SJ WorldNews - шаблон joomla Авто

မြောက်ကိုရီးယားက တောင်ကိုရီးယား အပေါ်ပြုလုပ်မည့် စစ်ရေး အစီအစဉ်များကို ဆိုင်းငံ့

Thursday, 25 June 2020 08:32 font size decrease font size decrease font size increase font size increase font size

ဆိုး၊ စစ်ရေး

မြောက်ကိုရီးယားအစိုးရသည် တောင် ကိုရီးယားနိုင်ငံအပေါ်ပြုလုပ်မည့် စစ်ရေးအစီအစဉ်များကို ဆိုင်းငံ့လိုက် ကြောင်း  KCNA သတင်းဌာနက ဇွန် ၂၄ ရက်တွင် ဖော်ပြသည်။

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံ အွန်က ဇွန် ၂၃ ရက်တွင် ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်များနှင့်  အွန်လိုင်းမှ တစ်ဆင့်  အစည်းအဝေးလုပ်ပြီး လက်ရှိဖြစ်ပေါ်နေ သောအခြေအနေများနှင့်   ဆွေးနွေးကာ စစ်ရေးအစီအစဉ်များ ဆိုင်းငံ့မည့် ဆုံးဖြတ် ချက်ကို   ချမှတ်လိုက်ခြင်းဖြစ်ကြောင်း  ုဃဗြ သတင်းဌာနက ဖော်ပြထားသော် လည်း အသေးစိတ် အချက်အလက်များမပါ ဝင်သည်ကိုတွေ့ရသည်။

အလားတူ မြောက်ကိုရီးယား စစ်သည်များသည် တောင်ကိုရီးယားနှင့် နယ်စပ်၌ ချထားသည့်  အသံချဲ့စက်များကို လည်း ပြန်ဖြုတ် သိမ်းသွားကြောင်း သတင်းဌာန တစ်ခုကဖော်ပြထားသည်။

ထို့ပြင် ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်များသည် စစ်ရေးနည်းဖြင့်အဟန့်အတားဖြစ်စေမည့် အစီအစဉ်များကို  တိုးမြှင့် ရန်လည်း  ဆွေးနွေးကြောင်း KCNA သတင်းဌာန၏ ဖော်ပြချက်အရသိရသည်။

တောင်ကိုရီးယားရှိ မြောက်ကိုရီးယား ပြည်ပြေးများက  ကင်ဂျုံအွန်မကောင်း ကြောင်းရေးထားသည့် လက်ကမ်း စာစောင် များကို တစ်ဖက်နိုင်ငံသို့ ဖြန့်ကြဲခြင်းအပေါ်  တောင်ကိုရီးယားအစိုးရကထိရောက်စွာ မကိုင်တွယ်သည့် အတွက် ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးပြန်တင်းမာလာခြင်းဖြစ်သည်။

မြောက်ကိုရီးယားအစိုးရသည် မကြာသေး မီက ၎င်းတို့နိုင်ငံဘက်အခြမ်းရှိ ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေးရုံးကို ဖောက်ခွဲဖြိုချပြီး နောက် မည်သည့်အတွက်ကြောင့် တောင်ကိုရီးယားအပေါ်ပြုလုပ်မည့် စစ်ရေးအစီ အစဉ်များ ဆိုင်းငံ့ လိုက်သည်ကို  ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း သိရသည်။

Read 53 times Last modified on Thursday, 25 June 2020 08:34