×

Warning

JUser: :_load: Unable to load user with ID: 106
Print this page

ဂျာမနီတွင် မီးရထား နှစ်စင်းတိုက်မိ လူ ၄ဝ ကျော် ဒဏ်ရာရ

Thursday, 07 December 2017 09:42 font size decrease font size decrease font size increase font size increase font size

ဘာလင် ဒီဇင်ဘာ ၆

ဂျာမနီနိုင်ငံရှိ မြောက်ရိုင်း-ဝက်စဖာလီယာ ပြည်နယ်၌ ခရီးသည်တင် မီးရထားတစ်စင်းနှင့် ကုန်တင် ရထားတစ်စင်းတို့ ဝင်တိုက်မိရာ လူ ၄ဝ ကျော် ဒဏ်ရာရရှိသွားကြောင်း Deutsche Bahn မီးရထားကုမ္ပဏီက ထုတ်ပြန်သည်။ အ ဆိုပါ မတော်တဆမှုသည် မီယာဘတ်မြို့အနီး၌ ဒီဇင်ဘာ ၅ ရက် ဒေသစံတော်ချိန်ည ၇ နာရီခွဲတွင် ဖြစ်ပွားခြင်းဖြစ်ပြီး ခရီးသည်တင် မီးရထားပေါ်တွင် လူ ၁၅၅ ဦးလိုက်ပါလာကြောင်း ဒေသတွင်း မီးသတ်တပ်ဖွဲ့ကဆိုသည်။ ယင်းမြို့သည် မြောက်ရိုင်း-ဝက်စဖာလီယာပြည်နယ်ရှိ မြို့များအနက် လူနေအထူထပ်ဆုံးမြို့ တစ်မြို့ဖြစ်သည်။ ဒဏ်ရာရရှိသူများအနက် သုံးဦးမှာ ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေရှိကြောင်း မီးသတ် တပ်ဖွဲ့မှ ထုတ်ပြန်သည့်ကြေညာချက်တွင် ဖော်ပြထားသည်။

မီးရထားတိုက်မိသည့် အကြောင်းရင်းကိုမူ မသိရသေးပေ။ နောက်ပိုင်းတွင် ကယ်ဆယ်ရေး အဖွဲ့များက အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ကြကြောင်း သိရသည်။ သို့သော် မီးရထား မတော်တဆမှုတွင် ခရီးသည် ၂ဝ ခန့်သာ ဒဏ်ရာရရှိသွားသည်ဟု Deutsche Bahn မီးရ ထားကုမ္ပဏီက ထုတ်ပြန်ထားကြောင်း သိရသည်။

Read 297 times Last modified on Thursday, 07 December 2017 09:48