SJ WorldNews - шаблон joomla Авто

ဖောက်ခွဲရေးပစ္စည်းများတင်ဆောင်လာသောယာဉ်ကို အိန္ဒိယလုံခြုံရေးတပ်ဖွဲ့က အချိန်မီထိန်းသိမ်းနိုင်

Saturday, 30 May 2020 15:48 font size decrease font size decrease font size increase font size increase font size

 

အိန္ဒိယနိုင်ငံပိုင် ဂျမူးနှင့်ကက်ရှမီးယား ပြည်နယ်၌ အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ် ရန်အကြံအစည်ဖြင့် ဖောက်ခွဲရေးပစ္စည်း များတင်ဆောင်လာသောယာဉ်ကို လုံခြုံရေး တပ်ဖွဲ့က မေ ၂၈ ရက်တွင် အချိန်မီထိန်း သိမ်းလိုက်နိုင်ကြောင်းသိရသည်။

ကက်ရှမီးယားပြည်နယ်တောင်ပိုင်း၌ ဖောက်ခွဲရေးပစ္စည်း ကီလိုဂရမ် ၄၀ နီးပါး သယ်ဆောင်လာသော မော်တော်ယာဉ် တစ်စီးကို အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ကတွေ့ရှိ ပြီး အချိန်မီထိန်းသိမ်း လိုက်နိုင်ခြင်းဖြစ် သည်။

အဆိုပါယာဉ်သည် လုံခြုံရေးတပ်ဖွဲ့၏ ယာဉ်တန်းကို ဗုံးခွဲတိုက်ခိုက်ရန်ကြံစည်ထား ခြင်းဖြစ်သည် ဟုသိရသည်။

လုံခြုံရေးတပ်ဖွဲ့သည် ဂျမူးနှင့်ကက်ရှမီးယားဒေသအတွင်း ရှာဖွေရေးနှင့်အကြမ်း ဖက်မှုတိုက်ဖျက်ရေး စစ်ဆင်ရေးများဆောင် ရွက်လျက်ရှိပြီး ပါကစ္စတန်နိုင်ငံ၌လေ့ကျင့် ပေးထားသောအကြမ်းဖက်အဖွဲ့က ကက်ရှမီးယားဒေသ၌ တိုက်ခိုက်မှုကြီးပြုလုပ်ရန် စီစဉ်နေသည်ဟုသတင်းရရှိထားသည်။

အာဖဂန်နစ္စတန်နိုင်ငံမှ တာလီဘန်စစ်သွေးကြွ၂၀ ခန့်သည် အိန္ဒိယနိုင်ငံအတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ရန် ပါကစ္စတန်နိုင်ငံ၌လေ့ကျင့်ကြောင်း အိန္ဒိယထောက်လှမ်းရေး သတင်း အရင်းအမြစ်ကပြောသည်။

ဘာရာမူလာခရိုင် ဆာပိုးမြို့၌ အကြမ်းဖက်သမားအဖွဲ့က ဖောက်ခွဲမှုငါးကြိမ်နီးပါးပြုလုပ်ရန် စီစဉ် ထားပြီး ဆရီနာဂါခရိုင်ပန်သာချိုးမြို့အနီးတွင် ဖောက်ခွဲမှုပြုလုပ်ရန်သို့မဟုတ် အသေခံဗုံးခွဲတိုက်ခိုက်ရန် စီစဉ်ထားကြောင်းသိရသည်။

ထို့ပြင် အမည်မသိအကြမ်းဖက်သမား သုံးဦးက ကွာဇီဂန်း၊ ရာရီပိုရာ၊ ကူဝမ်မြို့တို့ရှိ ရဲစခန်းများကို တိုက်ခိုက်ရန်လည်းစီစဉ်ထား သည်ဟု ထောက်လှမ်းရေးသတင်းအရင်း အမြစ်ကဆိုသည်။ 

တရုတ်နှင့်အိန္ဒိယနိုင်ငံတို့သည် လာဒက် ဒေသ၌ နယ်စပ်ပိုင်ဆိုင်မှုနှင့်အငြင်းပွား နေခြင်းဖြစ်ပြီး မကြာသေးမီကလုပ်သော နှစ်နိုင်ငံဆွေးနွေးမှုများမှာလည်း အောင်မြင် မှုမရထားဘဲ ထိုနယ်စပ်ဒေသသို့ နှစ်နိုင်ငံ စလုံးကစစ်သည်များကို တိုးမြှင့်ဖြန့်ကြက် ထားသည်။

Read 135 times Last modified on Saturday, 30 May 2020 15:51