SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

အကျင့်ပျက်မှုဖြင့် ထိန်းသိမ်း ခံထားရသူ အများစုက ဆော်ဒီ အစိုးရအား ငွေကြေးများ ပြန်ပေးရန် သဘောတူ

Thursday, 07 December 2017 09:42 font size decrease font size decrease font size increase font size increase font size

ရီယက် ဒီဇင်ဘာ ၆

ဆော်ဒီအာရေဗျနိုင်ငံ၌ အကျင့်ပျက်မှုဖြင့် ဖမ်းဆီးထိန်းသိမ်း ခံထားရသည့် မင်းသားများနှင့် ထင်ရှားသည့် စီးပွားရေးသမား အများစုသည် ဖမ်းဆီးခံရခြင်းမှ လွတ်မြောက်ရေးအတွက် အစိုးရအား ငွေကြေးများ ပြန်လည်ပေးအပ်ရန် သဘောတူလိုက်ပြီဖြစ်ကြောင်း ဆော်ဒီရှေ့နေချုပ်က ပြောသည်။

ရီယက်မြို့တော်ရှိ ရစ်ကာတိုဟိုတယ်၌ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၁၅၉ ဦးအနက် အများစုသည် ၎င်းတို့ တရားမဝင် ရယူထားသည့် ငွေကြေးများကို နိုင်ငံတော်သို့ ပြန်လည်ပေးအပ်ရန် သဘောတူလိုက်ပြီး ယင်း သဘောတူညီချက် ကို အပြီးသတ် ချမှတ်နိုင်ရန်အတွက် ဆက်လက် လုပ်ဆောင်နေသည်ဟု ရှေ့နေချုပ် ရှိတ်ဆာအွတ်အယ်မိုဂျက်က ဒီဇင်ဘာ ၅ ရက်တွင် ထုတ်ပြန်သည့်ကြေညာချက်၌ ပြောသည်။ ဆော်ဒီအစိုးရသည် လက်ရှိတွင် ထိန်းသိမ်းခံထား ရသူ ၃၇၆ ဦး၏ ဘဏ်ငွေစာရင်းများကို ပိတ်ထားကြောင်း ၎င်းကဆက် ပြောသည်။ ဆော်ဒီအာရေဗျနိုင်ငံ၌ ဆယ်စုနှစ်များစွာကြာ စနစ်တကျ ဖြစ်ပွားခဲ့သည့် ငွေကြေးအလွဲသုံးစားမှုနှင့် လာဘ်ပေးလာဘ်ယူမှုများအတွင်း အစိုးရက အနည်းဆုံး ဒေါ်လာဘီလီယံ ၁ဝဝ ဆုံးရှုံးခဲ့ဖွယ်ရှိသည်ဟု မိုဂျက်ကဆိုသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ယခင်ဆော်ဒီဘုရင်ဟောင်း တစ်ပါး၏ သားဖြစ်သူ မင်းသားမီတက်ဘင်အဗ္ဗဒူလာသည် ထိန်းသိမ်းခံရခြင်းမှ လွတ်ြေ မာက်ရန်အတွက် အာဏာပိုင်များအား ဒေါ်လာ ၁ ဘီလီယံပေးအပ်ရန် သဘောတူခဲ့ကြောင်း သိရသည်။ ဆော်ဒီအစိုးရသည် နိုင်ငံအတွင်းဖြစ်ပေါ်နေသည့် အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်သည့် အနေဖြင့် နိုဝင်ဘာ ၄ ရက်တွင် မင်းသားများ၊ လက်ရှိဝန်ကြီးများနှင့် ဝန်ကြီးဟောင်းများကို အကျင့်ပျက်ခြစားမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ရာ ဖမ်းဆီးခံရသူ ၅ဝဝ ကျော်ရှိသည်ဟု အစိုးရနှင့် နီးစပ်သူများက ပြောသည်။

Read 279 times Last modified on Thursday, 07 December 2017 09:49