SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ဒမတ်စကပ်မြို့ အနီးရှိ ဆီးရီးယား စစ်စခန်းကို အစ္စရေးက ဒုံးကျည်များဖြင့် ထပ်မံ တိုက်ခိုက်

Wednesday, 06 December 2017 09:36 font size decrease font size decrease font size increase font size increase font size

ဒမတ်စကပ် ဒီဇင်ဘာ ၅

အစ္စရေး တိုက်လေယာဉ်များသည် ဆီးရီးယားနိုင်ငံ၏ မြို့တော် ဒမတ်စကပ် အနီးရှိ စစ်စခန်းတစ်ခုကို ဒီဇင်ဘာ ၄ ရက်ညပိုင်းတွင် ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ထပ်မံပြုလုပ်ကြောင်း နိုင်ငံပိုင် SANA သတင်းဌာနက ဖော်ပြထားသည်။ ဒမတ်စကပ်မြို့မှ အနောက်မြောက်ဘက် ၈ ကီလိုမီတာအကွာ ဂျမ်ရာယာ မြို့ရှိ စစ်စခန်းတစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်သည့် ဒုံးကျည်ခြောက်စင်းအနက် ဒုံးကျည်သုံးစင်းကို ဆီးရီးယား လေကြောင်းရန် ကာ ကွယ်ရေး တပ်ဖွဲ့က ပစ်ချလိုက်နိုင်ကြောင်း အဆိုပါ သတင်းဌာနက ဖော်ပြထားသည်။ အစ္စရေးတို့၏ အဆိုပါ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသည့် ပေါက်ကွဲမှု အသံကြီးကို ဒမတ်စကပ်မြို့ရှိ ပြည်သူများကပါ ကြား ရကြောင်း သိရသည်။ ဂျမ်ရာယာမြို့ရှိ စစ်ဘက်သုတေသန စခန်းသည် ၂ဝ၁၃ ခုနှစ် မေလ ၅ ရက်ကလည်း အစ္စရေးတို့၏ လေကြောင်းမှ တိုက်ခိုက်မှုများကို ခံထားရသည်။ ထိုအချိန်က တိုက်ခိုက်ခြင်းသည် အဆိုပါ စခန်းရှိ ဟစ်ဇဘို လာတို့၏ ဒုံးကျည်များကို ပစ်မှတ်ထား ဖျက်ဆီး ခြင်းဖြစ်သည်ဟု အစ္စရေး စစ်ဘက်ကပြောထားသည်။ လွန်ခဲ့သည့်နှစ်ရက်ကလည်း အစ္စရေးစစ်လေယာဉ်များသည် ဒမတ်စကပ်မြို့ အနောက်တောင်ပိုင်း ကစ်ဆဝယ်မြို့ရှိ ဆီးရီးယား စစ်စခန်းတစ်ခုကို လေကြောင်း မှတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် ဆီးရီးယားလေကြောင်းရန် ကာကွယ်ရေးက အစ္စ ရေးတို့၏ ဒုံးကျည်နှစ်စင်းကို ပစ်ချနိုင်ခဲ့သော်လည်း ကျန်ဒုံးကျည်များက စခန်းကို ထိမှန် သွားကြောင်းနှင့် အဆောက်အအုံများ ပျက်စီးသွားကြောင်း သိရသည်။ အစ္စရေးအစိုးရသည် ၎င်းတို့၏ နယ်စပ်အနီးတွင် အီရန် နိုင်ငံ၏ မည်သည့်လွှမ်းမိုးမှုကိုမျှ လက်မခံကြောင်း အကြိမ်ကြိမ် ပြောထားသည်။ ထို့ပြင် ဆီးရီးယား အစိုးရက လည်း အစ္စရေးသည် ဂိုလန်ကုန်းမြင့်အနီးရှိ သောင်းကျန်းသူများအား ထောက်ပံ့ပေးနေခြင်း ဖြစ်ကြောင်း အကြိမ်ကြိမ် စွပ်စွဲထားသည်။

Read 329 times Last modified on Wednesday, 06 December 2017 09:41