SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

တရုတ်က ဂျပန်ပင်လယ်တွင် ခရီးဝေးသွား လေတပ်စစ်ရေး လေ့ကျင့်ခန်း ပြုလုပ်

Tuesday, 19 December 2017 09:52 font size decrease font size decrease font size increase font size increase font size

ပေကျင်း ဒီဇင်ဘာ ၁၈

တရုတ်လေတပ်သည် ဒီဇင်ဘာ ၁၈ ရက်တွင် ဂျပန်ပင်လယ်၌ ခရီးဝေးသွား လေတပ်စစ်ရေး လေ့ကျင့်ခန်းကို နောက်ထပ်တစ်ကြိမ် ပြုလုပ်ကြောင်းနှင့် တရုတ်နိုင်ငံ၏ ဒေသတွင်း လွှမ်းမိုးမှုအပေါ် တင်းမာမှုများ မြင့်တက်နေစဉ် တရုတ်(တိုင်ပေ) ဝန်းကျင်တွင်လည်း စစ်ရေးလေ့ကျင့်မှု ထပ်မံပြုလုပ်ခဲ့ကြောင်း သိရသည်။ တရုတ်သည် ပြီးခဲ့သည့်လများအတွင်း ခရီးဝေးသွား လေတပ်စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ကြောင်း၊ အထူးသဖြင့် တရုတ်(တိုင်ပေ) ဝန်း ကျင်တွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း လေတပ်ကထုတ် ဖော်ပြောဆိုသည်။ တရုတ်လေတပ်မှ တိုက်လေယာဉ်များနှင့် ဗုံးကြဲလေယာဉ်များသည် ဂျပန်နိုင်ငံမှ တောင် ကိုရီးယားနိုင်ငံသို့ ခွဲထွက်သော ဆူရှီမာရေ လက်ကြားနှင့် ဂျပန်ပင်လယ်အတွင်းရှိ နိုင်ငံတကာရေပိုင်နက် ဝေဟင်အတွင်း ပျံသန်းမောင်းနှင်ကာ စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ကြောင်း အစီရင်ခံစာ တစ်စောင်တွင် ပြောသည်။

ဂျပန်ပင်လယ်သည် ဂျပန်နိုင်ငံပိုင်မဟုတ်ကြောင်းနှင့် ၎င်းတို့၏ စစ်ရေးလေ့ကျင့်မှုသည် တရားဝင်ဖြစ်ကာ ကျိုးကြောင်းခိုင်လုံမှုရှိကြောင်း တရုတ်လေတပ်မှ ပြောရေးဆိုခွင့်ရှိသူ ရှန်ဂျင်ခယ်က ပြောသည်။ တရုတ် လေတပ်မှ စစ်လေ ယာဉ်ငါးစင်းသည် ကိုရီးယားလေကြောင်းရန် ကာကွယ်ရေး သတ်မှတ်ဇုန်အတွင်းသို့ ဝင် ရောက်လာသည့်အတွက် တိုက်လေယာဉ်များ အရေးပေါ် ပျံတက်သတိပေးခဲ့ရကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်က ပြောသည်။ ထို့ပြင် တရုတ်လေယာဉ်တစ်စင်းသည် ဂျပန်နိုင်ငံ၏ လေကြောင်းရန် ကာ ကွယ်ရေး သတ်မှတ်ဇုန်အတွင်းသို့လည်း ပျံသန်းခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

Read 258 times Last modified on Tuesday, 19 December 2017 09:53