SJ WorldNews - шаблон joomla Авто

အမေရိကန်က အငြင်းပွားရေပိုင်နက်အနီးစစ်သင်္ဘောဖြတ်သန်းစေခြင်းဖြင့် တရုတ်ကိုရန်စ

Saturday, 30 May 2020 15:46 font size decrease font size decrease font size increase font size increase font size

 

အမေရိကန်ရေတပ်မှ ပဲ့ထိန်းဒုံးကျည် တင်ဖျက်သင်္ဘောတစ်စင်းသည် တောင် တရုတ်ပင်လယ်အတွင်းရှိ တရုတ်နိုင်ငံက ပိုင်ဆိုင်သည်ဟုပြောထားသော ပါရာဆဲ ကျွန်းစုအနီးမှ မေ ၂၈ ရက်တွင် ဖြတ်သန်း ခုတ်မောင်းသွားကြောင်း သိရသည်။

အဆိုပါစစ်သင်္ဘောဖြတ်သန်းခုတ်မောင်း ခြင်းသည် အမေရိကန်က တရုတ်ကိုရန်စ သည့် နောက်ထပ် အပြုအမူတစ်ခုဖြစ် ကြောင်း CNN သတင်းဌာနကဖော်ပြထားသည်။

USS Mustin  စစ်သင်္ဘောသည် မေ ၂၈ ရက်တွင် အပြည်ပြည်ဆိုင်ရာဥပဒေကို လိုက်နာပြီး လွတ်လပ်စွာ ရေကြောင်းသွားလာ ခွင့်ကိုဖော်ဆောင်သည့်အနေဖြင့် ပါရာဆဲ ကျွန်းစုအနီးမှ ဖြတ်သန်း ခုတ်မောင်း ကြောင်း အမေရိကန်ရေတပ်အမှတ်(၇)ရေယာဉ်စုမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီးအန်သိုနီဂျန်ကို က ပြောသည်။

ယခုကဲ့သို့စစ်သင်္ဘောကို ဖြတ်သန်း ခုတ်မောင်းစေခြင်းဖြင့် အဆိုပါရေပြင်သည် တရုတ်နိုင်ငံ၏ တရားဝင်ပိုင်နက်ရေပြင် ၏အပြင်ဘက်တွင်ဖြစ်သည်ကို အမေရိကန် ကပြသခြင်းဖြစ်သည်ဟု အမေရိကန် ရေတပ်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်ရေတပ်သည် မတ်လတွင် ပါရာဆဲကျွန်းစုအနီးတစ်ကြိမ်၊ ဧပြီလတွင် ပါရာဆဲကျွန်းစုနှင့် စပရတ်လေကျွန်းစုအနီး တစ်ကြိမ်စီ စစ်သင်္ဘောများကို စေလွှတ် ဖြတ်သန်းစေပြီး ထိုကျွန်းစုများကို တရုတ် နိုင်ငံကပိုင်ဆိုင်သည်ဟု ပြောထားမှုကို စိန်ခေါ်မှုများလုပ်လာခြင်းဖြစ်သည်။

ထို့ပြင် ဟောင်ကောင်အရေးနှင့် နိုဗယ် ကိုရိုနာဗိုင်းရပ်အရေးတို့နှင့်ပတ်သက်၍ အမေရိကန်နှင့် တရုတ်အစိုးရတို့အကြား သဘောထားတင်းမာမှုများမြင့်တက်နေစဉ် အမေရိကန်ရေတပ်၏ အလားတူ လုပ်ဆောင် ချက်များ မြင့်တက်လာခြင်းဖြစ်သည်။

Read 111 times Last modified on Saturday, 30 May 2020 15:48