SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ဂျေရုဆလင်ကို အစ္စရေးနိုင်ငံ၏ မြို့တော်အဖြစ် သတ်မှတ်ရန် အမေရိကန်၏ စီစဉ်နေမှုကို နိုင်ငံအများအပြား သတိပေး

Wednesday, 06 December 2017 09:36 font size decrease font size decrease font size increase font size increase font size

ဝါရှင်တန် ဒီဇင်ဘာ ၅

ဂျေရုဆလင်ကို အစ္စရေးနိုင်ငံ၏ မြို့တော်အဖြစ် သတ်မှတ်မည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဆုံးဖြတ်ချက်ချမှတ်ရန် စီစဉ်နေမှုနှင့် ပတ်သက်၍ အရှေ့အလယ်ပိုင်းနိုင်ငံများ အပါအဝင် နိုင်ငံအများအပြားကို သတိပေးလိုက်ေ ကြာင်း သိရသည်။ အကယ်၍ အမေရိကန်က ဂျေရုဆလင်ကို အစ္စရေးနိုင်ငံ၏ မြို့တော်အဖြစ် သတ်မှတ်ပါက မကောင်းသော အကျိုးဆက်များသာ ဖြစ်ပေါ်လာမည်ဖြစ်ပြီး မဟာဗျူဟာနှင့် နိုင်ငံရေး အရလက်စားချေမှုများနှင့် ရင်ဆိုင်ရ မည်ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စုရှိ ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့အစည်း (PLO) ရုံးမှထိပ်တန်းတာဝန်ခံ ဟူဆမ်ဇွန်လော့က သတိပေးထားသည်။ ထိုသို့သတ်မှတ်ခြင်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် များစွာ ထိခိုက်စေသည့်အပြင် ဒေသတွင်းတင်းမာမှုများကို ပိုမိုမြင့်တက်စေမည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျ သံအမတ်ကြီး ခါလစ်ဘင် ဆယ်မန်ကပြောသည်။ ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခရွန်ကမူ ဂျေရုဆ လင်နှင့် ပတ်သက်၍ထရမ့်၏ ဆုံးဖြတ်ချက် ချမှတ်နိုင်မှုအပေါ် စိုးရိမ်မကင်းဖြစ်သည်ဟု ပြင်သစ်သမ္မတရုံးမှ တစ်ဆင့်ထုတ်ပြန်ထားသည်။

ထရမ့်အစိုးရ၏ ဆုံးဖြတ်ချက်သည် အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အဟန့်အတား ဖြစ်စေမည်ဖြစ်ပြီး ပါလက်စတိုင်း နိုင်ငံသားများသာမက အာရပ်နိုင်ငံများနှင့် နိုင်ငံတကာကပါ လက်မခံနိုင်ကြောင်း ပါလက်စ တိုင်းသမ္မတ မာမွတ်အာဘတ်က အစောပိုင်းတွင် သတိပေးထားသည်။ ၁၉၄၇ ခုနှစ် နိုဝင် ဘာလတွင် ဂျေရုဆလင်ကို အာရပ်နိုင်ငံနှင့် ဂျူးနိုင်ငံဟူ၍ခွဲခြားပေးထားသည့် နေရာအဖြစ် ကုလသမဂ္ဂက ဆုံးဖြတ်ပေးထားခြင်းဖြစ်သည်။ ရုရှား၊ တရုတ်၊ အိန္ဒိယနှင့် တောင်အမေရိကရှိ နိုင်ငံအများစုအပြင် မူဆလင် နိုင်ငံအများစုက ဂျေရုဆလင်ကို ပါလက်စတိုင်း နိုင်ငံပိုင်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

Read 259 times Last modified on Wednesday, 06 December 2017 09:39