SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ဟူသီသူပုန်များက သမ္မတဟောင်း ဆာလေး ပိုင်ဆိုင်သည့် ရုပ်သံလွှင့်ဌာန တစ်ခုကို သိမ်းပိုက်

Monday, 04 December 2017 13:21 font size decrease font size decrease font size increase font size increase font size

ဆာနား ဒီဇင်ဘာ ၃

ယီမင်နိုင်ငံရှိ ဟူသီသူပုန်များသည် မဟာမိတ်ဟောင်းတစ်ဦးဖြစ်သူ သမ္မတဟောင်း ဆာလေးပိုင်ဆိုင်သည့် ရုပ်သံလွှင့်ဌာနတစ်ခုကို သိမ်းပိုက်လိုက်ကြောင်း သိရသည်။

ဟူသီသူပုန်များသည် ဆာနားမြို့တော် တောင်ပိုင်းရှိ အဆိုပါ ရုပ်သံလွှင့်ဌာနကို ဒီဇင်ဘာ ၂ ရက်တွင်ဖြစ်ပွားသည့် အပြန်အလှန် တိုက်ခိုက်မှုများပြီးနောက် သိမ်းပိုက်ခြင်းဖြစ်ကြောင်းနှင့် အသံလွှင့်ရုံမှ ဝန်ထမ်းများကို ထိန်းသိမ်းထားေ ကြာင်း သူပုန်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ မိုဟာမက်အဗ္ဗဒူဆာလမ်က ဆိုသည်။

သမ္မတဟောင်းဆာလေးက နိုင်ငံကိုဟူသီများ၏ အန္တရာယ်မှ ကာကွယ်ရန်အတွက် ၎င်း၏ပါတီကို ထောက်ခံ အားပေးကြရန် လက်နက်ကိုင် တပ်ဖွဲ့ဝင်များ၊ မျိုးနွယ်စုဝင်များနှင့် လုံခြုံရေး တပ်ဖွဲ့များအား Al-Yemen Alyoum ရုပ်သံမှ တစ်ဆင့် ပြောသည့်မိန့်ခွန်းအတွင်း တောင်းဆိုပြီးနောက် ဟူသီသူပုန်များက ယခုကဲ့သို့ အသံလွှင့်ရုံကို တိုက်ခိုက်သိမ်းပိုက်ခြင်းဖြစ်သည်။ ထို့ပြင် ၎င်း၏တောင်းဆိုချက်များကို ဆော်ဒီအာရေဗျ ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့က လက်ခံမည်ဆိုပါက ယီမင်နိုင်ငံသည် သမိုင်းစာမျက်နှာအသစ်ကို ဖွင့်လှစ် နိုင်မည်ဖြစ်ကြောင်း ဆာလေးကဆိုသည်။ ဟူသီသူပုန်များနှင့် ဆာလေးအားသစ္စာခံသည့် လက်နက်ကိုင် တပ်များသည်၂ဝ၁၄ ခုနှစ်တွင် ဆာနားမြို့ကို စီးနင်း သိမ်းပိုက်ပြီးချိန်မှစ၍ အတူပူးပေါင်းကာ ဆော်ဒီအာရေဗျ ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့ကို တိုက်ခိုက်ခဲ့ကြသည်။ ၎င်းတို့၏ တိုက်ခိုက်မှုကြောင့် ယီမင်သမ္မတဟာဒီ သည် နိုင်ငံမှထွက်ပြေးတိမ်းရှောင် သွားရကြောင်း သိရသည်။

Read 403 times Last modified on Monday, 04 December 2017 13:24