×

Warning

JUser: :_load: Unable to load user with ID: 106
Print this page

တရုတ်နိုင်ငံက ကမ္ဘာကြီးအတွက် အခွင့်အလမ်းများကို ပိုမိုဖန်တီးပေးမည်ဟု ရှီကျင့်ဖျင်ပြော

Thursday, 07 December 2017 09:49 font size decrease font size decrease font size increase font size increase font size

ပေကျင်း ဒီဇင်ဘာ ၆

တရုတ်နိုင်ငံသည် ကမ္ဘာကြီးအတွက် အခွင့်အလမ်းကောင်းများကို ပိုမိုဖန်တီးပေးမည့်အပြင် အကြီးမားဆုံး ကူညီ ထောက်ပံ့မှုများကိုလည်း ပေးအပ်သွားမည်ဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ဒီဇင်ဘာ ၆ ရက်တွင်ပြောသည်။ ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် တံခါးဖွင့်စီးပွားရေးကို အမြင့်ဆုံး အခြေအနေအထိ တိုးတက်လာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပိုးလမ်းမစီမံကိန်း အကောင်အထည်ဖော်မှုကို မြှင့်တင်သွားမည် ဖြစ်ကြောင်းနှင့် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးကို တွန်းအားပေးသွားမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၆ ရက်တွင် နိုင်ငံတောင်ပိုင်း ကွမ်ကျိုးမြို့၌ဖွင့်လှစ်သော ၂ဝ၁၇ အနာဂတ်ကမ္ဘာလုံးဆိုင်ရာ ဖိုရမ်သို့ ရှီကျင့်ဖျင်ကပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။ ဆက် လက်ပြီး ကမ္ဘာ့ပြည်သူများ အနေဖြင့် အောင်မြင်မှု၏ရသကို အပြည့်အဝ ခံစားနိုင်စေရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံကလည်း ကမ္ဘာကြီးနှင့် ပိုမိုပေါင်းစည်းပြီး ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို ဆက်လက် ထိန်းသိမ်းသွား မည်ဖြစ်ကြောင်း ရှီကျင့်ဖျင်က ပြောသည်။ တရုတ်နိုင်ငံတွင် စီးပွားရေး အတွက်အခြေ ခံကောင်းများ ရှိနေပြီဖြစ်ကြောင်း၊ ကမ္ဘာကြီးအတွက် တရုတ်နိုင်ငံ၏ တံခါးများကို မည်သည့်အခါမျှ ပိတ်ထားခြင်းမရှိကြောင်း၊ ယခုထက် ပိုမိုဖွင့် လှစ်ပေးသွားဖို့သာ ရှိကြောင်း၊ စီးပွားရေးဝန်းကျင်ကောင်းများ ပိုမိုပွင့်လင်းလာမည် ဖြစ်ကြောင်း ရှီကဆက်ပြောသည်။ ထို့ပြင် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့မှတစ်ဆင့် အခွင့်အလမ်းကောင်းများကို မျှဝေ ခံစားနိုင်ရန်၊ တရုတ် နိုင်ငံ၌ လာရောက် ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်ကြောင်း ရှီကျင့်ဖျင်က ပြောသည်ဟု သိရသည်။

Read 312 times Last modified on Thursday, 07 December 2017 09:56