်အစိုးရအနေဖြင့် ထိုကုမ္ပဏီနှင့်ဆက်လက်လက်တွဲလိုကြောင်း၊ ဒေသတွင်းအာဏာပိုင်များက အခြားအဖြေတစ်ခုကို မျှော်လင့်နေ ကြောင်း စပိန်စီးပွားရေးဝန်ကြီး နာအီဒိုကယ်ဗီဒိုက TVE     ရုပ်မြင်သံကြား သတင်းဌာန သို့ပြောသည်။

 

နစ်ဆန်းကုမ္ပဏီက နီဗားရားပစ်ကပ်ယာဉ်များကို တောင်အာဖရိက၌ ပြောင်းရွှေ့ထုတ်လုပ်ရန် စီစဉ် ထားကြောင်း သိရသည်။

 

Read 90 times Last modified on Friday, 29 May 2020 10:43