SJ WorldNews - шаблон joomla Авто

တောင်ကိုရီးယားအပေါ် စစ်ရေးအရ ဖိအားပေးမည့် အစီအစဉ်ကို  မြောက်ကိုရီးယားက ဆိုင်းငံ့ လိုက်ခြင်းဖြင့် တင်းမာမှုကို လျော့ကျစေမည်လား

Sunday, 28 June 2020 12:45 font size decrease font size decrease font size increase font size increase font size

 တောင်ကိုရီးယားအပေါ် စစ်ရေးအရ ဖိအားပေးမည့်အစီအစဉ်ကို မြောက်ကိုရီး ယားအစိုးရက ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက  ဆိုင်းငံ့လိုက်သည်။ ယင်းအစီ အစဉ်တွင် နှစ်နိုင်ငံကြား ဆက်ဆံရေး ယိုယွင်းလာပြီး နောက်ပိုင်း တောင်ကိုရီး ယားအပေါ်  မြောက်ကိုရီးယားအစိုးရက  စစ်ရေးအရ ဖိအားပေးလုပ်ဆောင်မည့် လုပ်ငန်းစဉ်များ ပါဝင်သည်။

အဆိုပါ လုပ်ငန်းစဉ်များတွင် မြောက်ကိုရီးယားနိုင်ငံက ကွမ်ဂန် အပန်းဖြေစခန်းနှင့် ကေဆုန်စက်မှု ဇုန်တို့၌ လက်နက် ကိုင်တပ်များနှင့်  ရဲကင်းများ  ပြန်လည် ဖြန့်ကြက်မည့် အစီအစဉ်လည်း ပါဝင်နိုင် ဖွယ်ရှိသည်။ မြောက်ကိုရီးယား အစိုးရသည် တောင်ကိုရီးယားနှင့် ဆက်ဆံရေး တိုးတက်စေရန် ယခင်က အဆိုပါ တပ်ဖွဲ့ များကို ရုပ်သိမ်း ခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားက အဆိုပါ အစီအစဉ်ကို ဆိုင်းငံ့လိုက်ခြင်းသည်  ခေါင်းဆောင် ကင်ဂျုံအွန်က အာဏာရပါတီ၏ ဗဟိုစစ် ကော်မရှင်နှင့် ဇွန် ၂၃ ရက်က ဗီဒီယိုမှ တစ်ဆင့် ဆွေးနွေးပြီးနောက်ပိုင်း ထွက်ပေါ် လာခြင်းဖြစ်သည်။

ထို့ပြင် မြောက်ကိုရီးယားစစ်သည်များ သည်  ဝါဒဖြန့်ချိရေးအတွက်  တောင် ကိုရီးယားနှင့် မြောက်ကိုရီးယား နယ်စပ် ၌   တပ်ဆင်ထားသည့်  အသံချဲ့စက် များကို ပြန်လည်ဖြုတ်သိမ်းလိုက်ပြီဖြစ် သည်။ မြောက်ကိုရီးယား ပြည်ပြေးများသည်  တောင်ကိုရီးယား နိုင်ငံအတွင်းမှ မြောက်ကိုရီးယား ဆန့်ကျင်ရေး ဝါဒဖြန့် ချိမှုများ  လုပ်ဆောင် ခဲ့ရာမှ  တောင်ကိုရီးယားနှင့်   မြောက်ကိုရီးယားနှစ်နိုင်ငံကြား  ဆက်ဆံရေးမှာ တင်းမာလာ ခြင်းဖြစ် သည်။

ယင်းနောက် မြောက်ကိုရီးယား အစိုးရသည် နှစ်နိုင်ငံ ဆက်ဆံရေးအတွက် ဖွင့်လှစ်ထားသည့်ဆက်ဆံရေးရုံးကို ဖောက်ခွဲခဲ့ ပြီး  တောင်ကိုရီးယားနှင့် ချိတ်ဆက်ထားသော  ဆက်သွယ်ရေးလိုင်းများကိုလည်း   မကြာသေးမီက ပင်  ဖြတ်တောက်ပစ်ခဲ့ သည်။

မြောက်ကိုရီးယားပြည်ပြေးများ  လုပ်ဆောင်နေသည့် ဝါဒဖြန့်ချိမှုများသည် တောင်ကိုရီးယားသမ္မတ မွန်ဂျေး အင်နှင့် ၂ဝ၁၈ ခုနှစ်အတွင်းက ပထမအကြိမ် အဖြစ်ကျင်းပသည့် ထိပ်သီးဆွေးနွေးပွဲ သဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ် သည်ဟု  မြောက်ကိုရီးယားက ပြောကြားသည်။

ပြည်ပြေးများ၏  လုပ်ဆောင်ချက်ကို တုံ့ပြန်နိုင်ရေးအတွက် မြောက်ကိုရီးယားက နယ်စပ်၌ အသံချဲ့စက်များ တပ်ဆင်ခဲ့ ခြင်းဖြစ်သည်။ သို့သော် ယခုအခါ အဆိုပါ အသံချဲ့စက်များကို မြောက်ကိုရီးယားက ပြန်လည် သိမ်းဆည်း သွားပြီဖြစ်သည်။

မြောက်ကိုရီးယား၏ အဆိုပါ လုပ်ဆောင် ချက်သည် နှစ်နိုင်ငံကြား ဖြစ်ပွားနေသည့် တင်းမာမှုများကို   လျော့ကျ လာစေမည့် အလားအလာများ  ထွက်ပေါ်လာစေ သည်။ သို့ရာတွင် မြောက်ကိုရီးယားအစိုးရ က   မည်သည့် အကြောင်း ရင်းကြောင့် တင်းမာမှုလျော့ကျစေရန်  လုပ်ဆောင်ခဲ့ သည်ကို အတိအကျမသိရသေးပေ။

သို့သော်  မြောက်ကိုရီးယား၏  လုပ်ဆောင်ချက်များကို တောင်ကိုရီးယားက စောင့်ကြည့်နေပြီး နှစ်နိုင်ငံကြား ချမှတ် ထားသည့်  သဘောတူညီချက်များကို  ဆက်လက်ထိန်းသိမ်းရေးရပ်တည်ချက်အား ပြောင်းလဲမည်မဟုတ် ဟု တောင်ကိုရီးယား အစိုးရက   တုံ့ပြန်ပြောကြား ထားသောကြောင့် ကိုရီးယားနှစ်နိုင်ငံစလုံးအနေဖြင့် ယခုအခြေအနေကို ဆက်လက်ထိန်းသိမ်း နိုင်မည်ဆိုပါက  နှစ်နိုင်ငံကြားဖြစ်ပွား နေသည့်တင်းမာမှုသည် မကြာမီကာလ အတွင်း လျော့ကျလာမည့်အလားအလာ  ရှိနေသည်။

Read 46 times Last modified on Sunday, 28 June 2020 12:47